မြန်မာနိုင်ငံ၏ ပျောက်ကွယ်နေသော တံခါးများ

ဓါတ်ပုံဆရာ မစ္စတာဂျူလီယံရေးသည် ဆူညံပူပြင်းသည့် ရန်ကုန်မြို့လယ်တွင် စီးပွားရေးပရောဂျက်တစ်ခုအတွက် အလုပ်လုပ်နေစဉ် ပြုပြင်မွမ်းမံများ ပြုလုပ်နေသည့် ဗြိတိသျှကိုလိုနီခေတ် အဆောက်အအုံတစ်လုံး၏ နောက်ကျောဘက်၌ ကျွန်းတံခါးဟောင်းကြီးတစ်ခုကို တွေ့ရှိလိုက်သည်။

“အဲဒီအချိန်က မိုးရွာနေတာ။ ကျွန်တော် ဓါတ်ပုံတစ်ပုံ ရိုက်ယူခဲ့တယ်။ နောက် သုံးလေးရက်လောက်ကြာတော့ ကျွန်တော် ပြန်လာတဲ့အချိန်မှာ တံခါးကို သန့်ရှင်းပြီး ဆေးသုတ်ထားတာ တွေ့ရတယ်။ အခုဆို ဘာမှ မရှိတော့ဘူး” ဟု ရန်ကုန်ရှိ Trish Gallery တွင် ၎င်းက Frontier ကို ပြောကြားသည်။

အဆိုပါ ပုဂ္ဂလိကပိုင် အနုပညာလက်ရာပြခန်းကို မြန်မာနိုင်ငံ၏ အထင်ရှားဆုံး စီးပွားရေးလုပ်ငန်းမိသားစုတစ်ခု၏ မိသားစုဝင်တစ်ဦးဖြစ်သူ မစ္စပက်ထရစ်ရှာပန်းက ၂၀၁၀ ပြည့်နှစ်က တည်ထောင်ခဲ့သည်။ ၁၉၉၀ ပြည့်လွန်နောက်ပိုင်းတွင်  မြန်မာနိုင်ငံသို့ ပြန်မလာမီက မစ္စပက်ထရစ်ရှာပန်းသည် ဟောင်ကောင်တွင် ဆယ်စုနှစ်အတန်ကြာ နေထိုင်ခဲ့သည်။ ၎င်း၏ ပြခန်းတွင် မစ္စတာရေး၏ ကျွန်ုပ်တို့၏ တံခါးဟောင်းများ (Our Old Doors) ဓါတ်ပုံပြပွဲကို စက်တင်ဘာ ၂၉ မှ အောက်တိုဘာလကုန်အထိ ပြသသွားမည်ဖြစ်သည်။

အဆိုပါပြပွဲမှာ Vanishing Portals of Myanmar ဟု ရေးက ခေါ်ဆိုထားသည့် ကာလရှည် စာအုပ်စီမံကိန်းတစ်ခု၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်ဟု ရေးကပြောသည်။ ပြပွဲတွင် ရန်ကုန်၊ ပဲခူး၊ မြစ်ကြီးနားအပါအဝင် မြန်မာနိုင်ငံတစ်ဝန်း မြို့ကြီးမြို့ငယ်များမှ တံခါးများအား ပြသသွားမည်ဖြစ်သည်။

ပြသမည့်တံခါးများတွင် လူနေအိမ်တိုက်တန်းများမှ ခွာယူထားသည့် တံခါးများမှသည် အလယ်ခေတ်ဘုရားများမှ ပွင့်နေသည့် တံခါးများအထိ ပါဝင်သည်။ သို့သော် အများအားဖြင့် ၎င်းကို ဆွဲဆောင်နိုင်သည်မှာ နေ့စဉ်ဘဝ အကြောင်းအရာများထဲ၌ တိမ်မြုပ်နေသည့် အလှတရားဖြစ်သည်ဟု ၎င်းကဆိုသည်။

typeof=

“ဆူညံညစ်ပတ်မှုတွေအလယ်က လမ်းနဲ့ ဆက်စပ်ပြီး လူတွေသတိမပြုမိတဲ့ အရာတွေရဲ့ အလှတရားဆီကို ကျွန်တော့ မျက်လုံးတွေက အမြဲတမ်း ရောက်ရောက်သွားတယ်။ ကျွန်တော်က ဒါတွေကို ခွဲထုတ်ပြီး သူတို့ရဲ့ ပင်ကိုယ်ဂုဏ်ကို ကြည့်တယ်” ဟု ၎င်းကပြောသည်။

တစ်နှစ်ထက် တစ်နှစ်အပူရှိန်နှင့် ရေငွေ့ကြောင့် ပျက်စီးလာသော သက်တမ်းရင့် ရန်ကုန်၏ အဆောက်အအုံများအနက် အများအပြားမှာ ကွန်ဒိုနှင့် ဈေးဝယ်စင်တာကြီးများ တည်ဆောက်ရန် ဖြိုချဖျက်ဆီးခံနေရသည်။ “အချို့နိုင်ငံတွေမှာတော့ တုပ ပြုလုပ်မှုကို ငွေကုန်ကြေးကျခံ လုပ်တယ်။ ဒါပေမယ့် ဒီမှာက သဘာဝအတိုင်းရှိနေတာပဲ” ဟု ရန်ကုန် တရုတ်တန်းရှိ အိမ်တစ်လုံးမှ ရာသီဥတုဒဏ်ခံထားရသည့် တံခါးတစ်ချပ်ကို ညွှန်ပြရင်း ၎င်းကပြောသည်။

“အလွန်ကောင်းတဲ့ သက်ငြိမ်ပန်းချီတစ်ခုကို ဖန်တီးဖို့ဆိုရာမှာ အချိန်နဲ့ရာသီဥတုက တံခါးရဲ့ မူလအချောသပ်မှု အခြေအနေကို ဖော်ပြနေပါတယ်။ ပြန်ဖန်တီးဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ” ဟု ၎င်းကဆိုသည်။ “တစ်ခါတစ်ရံ ခေတ်မီရေးကို တွန်းအားပေးရာမှာ ယုံကြည်မှုတစ်ခု ရှိနေတာက ဟောင်းတိုင်း မကောင်းဘူး။ ဒေသတွင်း အခြားမြို့ကြီးများစွာက သူတို့ အမွေအနှစ်အများစုကို စွန့်ပစ်နေပါတယ်” ဟု မကြာသေးခင်နှစ်များအတွင်း ရန်ကုန်၏ လျင်မြန်သည့် တိုးတက်မှုကို ရည်ညွှန်းရင်း ၎င်းကပြောသည်။

လွန်စွာသေးငယ်သည့် စီမံကိန်းလေးတစ်ခုမှသည် အသစ်မဟုတ်ခြင်း၊ မတောက်ပခြင်းနှင့် ဂန္ထဝင်မြောက် လှပသည့်အရာများ မဟုတ်သည့်တိုင် ၎င်းတို့အား တန်ဘိုးထားရေးအတွက် သင်ယူနိုင်သည်ဟု ၎င်းကမျှော်လင့်ထားသည်။ “ကျွန်တော်တို့ ဒါကို တန်ဘိုးမထားရင် ဒါကို ကျွန်တော်တို့ ဆုံးရှုံးရမှာပါ” ဟု ၎င်းကပြောသည်။

Trish Gallery သည် ရန်ကုန်ရှိ ဒဂုံမြို့နယ် မင်းကျောင်းလမ်းတွင် တည်ရှိပြီး အင်္ဂါနေ့မှ တနင်္ဂနွေနေ့အထိ နံနက် ၉ နာရီမှ ညနေ ၅ နာရီအတွင်း ဖွင့်လှစ်ထားသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.