Episode 90: ကရင်ပြည်နယ် ထုံးကျောက်တောင်များ ဖောက်ခွဲမှုကြောင့် ဒေသခံတို့စိုးရိမ်ပူပန်နေ

ကရင်ပြည်နယ်မှာရှိတဲ့ ထုံးကျောက်တောင်တွေကို သတ္တုတွင်းကုမ္ပဏီတွေက ဖောက်ခွဲမှုတွေကြောင့် ဒေသခံတွေက သူတို့မှီခိုနေတဲ့ မြစ်တွေ၊ ရေကန်တွေနဲ့ သစ်တောတွေအတွက် စိုးရိမ်မှုတွေရှိနေပါတယ်။ ကြီးမားတဲ့ မိုင်းလုပ်ငန်းတွေက တောင်တွေနားမှာနေထိုင်သူတွေကို အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးပေမဲ့ ဒါတွေဟာ သဘာဝသယံဇာတတွေ၊ လူနေမှုဘဝတွေ၊ ဓလေ့ထုံးတမ်းတွေကို ဖျက်ဆီးနေတယ်လို့ ဒေသခံတချို့က ပြောဆိုကြပါတယ်။ ဒီတစ်ပတ်မှာတော့ မိတ်ဖက်မီဒီယာဖြစ်တဲ့ KIC နဲ့ ဒို့အသံတို့ဟာ ကရင်ပြည်နယ်ကို သွားရောက်ပြီး မိုင်းလုပ်ငန်းတွေနဲ့ စက်ရုံတွေကြောင့် သက်ရောက်မှုတွေရှိနိုင်တဲ့ ဒေသခံတွေနဲ့တွေ့ဆုံကာ ဒီလုပ်ငန်းတွေကြောင့် သူတို့ ဘာအကျိုးကျေးဇူးတွေ ရရှိသလဲ။ ဘာတွေဆုံးရှုံးရနိုင်သလဲ၊ တိုးတက်မှု ဘာတွေရှိနိုင်မလဲဆိုတာတွေကို မေးမြန်းခဲ့ပါတယ်။