ဘီဘီစီ ခေါင်းစဉ်သတင်းတွေကို Frontier Myanmar ဝက်ဘ်ဆိုက်မှာ ဖတ်နိုင်ပြီ

ဘီဘီစီက မြန်မာနိုင်ငံတွင် ပထမဆုံးအဖြစ် ဘီဘီစီမြန်မာပိုင်း ဝက်ဘ်ဆိုက်ဖြစ်သည့် bbc.com/Burmese က တင်ဆက်နေသော နောက်ဆုံးရသတင်းများ၏ သတင်းခေါင်းစဉ်များကို Frontier Myanmar ဝက်ဘ်ဆိုက်၏ မြန်မာပိုင်း ပင်မစာမျက်နှာတွင် ဖတ်ရှုနိုင်ပြီဖြစ်သည်။ ယင်းဝက်ဘ်ဆိုက်တွင် ဖော်ပြသည့် ဘီဘီစီသတင်းခေါင်းစဉ် ၁၀ ခုမှတဆင့် သတင်းအပြည့်အစုံကိုလည်း ဆက်လက် ဖတ်ရှုနိုင်မည် ဖြစ်သည်။

ဘီဘီစီမြန်မာပိုင်း ဌာနမှူး ဦးမင်းထက်က ‘‘ကျွန်တော်တို့အနေနဲ့ Frontier Myanmar လို ထူးခြားတဲ့ မီဒီယာအဖွဲ့အစည်းမျိုးကတဆင့် ကျွန်တော်တို့ရဲ့ သတင်းနဲ့ အစီအစဉ်တွေဟာ ပရိသတ်တွေဆီ ပိုမိုရောက်ရှိနိုင်မှာ ဖြစ်တဲ့အတွက် တကယ်ပဲ ဝမ်းမြောက်ဝမ်းသာ ဖြစ်မိပါတယ်။ ဒီသတင်းခေါင်းစဉ် ၁၀ ပုဒ်အပြင် ကျွန်တော်တို့ ဝက်ဘ်ဆိုက်ကို ပရိသတ်တွေ ရောက်လာတဲ့အခါမှာလည်း ဒီနေ့ခေတ်မှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေအပေါ် အထူးဆောင်းပါးနဲ့ သုံးသပ်ချက်တွေကိုလည်း ဖတ်ရှုနိုင်ကြမှာ ဖြစ်ပါတယ်။ ဒါ့အပြင် တချို့သတင်းနဲ့ အစီအစဉ်တွေကို ဗီဒီယိုရော၊ အသံအနေနဲ့ပါ နားဆင်ရှုစားနိုင်ကြမှာ ဖြစ်ပါတယ်’’ ဟု ပြောကြားသည်။

Frontier Myanmar ၏ အမှုဆောင်အရာရှိချုပ် ဦးဆန်နီဆွေကလည်း ‘‘Frontier Myanmar အနေနဲ့ ပြီးခဲ့တဲ့ နှစ်နှစ်ခွဲအတွင်း မြန်မာနိုင်ငံရဲ့ သတင်းမှန်တွေကို တင်ဆက်နိုင်အောင် ကြိုးစားခဲ့ရာမှာ အခုဆိုရင် ‘မြန်မာနိုင်ငံရဲ့ ပြတင်းပေါက်’ တစ်ခုအနေနဲ့ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုကို ရရှိလာပြီ ဖြစ်ပါတယ်။ ဒီလိုမျိုး နိုင်ငံတကာက အသိအမှတ်ပြုမှု ရရှိလာတဲ့ Frontier အနေနဲ့ နိုင်ငံတကာ မီဒီယာကြီးတစ်ခုဖြစ်တဲ့ BBC နဲ့ ပူးပေါင်းလုပ်ကိုင်ခွင့်ရရှိမှုအပေါ် ဝမ်းသာ ဂုဏ်ယူမိပါတယ်။ ဒါဟာ Frontier အတွက်သာမက စာဖတ်သူတွေ အားလုံးအတွက် အကျိုးရှိစေမယ့် ပူးပေါင်းဆောင်ရွက်မှု ဖြစ်မယ်လို့လည်း ယုံကြည်ပါတယ်။ ရှေ့ဆက်ပြီးတော့လည်း BBC နဲ့ ပိုမိုပူးပေါင်း လုပ်ဆောင်သွားနိုင်မယ်လို့ မျှော်လင့်ပါတယ်’’ ဟု ပြောကြားပါသည်။

More stories

Related stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.