ပွင့်လင်းမြင်သာမှုဆိုင်ရာ စစ်တမ်းတွင် တာဝါတိုင်လုပ်ငန်းတစ်ခု ဆန္ဒအလျောက် ပါဝင်လာ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

ဆက်သွယ်ရေး တာဝါတိုင်လုပ်ငန်းတစ်ခုဖြစ်သည့် Irrawaddy Green Towers သည် မြန်မာကုမ္ပဏီများ၏ ပွင့်လင်း မြင်သာမှုကို အမှတ်ပေးနေသည့် စီမံချက်တွင် ဆန္ဒအလျောက် ပါဝင်လာသည့် ပထမဆုံး လုပ်ငန်းတစ်ခု ဖြစ်သည်ဟု မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) က ထုတ်ပြန်ခဲ့သည်။

“IGT  ရဲ့ သူတို့ရဲ့ ဝက်ဘ်ဆိုက်ပေါ်တွင် ဖွင့်လှစ်ချပြမှုနှင့် ပွင့်လင်းမြင်သာမှုအတွက် စိတ်ပါဝင်စားမှု၊ လုပ်ချင်ကိုင်ချင်မှုကို ကြိုဆိုပါတယ်။ အခြားသော မြန်မာကုမ္ပဏီများလည်း ပါဝင်ဖို့ ကျွန်မ မျှော်လင့်ပါတယ်။ ဒီအကြာင်းအရာက ဘာကို ပြသလဲဆိုရင် သူတို့ရဲ့ ပွင့်လင်းမြင်သာမှုနဲ့ ကောင်းမွန်သော ကော်ပိုရိတ် လုပ်ငန်းပိုင်းဆိုင်ရာ အုပ်ချုပ်မှုအတွက် စိတ်ပိုင်းဖြတ်နိုင်မှု၊ စိတ်ပါဝင်စားမှုကို ပြသလိုက်တာဘဲ ဖြစ်ပါတယ်”ဟု MCRB ၏ ဒါရိုက်တာဖြစ်သူ ဗစ်ကီဘိုမန်က တနင်္လာနေ့က သတင်းထုတ်ပြန်ချက်ထဲတွင် ပြောကြားထားသည်။

အဆိုပါ မီနီပွင့်သစ်စ စီမံချက်သည် ဆန္ဒအလျောက် အမှတ်ပေးမှုကို ခံယူလိုသော အလတ်စားစီးပွားရေးလုပ်ငန်းများကို ဦးတည်ထားကာ ၎င်းကုမ္ပဏီများ၏ ပွင့်လင်းမြင်သာမှုနှင့် ဝက်ဘ်ဆိုက်ဖွင့်လှစ်ချပြမှှုကို နှစ်စဉ်ပြုလုပ်လေ့ရှိသည့် ပွင့်သစ်စ လေ့လာစမ်းစစ်မှုတွင် အသုံးပြုသည့် တိုင်းတာချက် ၃၅ ချက်ကိုပင် အသုံးပြုကာ ဆန်းစစ်ခြင်းဖြစ်သည်။

Irrawaddy Green Towers (IGT) သည် ပွင့်သစ်စစီမံချက်၏ အဓိကအစီရင်ခံစာတွင် ပါဝင်သော မြန်မာနိုင်ငံရှိ ကုမ္ပဏီကြီး ၁၀၀ နှင့် နှိုင်းယှဉ်ပါက  စုစုပေါင်းအမှတ် ၃ ဒသမ ၂၇ ဖြင့် အဆင့် ၁၄ နေရာတွင် တည်ရှိနေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

IGT ကို ၂၀၁၄ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံအတွင်းရှိ အကြီးမားဆုံးသော ပုဂ္ဂလိက တာဝါတိုင်ကုမ္ပဏီ ဖြစ်သည်ဟု ဆိုသည်။ လက်ရှိတွင် တယ်လီနော၊ အော်ရီဒူးနှင့် အမ်ပီတီတို့အတွက် တာဝါတိုင်များ ထောက်ပံ ဖြည့်တင်းပေးနေသည်။

မြန်မာ့ကုမ္ပဏီဝက်ဘ်ဆိုဒ်များ၏ ပွင့်လင်းမြင်သာမှုကို လေ့လာသည့် ပွင့်သစ်စ စီမံချက်သည် မြန်မာကုမ္ပဏီကြီး ၁၀၀ ၏ ဝက်ဘ်ဆိုဒ်များကို နှိုင်းယှဉ်လေ့လာပြီး ၎င်းတို့၏ စီမံအုပ်ချုပ်မှုပိုင်းနှင့် စီးပွားရေးလုပ်ငန်း အလေ့အကျင့်များ၊ အထူးသဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး၊ အဖွဲ့အစည်းဆိုင်ရာ ပွင့်လင်းမြင်သာမှု၊ လူ့အခွင့်အရေး၊ ကျန်းမာရေး၊ လုံခြုံစိတ်ချရမှုနှင့် သဘာဝပတ်ဝန်းကျင်တို့နှင့် ပတ်သက်၍ ထုတ်ပြန် ပြောကြားချက်များအပေါ် ကြည့်ရှု၍ အမှတ်ပေးခြင်း ဖြစ်သည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာလက ထုတ်ပြန်သည့် မြန်မာစီးပွားရေးလုပ်ငန်းများ၏ ပွင့်လင်းမြင်သာမှုဆိုင်ရာ စစ်တမ်းတွင် First Myanmar Investments၊ Serge Pun and Associates နှင့် မက်စ်မြန်မာတို့က ထိပ်ဆုံးတွင် ပါဝင်နေကြသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.