မန္တလေးဆီဒိုနားကို Hilton Mandalay အဖြစ် ပြောင်းလဲဖွင့်လှစ်မည်

မန္တလေးမြို့တွင် ဖွင့်လှစ်ထားသည့် Sedona Hotel Mandalay ကို Hilton Mandalay အဖြစ် အမည်ပြောင်းလဲကာ ယခုနှစ် စတုတ္ထသုံးလပတ်အတွင်း ဖွင့်လှစ်သွားမည်ဖြစ်သည်။

“ဆုတံဆိပ်တွေ ပိုင်ဆိုင်ထားတဲ့ဟိုတယ်ကို မြန်မာနိုင်ငံရဲ့နောက်ဆုံးမင်းဆက် အုပ်ချုပ်ခဲ့ပြီး ဒုတိယအကြီးဆုံးဖြစ်တဲ့ မန္တလေးမြို့မှာ ဖွင့်လှစ်ခွင့်ရရှိတဲ့အတွက် ကျွန်တော်တို့ အရမ်းပဲ စိတ်လှုပ်ရှားမိပါတယ်” ဟု Hilton ဟိုတယ်အုပ်စု၏ အာရှပစိဖိတ်ဒေသဆိုင်ရာ ဒုတိယဥက္ကဋ္ဌ Sean Wooden က ပြောကြားသည်။ 

မြန်မာနိုင်ငံတွင် သုံးခုမြောက် Hilton ဟိုတယ်ဖြစ်လာမည့် အဆိုပါဟိုတယ်အား စီမံခန့်ခွဲလုပ်ကိုင်ရန်အတွက် ပြည်တွင်းရှိ Eden ကုမ္ပဏီလုပ်ငန်းစု၏ လက်ခွဲ ကုမ္ပဏီတစ်ခုဖြစ်သည့် Eden Hotels and Resorts နှင့် သြဂုတ် ၂၄ ရက်နေ့က လက်မှတ်ရေးထိုးခဲ့သည်ဟု Hilton ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မန္တလေးမြို့၏ အချက်အချာဖြစ်သည့် မန္တလေးနန်းတော်နှင့် မျက်နှာချင်းဆိုင်တွင် တည်ရှိမည့် Hilton Mandalay တွင် အခန်းပေါင်း ၂၃၁ ခန်းပါဝင်မည်ဖြစ်ကာ အခမ်းအနားများ ကျင်းပနိုင်သည့် ခန်းမ၊ Business Centre၊ ရေကူးကန်၊ ကျန်းမာရေးလုပ်ရန်နေရာနှင့် Spa တို့ ပါဝင်မည်ဟု ဆက်လက်ဖော်ပြထားသည်။

“မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ ယဉ်ကျေးမှုမြို့တော်ဖြစ်တဲ့ မန္တလေးမှာ အခုလိုဟိုတယ်ဖွင့်လှစ်လိုက်ခြင်းက ဒီမြို့ရဲ့ တိုးတက်မှုအပေါ် ယုံကြည်ကြောင်း ပြသလိုက်ခြင်းဖြစ်ပါတယ်” ဟု Hilton ဟိုတယ်လုပ်ငန်းစု၏ အာရှနှင့် သြစတြေးလျဈေးကွက်ကို တာဝန်ယူလုပ်ကိုင်နေသည့် ဖွံ့ဖြိုးရေးဆိုင်ရာအကြီးတန်းဒုက္ကဋ္ဌ Guy Philips က သတင်းထုတ်ပြန်ချက်ထဲတွင် ပြောကြားထားသည်။

“အခုလို Hilton Mandalay ဟိုတယ်ကို ဧဒင်အုပ်စုနဲ့ အတူတွဲလုပ်ခွင့်ရတာ ကျွန်တော်တို့ အများကြီးပဲ ဝမ်းသာဂုဏ်ယူပါတယ်” ဟု ၎င်းကဆက်လက်ပြောကြားသည်။

ကမ္ဘာ့တိုက်ကြီး ၆ ခြောက်တွင် ဟိုတယ်အလုံးပေါင်း ၅၇၀ ကျော် ဖြန့်ကျက်ထားသည့် Hilton Hotels and Resorts က မြန်မာနိုင်ငံတွင် ငပလီနှင့် နေပြည်တော်တို့တွင် ဟိုတယ်များ ဖွင့်လှစ်ထားပြီးဖြစ်သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.