မြန်မာ၊ သို့မဟုတ် ထိုင်းလက်ရွေးစင်အဖြစ် ရှဖီးလ်ယူနိုက်တက်ရဲ့ ကရင်ဘောလုံးသမား ကစားလို

ရန်ကုန်ယူနိုက်တက်နဲ့ စာချုပ်ဖို့နီးစပ်နေတဲ့ ကရင်ဘောလုံးသမား ကလာဟဲက မြန်မာ၊ ဒါမှမဟုတ် ထိုင်း ဘောလုံးအသင်းတို့ရဲ့ လက်ရွေးစင်ကစားသမားအဖြစ် ကစားလိုတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတစ်ခုမှာ မွေးဖွားခဲ့ပြီး အသက် ၁၀ နှစ်သားအရွယ်မှာ အင်္ဂလန်ကို ရောက်သွားခဲ့တဲ့ ကလာဟဲဟာ အင်္ဂလန်က ရှဖီးလ်ယူနိုက်တက်အသင်းရဲ့ ကစားသမားဟောင်းတစ်ဦးလည်း ဖြစ်ပါတယ်။

သူ့ဟာ မြန်မာနဲ့ ထိုင်းနှစ်နိုင်ငံလုံးအတွက် နိုင်ငံ့လက်ရွေးစင်အသင်းတွေမှာ ကစားဖို့ အခွင့်အရေး ရှိနေဆဲ ဖြစ်ပါတယ်။

ဒီနှစ်နိုင်ငံထဲက ဘယ်နိုင်ငံရဲ့ အလံအောက်မှာ ကစားမယ်ဆိုတာကတော့ ထိုင်းနဲ့ မြန်မာ ဘယ်နိုင်ငံက သူ့ကို ပိုပြီး အလိုရှိသလဲဆိုတဲ့အပေါ်မှာလည်း မူတည်နေတယ်လို့ နိုဝင်ဘာ ၁၉ ရက်နေ့က ရန်ကုန်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အင်္ဂလန်မှာနေတဲ့ ကလာဟဲက Skype ကတဆင့် ပြောပါတယ်။

လတ်တလောမှာတော့ ကဟာဟဲဟာ မြန်မာနေရှင်နယ်လိဂ် ကလပ်တစ်ခုဖြစ်တဲ့ ရန်ကုန်ယူနိုက်တတ်နဲ့ စာချုပ်ချုပ်ဖို့ နီးစပ်နေပါတယ်။

နှစ်ဖက်အကြား လစာ၊ လက်မှတ်ထိုးကြေး၊ ပုံရိပ်အသုံးပြုခွင့်ကိစ္စစတဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီချက်တွေ ရရှိပြီးရင် အပြီးသတ် လက်မှတ်ထိုးရေးအတွက် လာမယ့် ရက်ပိုင်းအတွင်းမှာ ဆုံးဖြတ်ချက် ချကြမယ်လို့ ကလာဟဲရဲ့ ကိုယ်စားလှယ် ဦးရဲနိုင်ဝင်းက ပြောပါတယ်။

“စာချုပ်မှာ လက်မှတ်ထိုးဖို့ပဲကျန်တော့တယ်”လို့ သတင်းစာရှင်းလင်းပွဲမှာ Myanmar Special အားကစားအေဂျင်စီ တည်ထောင်သူလည်းဖြစ်သူ ဦးရဲနိုင်ဝင်းက ပြောပါတယ်။

၁၉၉၆ ခုနှစ်မှာ မွေးဖွားခဲ့ပြီး အသက်၂၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကလာဟဲဟာ အင်္ဂလိပ် ချန်ပီယံရှစ် ကလပ် ရှဖီးလ်အသင်းနဲ့ ၂၀၁၅ ခုနှစ်မှာ ပရော်ဖက်ရှင်နယ်စာချုပ် ချုပ်ဆိုပြီးတဲ့နောက် မြန်မာပရိတ်သတ်တွေအကြား ရေးပန်းစားခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။

ကလာဟဲကိုခေါ်ယူဖို့ ရန်ကုန်ယူနိုက်တက်က ပြီးခဲ့တဲ့ ၂၀၁၇ ဘောလုံးရာသီ မစခင်ကတည်းက စိတ်ဝင်စားနေတာ ဖြစ်ပေမယ့် အဲဒီအချိန်တုန်းက အပြောင်းအရွှေ့ဈေးကွက်ပိတ်ဖို့ နီးကပ်ချိန်ရောက်မှ စာချုပ်ကိစ္စ ဆွေးနွေးဖို့ ဆိုင်းပြင်းခဲ့တာကြောင့် အပြောင်းအရွှေ့ မဖြစ်ခဲ့ဘူးလို့ ဦးရဲနိုင်ဝင်းက ပြောပါတယ်။

“(မြန်မာမှာ လာကစားဖို့ ရာသီဥတုကအစ) အရာရာဟာ ခြားနားသွားနိုင်ပါတယ်။ ဒါဟာ ပြဿနာတော့ မဟုတ်ပါဘူး။ ကျွန်တော်ကတော့ ယုံကြည်မှုရှိပါတယ်”လို့ ကလာဟဲက Skype ကတဆင့် ပြောပါတယ်။

တောင်ပံနဲ့ ကွင်းလယ်တိုက်စစ်အားသန်တဲ့ ကရင်လူမျိုးကစားသမား ရန်ကုန်ယူနိုက်တက်ကို ရောက်လာခဲ့ရင် လူစိတ်ဝင်စားမှု လျော့ကျနေတဲ့ မြန်မာနေရှင်နယ်လိဂ်အတွက် ပရိတ်သတ်တွေကို တစ်ဖန်ပြန်လည် စွဲဆောင်နိုင်ဖို့ အခွင့်အရေးလည်းရနိုင်တယ်လို့ ဦးရဲနိုင်ဝင်းက ပြောပါတယ်။

မြန်မာ့လက်ရွေးစင်အသင်းမှာ ကစားနိုင်ဖို့ကတော့ တင်းကြပ်တဲ့ မြန်မာ့ လူဝင်မှု ကြီးကြပ်ရေးဥပဒေကြောင့် အင်္ဂလန်နိုင်ငံကူးလက်မှတ်ကို ကိုင်ဆောင်ထားတဲ့ ကလာဟဲအတွက် လွယ်ကူမှာ မဟုတ်ပါဘူး။

သတင်း-ထွန်းခိုင်

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.