မြန်မာနိုင်ငံ၏ ပထမဆုံး 4G ကွန်ယက်ကို အူရီဒူး စတင်၊ မြို့ကြီးသုံးမြို့တွင် အသုံးပြုနိုင်

ရန်ကုန်၊ မေ ၂၁

မြန်မာနိုင်ငံအတွက် ပထဆုံးဖြစ်သည့် 4G မိုဘိုင်းကွန်ယက်ကို အူရီဒူးက မေ ၂၁ ရက်တွင် စတင်လိုက်ပြီဟု ကြေညာလိုက်ပြီး မြန်မာနိုင်ငံ၏ မြို့ကြီးသုံးမြို့တွင် စတင်သုံးနိုင်နိုင်ပြီဟု ဆိုသည်။

အူရီဒူး၏ မြန်နှုန်းမြင့် 4G ကွန်ယက်ကို ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်မြို့များတွင် စတင်သုံးဆွဲနိုင်မည်ဖြစ်သည်။ နေပြည်တော်မြို့နယ်များ၏ ၈၈ ရာခိုင်နှုန်း၊ ရန်ကုန်မြို့နယ်များ၏ ၅၀ ရာခိုင်နှုန်းနှင့် မန္တလေးမြို့၏ ၁၀၀ ရာခိုင်နှုန်းတွင် အဆိုပါကွန်ယက်ကို အသုံးပြုနိုင်မည်ဖြစ်သည်ဟု အူရီဒူးမြန်မာ၏ အမှုဆောင်အရာရှိချုပ် Rene Meza က မေ ၂၀ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

“မြန်မာအစိုးရက လှိုင်းနှုန်း (Spectrum) ပိုမိုခွင့်ပြုချက် ပေးလိုက်တာနဲ့အမ ျှ ကျွန်တော်တို့က ကွန်ယက် ဆက်လက်ချဲ့ထွင်မှာ ဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။

“အခုက အစပဲ ရှိပါသေးတယ်။ ရှေ့လျောက် အချိန်ယူပြီး ဝန်ဆောင်မှုများကို ဆက်လက်ချဲ့ထွင်သွားကာ တိုးတက်အောင် ဆောင်ရွက်သွားမှာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့က ပိုမိုရင်းနှီးမြှုတ်နှံဖို့ အသင့်ဖြစ်နေပြီး ပိုမိုမြန်ဆန်လှတဲ့နှုန်းနဲ့ ပိုမိုများပြားတဲ့ သုံးဆွဲသူများကို ဝန်ဆောင်မှုပေးဖို့ စောင့်မေ ျှာ်နေပါတယ်” ဟု ၎င်းကပြောသည်။

သို့သော် ရန်ကုန်နှင့် နေပြည်တော်တို့ရှိ မည်သည့်မြို့နယ်များတွင် 4G စနစ်အား အသုံးပြုနိုင်မည်ဟု ၎င်းကပြောကြားခြင်းမရှိပဲ မကြာမီ ကြေညာသွားမည်ဟုသာ ပြောကြားသည်။

ယခုနှစ် ဧပြီလအထိ အူရီဒူးက မြန်မာနိုင်ငံလူဦးရေ ၈၅ ရာခိုင်နှုန်းကို လွှမ်းခြုံထားပြီးဖြစ်သည်ဟု ဆိုသည်။ လက်ရှိအချိန်အထိ တစ်နိုင်ငံလုံးတွင် တာဝါတိုင်ပေါင်း ၃,၄၀၀ ခန့် စိုက်ထူထားပြီးဖြစ်သည့်အနက် ၂၅ ရာခိုင်နှုန်းခန့်မှာ 4G စနစ်အတွက် အဆင်သင့်ဖြစ်နေပြီဟု Rene Meza ကပြောသည်။

ယခုနှစ် ဧပြီလအထိ အူရီဒူးအသုံးပြုသူ ၇ ဒသမ ၁ သန်းရှိပြီဖြစ်ကာ ၈၅ ရာခိုင်နှုန်းမှာ နေ့စဉ်အင်တာနက်အသုံးပြုသူများဖြစ်ကြသည်ဟု သိရသည်။

အူရီဒူးအသုံးပြုသူများအနေဖြင့် လက်ရှိ ဆင်းကတ်များဖြင့်ပင် 4G စနစ်အား ပြောင်းလဲအသုံးပြုနိုင်မည်ဖြစ်ကာ ဖုန်းခေါ်ဆိုခနှင့် အင်တာနက်ဈေးနှုန်းများ ပြောင်းလဲခြင်းရှိမည်မဟုတ်ကြောင်း ၎င်းကပြောကြားသည်။

မြန်မာ့မိုဘိုင်းဖုန်းဆက်သွယ်ရေးလုပ်ငန်းတွင် အစိုးရပိုင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (အမ်ပီတီ)က လက်ဝါးကြီးအုပ်ထားမှုကို ပြီးဆုံးစေရန်အတွက် မိုဘိုင်းဖုန်းအော်ပရေတာ လိုင်စင်နှစ်ခု ချထားပေးရန်၂၀၁၃ ခုနှစ်တွင် မြန်မာအစိုးရက  နိုင်ငံတကာတင်ဒါ ခေါ်ဆိုခဲ့သည်။ ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် နော်ဝေနိုင်ငံမှ တယ်လီနောနှင့် ကာတာနိုင်ငံမှ အော်ရီဒူးတို့အား တယ်လီကွန်းလိုင်စင်များ ချထားပေးခဲ့သည်။

ထိုအချိန်မှ စတင်ပြီး နိုင်ငံတွင်း မိုဘိုင်းဖုန်း ပျံနှံမှုနှုန်း တရှိန်ထိုးမြင့်တက်လာခဲ့ရာ ယခင် ၉ ဒသမ ၅ ရာခိုင်နှုန်းမှ ၂၀၁၅ ခုနှစ်အကုန်တွင် ၇၇ ဒသမ ၇ အထိ ရောက်ရှိသွားခဲ့သည်။

ထို့ပြင် အစိုးရက စတုတ္ထမြောက် မိုဘိုင်းအော်ပရေတာအဖြစ် ဗီယက်နမ်နိုင်ငံမှ Viettel နှင့် ပြည်တွင်းလုပ်ငန်းများ ပူးပေါင်းထားသည့် လုပ်ငန်းစုကို လိုင်စင်ထုတ်ပေးရန်လည်း ပြင်ဆင်နေသည်။

သတင်း-ဆန်းဦး

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.