ဖယ်ခုံရှိ ကျေးရွာများမှ စိုက်ပျိုးရေးထွက်ကုန်များ ဈေးကွက်ဝင်နိုင်ရန် ဆောင်ရွက်နေ

ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်ရှိ ကျေးရွာများမှ စိုက်ပျိုးရေးထွက်ကုန်များအား မှန်ကန်သည့် စိုက်ပျိုးနည်းစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်ထားကြောင်း အသိအမှတ်ပြုသည့် Good Agricultural Practices (GAP) လက်မှတ်များရရှိရန် ဆောင်ရွက်နေကြောင်း သိရသည်။

ဖယ်ခုံမြို့နယ် အထက်ဖူးလောကျေးရွာ၏ ရွာမိရွာဖတစ်ဦးဖြစ်သူ ဦးမြချိုက “ရွေ့ပြောင်းတောင်ယာလုပ်ငန်းက အဆင်မပြေတော့တဲ့အတွက် နနွင်း၊ ဂျင်း စတဲ့ အပင်တွေ ပြောင်းစိုက်ဖို့ စီစဉ်နေပါတယ်။ လတ်တလော အနေအထား အရ တောင်သူတွေဆီကို ကိုယ်တိုင်လာရောက ်ဝယ်ယူမယ့်သူ မရှိသေးတဲ့အတွက် ဈေးကွက်ကိုမဖောက်နိုင်ဘူး။ ဒါကြောင့် စိုက်ပျိုးဖို့ စိတ်ဝင်စားမှု အားနည်းနေပါတယ်။ အခုလို အလှူရှင် BAT မြန်မာနဲ့ ချစ်သောမြန်မာအဖွဲ့တို့ အကူအညီတွေကို ရယူပြီး ဆောင်ရွက်နေပါတယ်” ဟု ပြောကြားသည်။

အဆိုအစီအစဉ်ကို British American Tobacco မြန်မာနှင့် ပြည်တွင်းအဖွဲ့အစည်းတစ်ခုဖြစ်သည့် ချစ်သော မြန်မာတို့ ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်သည်။ မြန်မာနိုင်ငံရှိ ကျေးလက်ဒေသများ၊ စားနပ်ရိက္ခာဖူလုံရေးလုပ်ငန်းများကို ဦးတည်လုပ်ကိုင်ရန်အတွက် ၂၀၀၉ ခုနှစ်၊ မေလတွင် ရှမ်းမောမြေကုမ္ပဏီက ချစ်သောမြန်မာ (DEAR Myanmar)အား ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

“အခု ဒီအစီအစဉ်မှာ ရွေးချယ်ထားတဲ့ ကျေးရွာတွေဟာ ဒီဒေသက တောင်ပေါ်ရွာတွေဖြစ်ပြီး အားလုံးက ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၃,၀၀၀ နဲ့ ၅,၀၀၀ အတွင်းမှာ ရှိကြပါတယ်။ သွားရေးလာရေး အခက်အခဲရှိပြီး တကယ်ကို လိုအပ်ချက်တွေရှိနေတဲ့ နေရာတွေပါ”ဟု BAT မြန်မာ၏ ဒါရိုက်တာတစ်ဦးဖြစ်သူ ဒေါ်ခိုင်ဝေသွယ်က ပြောသည်။

ထိုအစီအစဉ်သည် စိုက်ပျိုးထုတ်လုပ်သူ တောင်သူ မိသားစုဝင် ၅၀၀ ခန့်အား တိုက်ရိုက်အကျိုးအမြတ်များ ခံစားရစေမည်ဖြစ်ကာ ကျေးရွာ ၂၀ မှ လူဦးရေ ၅,၇၇၅ ဦးက အကျိုးအမြတ်များ ဆင့်ပွားခံစားနိုင်မည်ဖြစ်သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.