မြင်းခြံ၌ ဒေါ်လာ သန်း ၃၀၀ တန် ဓာတ်အားပေးစက်ရုံတည်ဆောက်ရန် စင်ကာပူ Sembcorp နှင့် အစိုးရသဘောတူ

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံအနီးတွင် အမေရိကန်ဒေါ်လာ သန်း ၃၀၀ တန် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံအား တည်ဆောက်၊ လည်ပတ်၊ လွှဲပြောင်း (ဘီအိုတီ) စနစ်ဖြင့် လုပ်ကိုင်ရန်အတွက် စင်ကာပူနိုင်ငံမှ Sembcorp Industries က လ ျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် သဘောတူညီခဲ့သည်။

အဆိုပါဘီအိုတီသဘောတူညီချက်အား လ ျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထိန်လွင်နှင့် Sembcorp ၏ အမှုဆောင်ဒုဥက္ကဋ္ဌဖြစ်သူ Mr Tan Cheng Guan တို့က နေပြည်တော်တွင် ဇန်နဝါရီ ၁၈ ရက်နေ့က လက်မှတ်ရေးထိုးခဲ့သည်ဟု ကုမဏီ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဘဘောတူညီချက်အရ ၂၂၅ မဂ္ဂါဝပ်ရှိ ဓာတ်အားပေးစက်ရုံကို Sembcorp Myingyan Power Co. က ၂၂ နှစ်ကြာ စီမံခန့်ခွဲ လည်ပတ်ပြီးနောက် မြန်မာအစိုးရထံ လွှဲပြောင်းပေးအပ်မည်ဖြစ်သည်။

စက်ရုံမှ ထွက်ရှိသည့် ဓာတ်အားများကို အစိုးရထံ ရောင်းချရေးအတွက် ကာလရှည် ဓာတ်အားဝယ်ယူရေး သဘောတူညီချက်ကို ပြီးခဲ့သည့်နှစ် မတ်လက လက်မှတ်ရေးထိုးပြီးနောက် ဆက်လက်ဖြစ်ပေါ် တိုးတက်မှု ဖြစ်သည်။

အစိုးရပိုင် မြင်းခြံသံမဏိစက်ရုံအနီးတည်ဆောက်မည့် အဆိုပါ ဓာတ်အားပေးစက်ရုံသည် လာမည့်နှစ်အတွင်း ပြီးစီးမည်ဖြစ်သည်။ စတင်လည်ပတ်ချိန်တွင် မြန်မာ၏ အကြီးဆုံးသော သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံဖြစ်လာမည်ဖြစ်ကာ တိုင်းပြည်အတွက် လိုအပ်နေသော လ ျှပ်စစ်ဓာတ်အားကို ဖြည့်ဆည်းပေးမည် ဖြစ်သည်။

ဘီအိုတီသဘောတူညီချက်အတွက် လက်မှတ်ရေးထိုးနိုင်ခြင်းမှာ စီမံကိန်းအတွက် အရေးပါသော မှတ်တိုင်တစ်ခုဖြစ်သည်ဟု Sembcorp Group ၏ ဥက္ကဋ္ဌဖြစ်သူ Mr Tang Kin Fei ကပြောကြားသည်။

“ကူညီပံ့ပိုးပေးမှုတွေအတွက် မြန်မာအစိုးရကို ကျေးဇူးတင်ပါတယ်။ တိုင်းပြည်ရဲ့ အခြေခံအဆောက်အဦးတွေ ဖွံ့ဖြိုးတိုးတက်မှုအတွက် အရှိန်မြှင့်တင်ဖို့ အစိုးရရဲ့ စိတ်ပိုင်းဖြတ်ထားမှုတွေက ကျွန်တော်တို့ကို စိတ်အား တက်စေပါတယ်” ဟု ၎င်းကပြောကြားသည်။

“စွမ်းအင်လိုအပ်ချက် တိုးပွားလာမှုကို ကျွန်တော်တို့က ကူညီဖြည့်စွမ်းပေးနိုင်မှာပါ။ အထူးသဖြင့် မန္တလေးမှာ ဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ တိုးတက်မှုကို ထောက်ကူပေးနိုင်ပြီး မြန်မာပြည်သူတွေရဲ့ဘဝကို ပိုမိုကောင်းမွန်လာစေမှာ ဖြစ်ပါတယ်” ဟု ၎င်းကပြောကြားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar