“မောင်တောကျဆုံးသွားပြီ”ဟု ဦးဝီရသူပြောကြား၊ စစ်အုပ်ချုပ်ရေး တောင်းဆို

ရန်ကုန်

“မောင်တောကျဆုံးသွားပြီ” ဟု အမျိုးသားရေးလှုပ်ရှားသူ ဦးဝီရသူက ပြောကြားလိုက်ပြီး စစ်အုပ်ချုပ်ရေးကြေညာပေးရန်လည်း တောင်းဆိုခဲ့သည်။

မတည်ငြိမ်မှုများဖြစ်ပွားနေသည့် ရခိုင်ပြည်နည်အရေးအား ကိုင်တွယ်ဖြေရှင်းမှုများနှင့် ပတ်သက်ပြီး အစိုးရနှင့် လွှတ်တော်ကိုလည်း ၎င်းက ပြစ်တင်ဝေဖန်ခဲ့သည်။

မူဆလင်မုန်းတီးရေးနှင့် ပတ်သက်ပြီး အငြင်းပွားဖွယ် ဟောပြောပို့ချ ရေးသားမှုများကြောင့် လူသိများလာသည့် ဦးဝီရသူသည် ၎င်းအား တရားဟောခွင့် တစ်နှစ်ပိတ်ပင်ထားသည့် သံဃမဟာနာယကအဖွဲ့၏ ဆုံးဖြတ်ချက်ကို အံတုပြီး ရန်ကုန်မြို့လယ်၊ မြို့တော်ခန်းမရှေ့၌ သြဂုတ် ၃၀ ရက်နေ့ မွန်းလွဲပိုင်းက ပြုလုပ်သည့် ဟောပြောပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပရိသတ် ၁၀၀ ကျော်ခန့် လာရောက်နားထောင်ခဲ့သည့် အဆိုပါဟောပြောပွဲတွင် “မောင်တောကျဆုံးသွားပြီ” ဟု ဦးဝီရသူက ထည့်သွင်းပြောကြားသွားခြင်းဖြစ်ကာ “မောင်တောမြို့ကြီး ကျဆုံးခံမလား။ စစ်အုပ်ချုပ်ရေး ပြဌာန်းမလား။ ကြိုက်တာရွေး”ဟုလည်း ဒေါ်အောင်ဆန်းစုကြည်အစိုးရနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အမတ်များကို သတိပေးခဲ့သည်။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်မြို့နယ်များကို အရေးပေါ်အခြေအနေ ကြေညာပြီး စစ်ဖက်အုပ်ချုပ်ခွင့်ရရန် အစိုးရကို တင်ပြခဲ့သော်လည်း မအောင်မြင်သေးကြောင်း တပ်မတော်က နေပြည်တော်တွင် ထုတ်ဖော် ပြောကြားအပြီး နောက်တစ်ရက်တွင် ကျင်းပသည့် ထိုဟောပြောပွဲတွင် ဦးဝီရသူက စစ်အုပ်ချုပ်ရေးကို ထပ်မံတောင်းဆိုခြင်းလည်းဖြစ်သည်။

“ရခိုင်ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်နိုင်တာ၊ ဘင်္ဂါလီတွေကို လိမ္မာအောင် ဆုံးမနိုင်တာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တယောက်တည်း ရှိတယ်”ဟု ဦးဝီရသူက ပြောဆိုခဲ့သည်။

dsc_3863_lo_res.jpg

 title=

title=

သို့သော် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေကကတော့ “မြို့ပေါ်မှာတော့ ဘူးသီးတောင်၊ မောင်တောမှာတော့ အစိုးရအနေနဲ့ ထိန်းသိမ်းနိုင်တဲ့ အနေအထားရှိပါပြီ” ဟု သြဂုတ် ၂၉ ရက်နေ့ကပြောကြားထားသည်။

ဒါဇင်ပေါင်းများစွာသော အစိုးရကင်းစခန်းများ တိုက်ခိုက်ခံရမှုနှင့် အရပ်သားများ သေဆုံးခဲ့ရသည့် မြန်မာပြည် အနောက်ပိုင်း မတည်မငြိမ်မှုတွင် ပါဝင်ခဲ့သည့် တိုက်ခိုက်ရေးသမားများကို NGO နှင့် INGO တချို့က ဖောက်ခွဲရေး၊ လက်နက်နှင့် နည်းပညာများ ထောက်ပံ့ခဲ့သည်ဟုလည်း ဦးဝီရသူက စွပ်စွဲခဲ့သည်။

“INGO တွေ ခင်ဗျားတို့ မောင်တောကနေ ချက်ခြင်းထွက်သွားပါ။ ခင်ဗျားတို့က UN (ကုလသမဂ္ဂ) ဝိတ်နဲ့လာပြီး မောင်တောကို လာဖျက်ဆီးတဲ့ အကြမ်းဖက်သမားတွေပဲ”ဟု ဦးဝီရသူက စွပ်စွဲခဲ့သည်။

စင်ပေါ်တွင် ဟောပြောနေသည့် ဦးဝီရသူက “INGO” ဟု အော်လိုက်ချိန်တွင် သူ၏ ဟောပြောမှုများကို လာရောက်နားထောင်ကြသည့် စင်အောက်မှသူများက “Get Out (ထွက်သွား)” ဟု အော်ဟစ် အားပေးခဲ့ကြသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသတွင် တိုက်ခိုက်နေသည့် ARSA တွင် အစိုးရမဟုတ်သောအဖွဲ့အစည်း (NGO နဲ့ INGO) များက ဝန်ထမ်းအချို့လည်း ပါဝင်ပတ်သက်နိုင်သည်ဟု ပြည်ထဲရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက သြဂုတ် ၂၉ ရက်နေ့က ပြောကြားခဲ့ခြင်းဖြစ်သည်။

သတင်း-ထွန်းခိုင်

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar