မော်လမြိုင်၌ အလုပ်အကိုင်ပြပွဲ ကျင်းပ

အလုပ်အကိုင်အခွင့်အလမ်း ရှာဖွေသူများနှင့် အလုပ်လိုလားသူများတွက် အလုပ်ရှင်များက သင့်တော်သည့် အလုပ်သမားများအား တနေရာတည်းတွင် ရွေးချယ်ခန့်အပ်နိုင်ရေးအတွက် မွန်ပြည်နယ်အလုပ်အကိုင် အခွင့်အလမ်းပြပွဲ ၂၀၁၈ ကို မော်လမြိုင်တွင် ဖေဖော်ဝါရီ ၃ ရက်နှင့် ၄ ရက်နေ့များက ကျင်းပခဲ့သည်။

Swisscontact၊ Swiss Agency for Development and Cooperation (SDC) နှင့် ရွေးချယ်ထားသည့် ပုဂ္ဂလိကကုမ္ပဏီတို့က ပူးပေါင်းစီစဉ် ကျင်းပသည့် အဆိုပါပွဲသို့ အလုပ်အကိုင်ရှာဖွေသူပေါင်း ၅၀၀ ခန့် တက်ရောက်ခဲ့ပြီး ကုမ္ပဏီပေါင်း ၃၀ မှ အလုပ်အကိုင်အခွင့်အလမ်းနှင့် လူတွေ့အင်တာဗျူးခွင့်များ ရရှိခဲ့သည်ဟု Swisscontact က သတင်းထုတ်ပြန်ခဲ့သည်။

ပါဝင်သည့် အလုပ်အကိုင် အမျိုးအစားများမှာ မိုဘိုင်းဖုန်းနှင့် ဆက်သွယ်ရေး ဝန်ဆောင်မှုပေးရေးလုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်း၊ အသေးစား ငွေရေးကြေးရေးလုပ်ငန်း၊ စူပါမားကတ်၊ ဝန်ဆောင်မှု လုပ်ငန်းများ၊ ပြည်ပ အလုပ်အကိုင်ဆိုင်ရာလုပ်ငန်း၊ ကုန်ပစ္စည်းဖြန့်ဖြူးရေးလုပ်ငန်းများ၊ စက်ရုံနှင့် ဆက်စပ်သည့် လုပ်ငန်းတို့ ပါဝင်သည်ဟုလည်း ဖော်ပြထားသည်။

ပြီးခဲ့သည့် နှစ်အတန်ကြာမှစ၍ မော်လမြိုင် အပါအဝင် မွန်ပြည်နယ်တွင်းရှိ အခြားဒေသများတွင် Swisscontact နှင့် IOM တို့ကဲ့သို့ နိုင်ငံတကာ NGO များနှင့် အများပြည်သူနှင့်သက်ဆိုင်သည့် ကျေးလက်အခြေပြု အသက်မွေးဝမ်းကျောင်း ကျွမ်းကျင်မှု အတတ်ပညာသင်တန်းများကို သင်တန်းသား အများအပြားအား ပို့ချပေးပြီးဖြစ်သည်ဟုဆိုသည်။ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေနိုင်ရန်နှင့် အလုပ်အကိုင်ဈေးကွက်ထဲသို့ ဝင်နိုင်မည့် ကျွမ်းကျင်မှု အတတ်ပညာများတတ်မြောက်ရန် ပို့ချပေးနေသည့် အဆိုပါ သင်တန်းများမှ သင်တန်းသူ၊ သင်တန်းသားများက ဤအလုပ်အကိုင်အခွင့်အလမ်းပြပွဲသို့ တက်ရောက်ပြီး အလုပ်အကိုင်အခွင့်အလမ်း ပေးနိုင်မည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.