မြန်မာပြည်မှာ အင်အားပြင်းငလျင်လှုပ်ခတ်တာကြောင့် လူအများအပြားသေဆုံးပြီး ပျက်စီးဆုံးရှုံးမှုတွေကလည်း ကြီးမားပါတယ်။ တစ်လနီးပါးကြာလာပြီဖြစ်တဲ့တိုင် ဘယ်လောက်ထိပျက်စီးဆုံးရှုံးမှုအခြေနေဖြစ်ခဲ့သလဲဆိုတာကို ပြည်သူတွေ သေချာ မသိရကြပါဘူး။ စစ်ကောင်စီက မီဒီယာတွေကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားတာကြောင့် ပြန်လည်ထူထောင်ရေးမှာလည်း အချိန်နဲ့တစ်ပြေးညီ ယုံကြည်စိတ်ချရတဲ့ သတင်းတွေရရှိဖို့ ခက်ခဲနေပါတယ်၊
ဒီတစ်ပတ်မှာတော့ မြေပြင်ရောက်နေတဲ့ သတင်းထောက်နှစ်ဦးရဲ့ အတွေ့အကြုံတွေ၊ အခက်အခဲတွေကို အသံမှတ်တမ်းအဖြစ် နားဆင်ရမှာဖြစ်ပါတယ်။ ဒို့အသံဟာ မြန်မာနိုင်ငံတဝန်းက လူ့အခွင့်အရေးအခြေအနေတွေကို တင်ဆက်ပေးနေတဲ့ အပတ်စဉ် ပေါ့ဒ်ကတ်အစီအစဉ် ဖြစ်ပါတယ်။ ဒို့အသံအစီအစဉ်ကို အလှူရှင်အဖွဲ့အစည်းတွေက ပံ့ပိုးပေးမှုနဲ့အတူ ဖရွန်တီးယားမြန်မာနဲ့ မြန်မာနိုင်ငံတစ်ဝန်းက မိတ်ဖက်မီဒီယာတွေ ပူးပေါင်းတင်ဆက်ထားတာဖြစ်ပါတယ်။