မြန်မာ့ငြိမ်းချမ်းရေးအတွက် အိန္ဒိယနှင့် တရုတ်တို့ ကူညီရန် တရုတ်သတင်းစာ တိုက်တွန်း

အိန္ဒိယနှင့် တရုတ်နိုင်ငံတို့အနေဖြင့် မြန်မာနိုင်ငံအပေါ်တွင် အထက်စီးရရန်အတွက် ၎င်းတို့၏ အချင်းချင်း ရန်မူဆန့်ကျင်လိုသော ခံစားချက်များကို ဘေးဖယ်ကာ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အထောက်အပံ့ပေးသင့်သည်ဟု တရုတ်နိုင်ငံပိုင် နေ့စဉ်သတင်းစာက သြဂုတ် ၃၁ ရက်နေ့တွင် ရေးသားလိုက်သည်။

“အိန္ဒိယနှင့် တရုတ်နိုင်ငံတို့က မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအတွင် ပါဝင်ဆောင်ရွက်လိုကြောင်း ပြီးခဲ့သည့်ရက်များက ထုတ်ဖော်ပြောဆိုခဲ့ကြသည်။ နှစ်နိုင်ငံအနေဖြင့် ၎င်းတို့၏ ရန်မူဆန့်ကျင်လိုသည့် ခံစားချက်များကို ဘေးဖယ်ထားကာ အဆိုပါ လုပ်ငန်းစဉ်အတွက် အတူတကွ ပံ့ပိုးပေးမည်ဟု မေ ျှာ်လင့်ရသည်” ဟု Global Times သတင်းစာက ရေးသားထားသည်။

မြန်မာနိုင်ငံလုံးတွင် ငြိမ်းချမ်းရေးရရှိရန်အတွက် ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်ကာ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစုပင်လုံကို သြဂုတ် ၃၁ ရက်နေ့က စတင်ပြီး နေပြည်တော်တွင် ငါးရက်ကြာ ကျင်းပနေပြီဖြစ်သည်။

ခက်ခဲပြီး ရှည်ကြာမည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အဆိုပါ ညီလာခံက ပထမဆုံး ခြေလှမ်းဖြစ်မည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က မေ ျှာ်လင့်ထားသည်။

မြန်မာအစိုးရကို တိုက်ခိုက်နေသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များမှာ နယ်စပ်ဒေသများတွင် လှုပ်ရှားနေကြသဖြင့် အဆိုပါအဖွဲ့များနှင့် ငြိမ်းချမ်းရေးရရရေးတွင် အိမ်နီးချင်းနိုင်ငံများ၏ ကူညီပံ့ပိုးမှုများကလည်း အရေးပါနေသည်။

အထူးသဖြင့် မြန်မာနိုင်ငံနှင့် ကီလိုမီတာထောင်များစွာ ရှည်လျားသည့် နယ်နိမိတ်ဆက်စပ်နေသည့် အိန္ဒိယနှင့် တရုတ်နိုင်ငံတို့၏ ကူညီပံ့ပိုးမှုများက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အရေးပါလှသည်။

ပြီးခဲ့သည့်လက တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်အတွက် တရုတ်သမ္မတက မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် တရုတ်နိုင်ငံက ကူညီပံ့ပိုးပေးသွားမည်ဟု ကတိပြုခဲ့သည်။

ကချင်ပြည်နည်၊ မိုင်ဂျားယန်တွင် ဇူလိုင်လအတွင်းက ကျင်းပခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၏ ညီလာခံသို့ တက်ရောက်ခဲ့သလို ယခုကျင်းပနေသည့် ပင်လုံညီလာခံသို့လည်း တက်ရောက်နေသည့် တရုတ်အစိုးရ၏ အထူးကိုယ်စားလှယ် Sun Guoxiang သည် အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နှစ်ခုဖြစ်သည့် ဝ နှင့် မိုင်းလားအဖွဲ့တို့အား ပြီးခဲ့သည့် ရက်သတ္တပတ်က တရုတ်မြန်မာ နယ်စပ်တွင် တွေ့ဆုံခဲ့သည်။

ပြီးခဲ့သည့် ရက်သတ္တက သမ္မတဦးထင်ကျော်၏ အိန္ဒိယ ခရီးစဉ်အတွင်းတွင်လည်း မြန်မာအစိုးရ၏ (၂၁) ရာစု ပင်လုံညီလာခံဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဖေါ်ဆောင်နေမှုကို ထောက်ခံကြောင်း အိန္ဒိယ ခေါင်းဆောင်ပိုင်းက ဖော်ပြခဲ့ကြသည်ဟု နှစ်နိုင်ငံ ပူးတွဲ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အား ကူညီမြှင့်တင်ပေးခြင်းသည် အရှေ့တောင်အာရှနိုင်ငံ (မြန်မာနိုင်ငံ) အတွက်သာမက ဒေသတွင်းတစ်ခုလုံး၏ အခြေခံအကျိုးစီးပွားအတွက် လိုအပ်ချက်အရဖြစ်သည်။ ထောက်ခံကြောင်း ကတိပေးပြီးသည့်နောက်တွင် အိန္ဒိယနိုင်ငံအနေဖြင့် အခြားနိုင်ငံများဖြစ်သည့် တရုတ်၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်အတူ မြန်မာနိုင်ငံအား စီးပွားရေးအကူအညီများ မည်သို့ ပေးအပ်နိုင်မည်ကို စဉ်းစားထားရမည်ဖြစ်သည်” ဟု Global Times သတင်းစာက ရေးသားထားသည်။

၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေး ညီလာခံသည် မြန်မာအစိုးရသစ်အတွက် ကြီးမားသည့် အောင်မြင်မှုကြီးဖြစ်သည်ဟု ကျယ်ကျယ်ပြန့်ပြန့် ချီးကျူးထားကြသည်ဟုလည်း ရေးသားထားသည်။

အိန္ဒိယနှင့် တရုတ်နိုင်ငံတို့အနေဖြင့် အချင်းချင်း သံသယဖြစ်နေမှုများကို ရပ်တန့်ကာ ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ မြှင့်တင်ရန်အတွက် အခွင့်အရေးကို အမိအရ ဆုပ်ကိုင်ကြရန် သတင်းစာက တိုက်တွန်းထားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar