ဗျူရိုကရေစီစနစ်အတွင်း ပြုပြင် ပြောင်းလဲမှုအား စီမံခန့်ခွဲခြင်း

ပြောင်းလဲမှု စီမံခန့်ခွဲရေးဆိုင်ရာ “ဆင့်ကဲချဉ်းကပ်မှု” တစ်ရပ်က အစိုးရစနစ် ပြုပြင်ပြောင်းလဲမှုဆိုင်ရာ စိန်ခေါ်မှုများအတွက် လက်တွေ့ကျသော ဖြေရှင်းချက်တစ်ရပ်ဖြစ်သည်။

ဟင်းနရစ်ဒါဟမ် ရေးသားသည်။

အစိုးရစနစ်ပြုပြင်ပြောင်းလဲခြင်းအား ကြောက်စရာကောင်းသော လုပ်ငန်းတာဝန်တစ်ရပ်အဖြစ် ကျယ်ကျယ် ပြန့်ပြန့် နားလည်ထားကြသည်။ ဤလုပ်ငန်းစဉ်သည် အလွန်ကြီးမားသော စိန်ခေါ်မှုများကို ကိုယ်စားပြုလေ့ ရှိပြီး ထိုသို့သော ပြုပြင်ပြောင်းလဲမှုကို စီမံခန့်ခွဲရန်အတွက် ခိုင်မာသော စွမ်းဆောင်ရည်နှင့် လုပ်ငန်းကျွမ်း ကျင်မှုတို့ကိုလည်း လိုအပ်သည်။ ဤလုပ်ငန်းစဉ်မှာ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်ကို စတင်ရန်အတွက် အလွန်ပင် မနိုင်ဝန်ဖြစ်သည်ဟု ထင်မြင်ယူဆဖွယ်ဖြစ်သည်။

ထို့ကြောင့် ခက်ခဲကြာမြင့်၍ အန္တရာယ်များသည့် အဖွဲ့အစည်းပိုင်းဆိုင်ရာ ပြန်လည်တည်ဆောက်မှုအစား အလျင်အမြန် အတည်ပြုနိုင်သည့် မူဝါဒပြုပြင်ပြောင်းလဲမှုများအပေါ် ဇောင်းပေးခြင်းကို ဆောင်ရွက်လိုကြ သည်။ သို့သော် နိုင်ငံတော်အဆင့်နှင့် ဒေသန္တရအဆင့်တို့တွင် မူဝါဒပြုပြင်ပြောင်းလဲမှုများကို လက်တွေ့ ဖော်ဆောင်နိုင်သည့် ထိရောက်အကျိုးရှိသော အစိုးရစနစ်တစ်ရပ်မရှိပါက အောင်မြင်သော မူဝါဒရေးရာ ပြုပြင်ပြောင်းလဲမှုများလည်း ရှိလာမည်မဟုတ်ပေ။

မြန်မာနိုင်ငံရှိ ပြဿနာ၏ အခရာကျသောအပိုင်းမှာ စိန်ခေါ်မှုဆိုင်ရာ သဘောသဘာဝနှင့် ယင်းတို့ကို တုံ့ပြန်ရန် လိုအပ်သော နိုင်ငံရေးနှင့် အဖွဲ့အစည်းပိုင်းဆိုင်ရာ စွမ်းဆောင်ရည်အကြား ကိုက်ညီမှုမရှိခြင်းပင် ြ ဖစ်သည်။ မြန်မာအစိုးရ၏ အဖွဲ့အစည်းအများစုတွင် ရင်ဆိုင်နေရသော စိန်ခေါ်ချက်များကို ရင်ဆိုင်ဖြေရှင်းရန် လိုအပ်သော နိုင်ငံရေးနှင့် ဖွဲ့စည်းပုံဆိုင်ရာစွမ်းဆောင်ရည်များ မရှိသလောက် နည်းပါးနေသည်။ မြန်မာနိုင်ငံတွင် အပြောင်းအလဲအတွက် အခြေအနေများမှာ အခြားသောနိုင်ငံများစွာတွင် အောင်မြင်ခဲ့သည့် တစ်ကြိမ်တည်း တိုက်ရိုက်အသွင်ကူးပြောင်းခြင်းများ ပေါ်ပေါက်စေရန်အတွက် လုံလောက်သော အခြေအနေများ မဟုတ်ပေ။ ၎င်းတွင် အလုပ်လုပ်ဟန်များ လုံးဝဥသုံ အသွင်ကူးပြောင်းသွားသော ဖြစ်စဉ်တစ်ရပ်ပါဝင်နေပြီး အစိုးရအဖွဲ့များတွင် များပြားလုံလောက်သော ရင်းမြစ်များ၊ နိုင်ငံရေးအရ ထောက်ခံမှုများနှင့် အဓိက ပါဝင်ပတ်သက်သူများ ဝင်ရောက်ဆောင်ရွက်နိုင်စေရန် ဆောင်ရွက်ပေးခြင်းတို့ ရှိနေစေရန် လိုအပ်ပေသည်။ အစိုးရဌာနများက ရင်ဆိုင်ကြုံတွေ့နေရသော စိန်ခေါ်ချက်များကို ကိုင်တွယ်ဖြေရှင်းနိုင်ရန်နှင့် အလိုရှိ နှစ်သက်သော စံပုံစံတစ်ရပ်ကို တစ်ဆင့်တည်းတွင် လက်တွေ့ ဖော်ဆောင်နိုင်စေရန် ယခုကဲ့သို့ လိုအပ်ခြင်းပင်ဖြစ်ပေသည်။

သို့သော် အခြားအာရှနိုင်ငံများ၏ အတွေ့အကြုံများအရ ပြောင်းလဲမှုကို ထိန်းသိမ်းရန်လိုအပ်သော စွမ်းဆောင်ရည်နှင့် ကျွမ်းကျင်မှုတို့အား အစိုးရအဖွဲ့များက ၎င်းတို့ကိုယ်တိုင် စွမ်းဆောင်နိုင်သည့် အနေ အထားထက် ပိုမိုကျော်လွန်နေသည့် ပြောင်းလဲမှုများအား ဆောင်ရွက်ရန် မကြိုးစားသမျှ ကာလပတ်လုံး၌ ပြောင်းလဲမှုဖြစ်စဉ် အတွင်းတွင်ပင် ဖော်ဆောင်ဖွံ့ဖြိုးစေနိုင်သည်ကို တွေ့ရှိခဲ့ရသည်။

ဤသို့ဆိုပါက ကျရှုံးရန် အန္တရာယ်တစ်ရပ်နှင့် သိသိသာသာကြုံတွေ့ရနိုင်သည့် အလွန်အမင်း ပြင်းထန်၍ ရည်မှန်ချက်ကြီးမားလွန်းသော ပြောင်းလဲမှုလုပ်ငန်းစဉ်အား လုပ်ကိုင်ဆောင်ရွက်ခြင်းထက် မြင့်မားသော စွမ်းဆောင်ရည်ရရှိရေးကို ကြိုးပမ်းနေသည့် အစိုးရအဖွဲ့များက ပြောင်းလဲမှုဖြစ်စဉ်အတွက် “ဆင့်ကဲချဉ်းကပ်မှု” တစ်ရပ်ကို ရွေးချယ်နိုင်သည်။ ပြောင်းလဲမှုစီမံခန့်ခွဲရေးဆိုင်ရာ ဤချဉ်းကပ်မှုတွင် လက်တွေ့ကျသည့် အသေးစား ဖြေရှင်းချက်များသည် ကြီးမား၍ ဆန်းသစ်တီထွင်မှုရှိသော အကြံဉာဏ်များထက် အသုံးဝင် နိုင်သည်ဆိုသော အယူအဆအပေါ် အာရုံပြုထားသည်။

ပြောင်းလဲမှု စီမံခန့်ခွဲရေးဆိုင်ရာ ဤချဉ်းကပ်မှုသည်လည်း အေဂျင်စီများက ပုံမှန်ဆိုသလို မကြာခဏ ဖော်ဆောင်ပေးသည့် ရှည်ကြာသော လုပ်ငန်းစဉ်တစ်ရပ်ကို လိုအပ်သည်။ ၎င်းတွင် လက်တွေ့ဖော် ဆောင်ရန်အတွက် အဖွဲ့အစည်းပိုင်းနှင့် နိုင်ငံရေးပိုင်းဆိုင်ရာ စွမ်းဆောင်ရည်များစွာ မလိုအပ်သည့်အပြင် စိန်ခေါ်မှုလည်း နည်းပါးသော ရည်မှန်းချက်များဖြစ်သည့် တိုတောင်းသော ကာလတစ်ခုအတွင်းမှ စီမံခန့်ခွဲနိုင်သော ပြောင်းလဲမှုရည်မှန်းချက်များကို ဖော်ဆောင်ခြင်းအားဖြင့် ပြုပြင်ပြောင်းလဲရေး၏ သင့်တော်မှု အရှိဆုံးသောအဆင့်တွင် အလုပ်လုပ်ခြင်းဖြင့် စတင်ပေသည်။

မဖြစ်မနေ ဆောင်ရွက်ရမည့် ပြုပြင်ပြောင်းလဲမှုများအား သိသာကွဲပြားသော အဆင့်များအဖြစ်သို့ ခွဲခြား ကြည့်နိုင်ပြီး အဆင့်တစ်ခုခြင်းစီအား နောက်အချိန်၌ ကြုံတွေ့ရမည့် အဟန့်အတားကို ကိုင်တွယ် ဖြေရှင်းရာတွင် အသုံးပြုမည့် စွမ်းရည်သစ်များ ဖန်တီးခြင်းနှင့် လက်ငင်းကြုံတွေ့ရမည့် စိန်ခေါ်ချက်တစ်ရပ်အား ကျော်လွှားခြင်းအားဖြင့် နောက်တစ်ဆင့်အတွက် အခြေခံများချမှတ်ရန် ရည်ရွယ် ပိုင်းခြားခြင်း ဖြစ်သည်။ ဤဆောင်ရွက်မှု၏ အားသာချက်မှာ နောက်လာမည့်အဆင့် တစ်ဆင့်ခြင်းစီအား ဆောင်ရွက်ခြင်းမပြုမီတွင် စွမ်းရည်တည်ဆောက်ခွင့် ရရှိစေခြင်းပင်ဖြစ်သည်။ ထို့ကြောင့် တိုးတက်မှုများ ရှိစေပြီး ပြုပြင်ပြောင်းလဲမှု ကြိုးပမ်းချက်ကို ရပ်တန့်စေမည့် လုံလောက်သော အကြောင်းတရားများ ဖြစ်လာမည့် စိန်ခေါ်ချက်တစ်ရပ် တစ်လေကိုမျှ မပေါ်ပေါက်စေနိုင်ပေ။ အဆင့်တစ်ဆင့်ခြင်းစီအား စီမံခန့်ခွဲနိုင်သည့်အရာများကို စီမံခန့်ခွဲရန် တည်ဆောက်ထားစဉ်တွင် နောက်တစ်ဆင့်အတွက် စီမံခန့်ခွဲရန် လိုအပ်သောစွမ်းရည်အား လက်တွေ့ အကောင်အထည် ဖော်နိုင်စေသည်။ လှည့်ကွက်တစ်ခုမှာ ရည်မှန်းချက်ကြီးမားရန်နှင့် လက်တွေ့ကျရန်ပင် ဖြစ်သည်။ ဤနည်းအားဖြင့် လက်ငင်းရည်မှန်းချက်များသည် အောင်မြင်လိုသည့် ပြင်းပြသော စိတ်ထားရှိပြီး စေ့စပ်သည့် အပေးအယူလုပ်မှုတစ်ရပ်အဖြစ် ကိုယ်စားမပြုသော်လည်း လက်ရှိကာလအား ရေရှည်အနာဂတ်နှင့် ချိတ်ဆက်ရန် နည်းလမ်းတစ်ရပ် ဖြစ်သည်ဆိုသည်ကိုမူ နားလည်စေမည်ဖြစ်သည်။

ဆင့်ကဲချဉ်းကပ်မှုသည် စနစ်အသစ်တစ်ရပ် ဖန်တီးခြင်းကို ပေါ်ပေါက်စေနိုင်သော်လည်း ပြောင်းလဲမှုအား ထိရောက်စွာ လက်တွေ့ဖော်ဆောင်ခြင်းအတွက် အသက်တမျှအရေးကြီးသော အကြောင်းတရားတစ်ရပ်မှာ ကြီးမြတ်သော ခေါင်းဆောင်မှုပင် ဖြစ်သည်။ အောင်မြင်မှုမှာ မှန်ကန်စွာရွေးချယ်ထားသောသူများဖြင့် မှန်ကန်သော ကနဦးဆောင်ရွက်ချက်များအား မှန်ကန်စွာ အစီအစဉ်တကျ ကျင့်သုံးနိုင်မှုရှိခြင်း အပေါ်တွင် မူတည်နေသည်။

မြန်မာနိုင်ငံရှိ အရပ်ဖက် အုပ်ချုပ်ရေးတွင် ထိုသို့သောလုပ်ငန်းစဉ်ကို ဦးဆောင်မည့် လုပ်ငန်းကျွမ်းကျင်မှုနှင့် အမျှော်အမြင်များရှိသောသူ အနည်းငယ်သာ ရှိနေသည်။ အနည်းငယ်မျှသော ဗျူရိုကရက်များတွင်သာ မြောက်များလှစွာသော လုပ်ငန်းတာဝန်များရှိနေခြင်း၏ အကျိုးရလဒ်တစ်ခုပင် ဖြစ်ပေသည်။ ထို့ကြောင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်အား အဆင့်အားလုံးရှိ ဗျူရိုကရေစီယန္တယား အတွင်းတွင် စွမ်းရည် တည်ဆောက်ခြင်းနှင့်အတူ ဆင့်ကဲဆောင်ရွက်ရမည်ဖြစ်သည်။ အထူးသဖြင့် ပြည်သူများနှင့် ကြားခံဖြစ်နေသည့် အလယ်အလတ်အဆင့်နှင့် အောက်ခြေအဆင့်များတွင်ပင်ဖြစ်သည်။

ပြည်သူ့ဝန်ထမ်းများအနေဖြင့် ပြောင်းလဲမှုကို စီမံခန့်ခွဲရန်အတွက် စိတ်ပိုင်းဆိုင်ရာအရ သက်တောင့်သက်သာရှိပြီး အပြည့်အစုံ ပြင်ဆင်ဆောင်ရွက်ပေးထားသည်ဟု ခံစားရမှသာလ ျှင် အဟန့်အတားများ ပျက်ပြယ်သွားမည်ဖြစ်ကာ

မွမ်းမံသင်တန်းအများစုမှာ ဘာသာရပ်တစ်ခုခု သို့မဟုတ် ခေါင်းစဉ်တစ်ခုခုအပေါ်တွင် အာရုံပြုနေခြင်းမှာ အရေးပါသည်မှန်သော်လည်း စနစ်ပိုင်းဆိုင်ရာပြောင်းလဲမှုနှင့် အသွင်ကူးပြောင်းမှုတို့ကို ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ဆက်စပ်သည့် သတင်းအချက်အလက်နှင့် အကူအညီများ မရှိသလောက် နည်းပါးခြင်းလည်း ရှိနေပြန်ပေသည်။ ပြည်သူ့ဝန်ထမ်းများမှာ ဤကိစ္စရပ်များ ဖြေရှင်းရန်အတွက် အထီးကျန် ကျန်ခဲ့ကြရပြီး သေချာတည်ငြိမ်မှုမရှိသည့် ဟန်ချက်မညီသော ကြိုးပမ်းမှုများအား ရှောင်ရှားစေနိုင်သေည်။ ဥပမာ – စွမ်းဆောင်ရည်တိုးမြှင့်ရန်နှင့် မိမိတို့လုပ်ငန်းများကို ပြန်လည်သတ်မှတ်ရန်တို့တွင် လူပုဂ္ဂိုလ်များ ပါဝင်လာစေမည့်နည်းလမ်းများ ဖော်ဆောင်ခြင်းပင် ဖြစ်သည်။ ထိုသို့သောမွမ်းမံသင်တန်းအား တိုက်ရိုက် အကျိုးသက်ရောက်မှုရှိစေသည့်အပြင် ထိရောက်မှုလည်း တိုးမြှင့်ပေးသည့် လုပ်ငန်းခွင်ပိုင်းဆိုင်ရာ စီမံချက်များဖြင့် ချိတ်ဆက်ထားရန် လိုအပ်သည်။ သင်တန်းသားများအား ချဉ်းကပ်မှုအသစ်များကို လက်တွေ့အသုံးချရန်နှင့် ကျွမ်းကျင်တတ်မြောက်မှုကို စမ်းသပ်ရန်တို့အတွက် လက်တွေ့လုပ်ငန်းခွင် အတွေ့အကြုံများကို ပေးအပ်နေစဉ်တွင် ၎င်းတို့အား လုပ်ငန်းကျွမ်းကျင်မှုအသစ်များ သင်ကြားပေးနိုင်စွမ်းသည် လိုက်နာလက်ခံသောစိတ်ဓာတ်မှ တက်ကြွစွာ စီမံခန့်ခွဲသော စိတ်ဓာတ်ဆီသို့ ပြောင်းလဲပေးခြင်းအတွက် မရှိမဖြစ်လိုအပ်သောအရာဖြစ်သည်။

ပြောင်းလဲမှု စီမံခန့်ခွဲရေးအစီအစဉ်တစ်ရပ်အား ဆောင်ရွက်နေသည့်အချိန်နှင့် တစ်ပြိုင်နက်တည်းတွင် အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်ဆိုင်ရာ စိန်ခေါ်မှုတစ်ရပ်မှာ အရှိန်အဟုန် ပြန့်သွားခြင်းပင်ဖြစ်သည်။ ပြည်သူ့ဝန်ထမ်းများမှာ ၎င်းတို့၏လုပ်နည်းလုပ်ဟန်ကို ပြောင်းလဲသွားမည် မဟုတ်သောကြောင့်ပင်ဖြစ်သည်။ လူသားအရင်းအမြစ် စီမံခန့်ခွဲရေးနည်းလမ်းများ၊ အဖွဲ့အစည်းဖွဲ့စည်းပုံများနှင့် နည်းပညာစနစ်များမှာ အဖွဲ့တစ်ဖွဲ့အတွင်းသို့ လုပ်ငန်းကိစ္စများ ဆောင်ရွက်ရန် နည်းလမ်းသစ်များကို ထာဝရ ချိတ်ဆက်ပေးနိုင်ပေသည်။ သို့သော် အဖွဲ့တွင်း ဓလေ့စရိုက်ကိုပြင်ဆင်ရန် ပျက်ကွက်ခြင်းက ဆက်လက်ကိုင်ဆွဲသွားမည့် ယခင် ဆုံးဖြတ်ချက်ချမှတ်မှုနှင့် လှုပ်ရှားမှုပုံစံကို ခွင့်ပြုပေးသွားပေလိမ့်မည်။ ထို့ကြောင့် အဖွဲ့တွင်း ဓလေ့အား အသွင်းကူးပြောင်းမှုအပေါ် အထောက်အကူပြုရေးနှင့် ကိုက်ညီမှုရှိစေရန်အတွက် လုပ်ငန်းခွင်တွင် ဖြစ်ပွားနိုင်သည်များနှင့် ဖြစ်ပွားသင့်သည်များကို မဖြစ်မနေ ဆောင်ရွက်ရမည်ဖြစ်သည်။

ကောင်းမွန်သော သာဓကတစ်ခုမှာ ဗဟိုချုပ်ကိုင်မှုလျော့ချခြင်းအား ဆန့်ကျင်ခြင်းပင် ဖြစ်သည်။ မူဝါဒသစ်များမှ သိသာထင်ရှားသော ပြောင်းလဲမှုများကို ဆောင်ကျဉ်းလာမည့်အရေးသာမက မိမိတို့လက်အောက်ရှိ ဝန်ထမ်းများအပေါ် ယုံကြည်မှုမရှိသောအရေးနှင့် ထိန်းချုပ်မှုကို စွန့်လွှတ်ရမည့်အကြံအား ၎င်းတို့သဘောတူရမည့် အရေးတို့အပေါ် ဗျူရိုကရက်များအကြား စိုးရိမ်ပူပန်မှုဖြစ်နေခြင်းက ထိုသို့သော ဗဟိုချုပ်ကိုင်မှု လျော့ချရေးလုပ်ငန်းစဉ်များကို လက်တွေ့ အကောင်အထည်ဖော်ခြင်းအား အဟန့်အတားဖြစ်စေသည်။

ပြည်သူ့ဝန်ထမ်းများသည် ပြောင်းလဲမှု၏ အကြောင်းအချက်အား သိမြင်နိုင်ပြီး ထိုသို့သော ပြောင်းလဲမှုကို သဘောတူမှသာလျင် ၎င်းတို့၏ ပုံသေအတွေးအခေါ်အား ပြောင်းလဲပေလိမ့်မည်ဖြစ်သည်။ အနိမ့်ဆုံး အဆင့်အနေဖြင့် တစ်စုံတစ်ရာ ကြိုးပမ်းဆောင်ရွက်ရန် လုံလောက်သော အခွင့်အရေးပေးလေ့ရှိသည်။ အဖွဲ့အစည်းနှင့် သက်ဆိုင်သော ဖွဲ့စည်းပုံများ (ဥပမာ – ဆုလာဘ်နှင့် အသိအမှတ်ပြုသောစနစ်များ) သည်လည်း အမူအကျင့်အသစ်များဖြင့် ဟန်ချက်ညီရမည်ဖြစ်သည်။ ပြည်သူ့ဝန်ထမ်းများအနေဖြင့် ပြောင်းလဲမှုကို စီမံခန့်ခွဲရန်အတွက် စိတ်ပိုင်းဆိုင်ရာအရ သက်တောင့်သက်သာရှိပြီး အပြည့်အစုံ ပြင်ဆင်ဆောင်ရွက် ပေးထားသည်ဟု ခံစားရမှသာလျင် အဟန့်အတားများ ပျက်ပြယ်သွားမည်ဖြစ်ကာ ဗဟိုချုပ်ကိုင်မှု လျော့ချခြင်းကိုလည်း စိတ်အားထက်သန်မှုများဖြင့် လက်တွေ့အကောင်အထည်ဖော်ခြင်းအား စတင်ပေလိမ့်မည်။

အဆုံးတွင် ပြောင်းလဲမှုစီမံခန့်ခွဲရေးဆိုင်ရာ ဆင့်ကဲချဉ်းကပ်မှုမှာ လက်တွေ့ကျသော ချဉ်းကပ်မှုတစ်ရပ် ဖြစ်ယုံမျှသာမက အုပ်ချုပ်ရေး အဆင့်တစ်ရပ်သို့ ရွေ့လျားရန် လိုအပ်နေသည့် အမူအကျင့်များ၊ ဓလေ့များ၊ လုပ်နည်းလုပ်ဟန်များ၊ စနစ်များနှင့် အုပ်ချုပ်ရေးရှိ ပြောင်းလဲမှုတစ်ရပ်အား အားပေးမြှင့်တင်သည့် အချိန်နှင့် တစ်ပြိုင်နက်တည်းတွင် လျင်မြန်သော အောင်မြင်မှုများကို ဆောင်ကျဉ်းပေးမည့် ထိရောက်သော ချဉ်းကပ်မှုတစ်ရပ်လည်း ဖြစ်သည်။

အစိုးရပြုပြင်ပြောင်းလဲမှုများသည် သီးခြားဖြစ်တည်ခြင်း မရှိဆိုသည်ကို သတိပြုရန်မှာလည်း အရေးကြီးသည်။ ၎င်းတို့သည် တစ်နိုင်ငံလုံးနှင့် ပြည်သူများအားလုံးအပေါ် အကျိုးသက်ရောက်မှု ရှိသောကြောင့်ဖြစ်သည်။ ထိုသို့သောအသွင်ကူးပြောင်းမှုသည် နိုင်ငံသားများအား အစိုးရပြောင်းလဲမှု ရလဒ်တစ်ခုအဖြစ် လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ရမည့် ပြောင်းလဲမှုများကို အောင်မြင်စွာ ပြင်ဆင်ပြုလုပ်နိုင်ရန်အတွက် အဆင်သင့်ဖြစ်နေသောအနေအထား၊ ဆောင်ရွက်လိုစိတ်ရှိသော အနေအထားနှင့် ဆောင်ရွက်နိုင်စွမ်းရှိသော အနေအထားတို့တွင် ထားရှိရမည်ဖြစ်သည်။ နိုင်ငံသားများကလည်း အစိုးရနှင့်အတူ ၎င်းတို့ကိုယ်၎င်းတို့ အသွင်ကူးပြောင်းလိုသော စိတ်အားတက်ကြွမှုရှိစေရန် ဆောင်ရွက်ရမည်ဖြစ်သည်။ 

မြောက်များလှစွာသော ပြုပြင်ပြောင်းလဲမှုဆိုင်ရာ ကနဦးဆောင်ရွက်ချက်များသည် လူပုဂ္ဂိုလ်များက အစိုးရအဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံမည့်နည်းလမ်းအတွက် အခြေခံကျသော ပြောင်းလဲမှုတစ်ရပ်အဖြစ် ကိုယ်စားပြုနေသည်။ ဖြစ်ရပ်တော်တော်များများတွင် နိုင်ငံသားများ၌ ၎င်းတို့ဘဝများအပေါ် အကျိုးသက် ရောက်နေသည့် ဆုံးဖြတ်ချက်များ ချမှတ်ခြင်းတွင် ပိုမိုတက်ကြွစွာပါဝင်ဆောင်ရွက်ရန် အခွင့်အလမ်း တစ်ရပ်ရှိနေသည်။ အစိုးရတစ်ခုတည်းမှသာ ထိတွေ့ဆက်ဆံလိုစိတ် ရှိရမည်မဟုတ်ဘဲ အရပ်ဖက် လူမှုအဖွဲ့အစည်းများနှင့် လူထုတစ်ရပ်လုံးထံမှ စစ်မှန်သော တောင်းဆိုမှုတစ်ရပ်လည်း ဖြစ်ရမည် ဖြစ်သည်။ အဆင့်အမျိုးမျိုးရှိ လူပုဂ္ဂိုလ်များတွင် ထိတွေ့ဆောင်ရွက်လိုစိတ် ရှိရမည်ဖြစ်သကဲ့သို့ တစ်ဦးနှင့်တစ်ဦးလည်း မဖြစ်မနေ ထိတွေ့ဆက်ဆံရမည်ဖြစ်သည်။ ထိုသို့မဟုတ်ပါက မှားယွင်းမှုတစ်စုံတစ်ရာ ပေါ်ပေါက်နိုင်ပြီး ပြောင်းလဲမှုကြောင့် ရှိလာမည့် အန္တရာယ်ကလည်း သိသိသာသာ မြင့်တက်လာပေလိမ့်မည်။

ဒေသန္တရအဆင့်ရှိ ပြည်သူပါဝင်မှုရှိသော စီမံကိန်းရေးဆွဲခြင်းဖြင့် ဆောင်ရွက်သည့် ပထမဆုံးသော ရှေ့ပြေး စီမံချက်များတွင် ပြည်သူများသည် အစိုးရနှင့် ထိတွေ့ဆက်ဆံရန်နှင့် အကြံဉာဏ်များအား ပွင့်ပွင့်လင်းလင်း ဖော်ပြရန် တွန့်ဆုတ်မှုရှိနေကြောင်း တွေ့ရှိခဲ့ရသည်။ နှစ်ပေါင်းများစွာကြာ ဖိနှိပ်ခဲ့ခြင်းနှင့် အတွေးအခေါ်ပိုင်းဆိုင်ရာ ချုပ်ချယ်ကန့်သတ်မှုများ၏ အကျိုးဆက်များမှာ အနာဂတ်အတွက် တက်ကြွစွာ စီမံကိန်း ရေးစွဲနိုင်စွမ်းအပေါ် အကန့်အသတ်တစ်ရပ် ဖြစ်စေခြင်းပင်ဖြစ်သည်။

နိုင်ငံရေးယုံကြည်မှုမှာ မြန်မာနိုင်ငံ၏ ရှားပါးကုန်ဖြစ်နေသောကြောင့် အလျော်အစားများလွန်းလှသည်။ မြန်မာ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်အတွက် အကြီးမားဆုံးသောစိန်ခေါ်မှုတစ်ရပ်မှာ နိုင်ငံတော်နှင့် ပြည်သူများအကြား ယုံကြည်မှု ပြန်လည်တည်ဆောက်ခြင်းပင် ဖြစ်သည်။ ပြောင်းလဲမှုစီမံခန့်ခွဲရေး မဟာဗျူဟာတစ်ရပ်သည် ယုံကြည်မှု တည်ဆောက်ခြင်းအား အထောက်အကူပြုနိုင်ပြီး နိုင်ငံသားများကိုလည်း ၎င်းတို့၏ အခန်းကဏ္ဍအသစ်အတွက် ပြင်ဆင်ခြင်းကို အထောက်အကူပြုစေသည်။ ပြောင်းလဲမှုများအကြောင်းအား ၎င်းတို့ထံ အသိပေးခြင်းမှာ လုံလောက်မှုမရှိပေ။ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်၏ ပါဝင် ဆောင်ရွက်သူများဟူသော ၎င်းတို့၏ အခန်းကဏ္ဍသစ်အတွင်းသို့ တိုးတက်ရောက်ရှိစေမည့် နည်းလမ်း တစ်ရပ်နှင့်အတူ အထောက်အကူပေးရမည်ဖြစ်သည်။

မြန်မာအစိုးရဌာနများသည် ပဟေဠိဆန်သောနေရာများ ဖြစ်နိုင်ပေသည်။ သို့သော် ၎င်းတို့ကိုပြုပြင် ပြောင်းလဲခြင်းအတွက် အဖြေများမှာမူ ပဟေဠိဆန်ခြင်းမရှိပေ။ အောင်မြင်သောပြောင်းလဲမှုများ ဖြစ်ပေါ်နိုင်ချေရှိပြီး အောင်မြင်သော ပြောင်လဲမှုစီမံခန့်ခွဲရေး နည်းစနစ်များကို ရရှိနေသည်ဆိုသည်တို့အား အသိအမှတ်ပြုရန် လိုအပ်သည်။ ဤနည်းလမ်းများသည် အလားအလာရှိသောအန္တရာယ်များကို လေ ျှာ့ချနိုင်ပြီး အစိုးရအတွက် ကိုယ်စားပြုသည့် အရေးပါသောပြုပြင်ပြောင်းလဲမှုအတွက် ရက်စက် ကြမ်းကြုတ်သူများစွာ၏ အန္တရာယ်မှလည်း လျော့ပါးသွားစေမည်ဖြစ်သည်။ သို့သော် ယင်းတို့မှာလည်း လိုတရဆေးများ မဟုတ်သကဲ့သို့ ခုခံငြင်းဆန်သော အကျိုးသက်ရောက်မှုများ အားလုံးကို တားဆီးပေးမည် မဟုတ်ပေ။

အောင်မင်း ဘာသာပြန်သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar