” ပြည်သူ့လွှတ်တော်ဥက္ကဌကို တာဝန်မှဘယ်လိုရုပ်သိမ်းနိုင်သလဲ”

နန္ဒ
ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးတီခွန်မြတ် အား တာဝန်မှ ရုပ်သိမ်းရန် ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော်သို့ အဆိုတင်သွင်းထားပြီး အဆိုကိုဆွေးနွေးရန် အမည်စာရင်းတောင်းခံခြင်းကို လွှတ်တော်အစီအစဉ်တွင်ထည့်သွင်းထားရာ ပြည်သူ့လွှတ်တော်ဥက္ကဌအား တာဝန်မှရုပ်သိမ်းနိုင်သော ဥပဒေ၊နည်းဥပဒေများ အဆင့်ဆင့်ကို ဖော်ပြအပ်ပါသည်။
ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေ

ပုဒ်မ၂၁ တွင် ဥက္ကဋ္ဌကို လွှတ်တော်က အောက်ပါအကြောင်း တစ်ရပ်ရပ်ဖြင့် တာဝန်မှ ရုပ်သိမ်းနိုင်သည်-
(က) နိုင်ငံတော်၏ ကျေးဇူးသစ္စာတော်ကို ဖောက်ဖျက်ခြင်း၊
(ခ) ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်ခြင်း၊
(ဂ) အကျင့်သိက္ခာပျက်ပြားခြင်း၊
(ဃ) ဥပဒေအရ ပေးအပ်သော တာဝန်များကို ကျေပွန်စွာ မဆောင်ရွက်ခြင်း။

ပုဒ်မ၂၂။ ဥက္ကဋ္ဌ သို့မဟုတ် ဒုတိယဥက္ကဋ္ဌသည် ပုဒ်မ၂၁ ပါ အကြောင်းတစ်ရပ်ရပ်ကြောင့် ဥက္ကဋ္ဌ တာဝန်မှ ရုပ်သိမ်းခြင်းခံရလျှင် လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ရပ်စဲပြီးဖြစ်စေရမည်။

ပြည်သူ့လွှတ်တော်ဆိုင်ရာနည်းဥပဒေအရတာဝန်မှရုပ်သိမ်းပုံအဆင့်ဆင့်

လွှတ်တော်ကိုယ်စားလှယ် လေးပုံတစ်ပုံ လက်မှတ်ထိုးထားသောအဆိုလွှာကို ဒုတိယဥက္ကဋ္ဌ ထံတင်သွင်းရမည်။

ဒုတိယဥက္ကဋ္ဌသည် ဥက္ကဋ္ဌ တာဝန်ယာယီထမ်းဆောင်ရမည်။

အဆိုကို လွှတ်တော်အစည်းအဝေးအစီအစဉ်တွင် ထည့်သွင်းရမည်။

လက်မှတ်ထိုးထားသော လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက လွှတ်တော်သို့ အဆိုတင်သွင်းရမည်။

ကိုယ်စားလှယ်များက အဆိုကို ဆွေးနွေးနိုင်သည်။

အဆိုကိုဆက်လက်အရေးယူဆောင်ရွက်ရန်သင့်မသင့် စက်ခလှတ်နှိပ်လျှို့ဝှက်မဲခွဲရမည်။
(ဥက္ကဌကဆန္ဒမဲဝင်ပေးနိုင်သည်။)

ကတိသစ္စာပြုပြီးသည့် ကိုယ်စားလှယ် အနည်းဆုံး သုံးပုံ နှစ်ပုံ ထောက်ခံလျှင် ဆက်လက်အရေးယူဆောင်ရွက်ရမည်။
(မထောက်ခံလျှင် အရေးယူဆောင်ရွက်ရန်မလိုတော့ပေ။)

သင့်လျော်သည့် ကိုယ်စားလှယ်များပါဝင်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့အား ဒုဥက္ကဌက ဖွဲ့စည်းပေးရမည်။

အဆိုပါအဖွဲ့က စုံစမ်းစစ်ဆေးသည့်အခါ ဥက္ကဌ သည် ကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားလှယ်ဖြင့်ဖြစ်စေ ခုခံချေပနိုင်သည်။

စုံစမ်းစစ်ဆေးတွေ့ရှိချက်အစီရင်ခံစာကို ရက်ပေါင်း ၃၀ အတွင်း ဒုတိယဥက္ကဌထံတင်ပြရမည်။

စုံစမ်းစစ်ဆေးတွေ့ရှိချက်အရ အဆိုသည် မမှန်ကန်ကြောင်းတင်ပြလျှင် ယင်းအဆိုနှင့်ပတ်သက်၍ ဆက်လက်ဆောင်ရွက်ရန်မရှိကြောင်း ဒုတိယ ဥက္ကဌက ကြေညာရမည်။

အရေးယူသင့်ကြောင်း တင်ပြချက်ဖြစ်လျှင် စက်ခလုတ်နှိပ်လျှို့ဝှက်မဲခွဲရမည်။

ကတိသစ္စာပြုပြီးသည့် ကိုယ်စားလှယ် အနည်းဆုံး သုံးပုံ နှစ်ပုံ ထောက်ခံလျှင် ဥက္ကဌတာဝန်မှ ရုတ်သိမ်းကြောင်းကြေညာရမည်။

မထောက်ခံလျှင် အရေးယူဆောင်ရွက်ရန်မရှိကြောင်း ကြေညာရမည်။

ဥက္ကဋ္ဌ တာဝန်မှ ရုပ်သိမ်းခြင်းခံရလျှင် လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ရပ်စဲပြီးဖြစ်စေရမည်ဖြစ်သဖြင့် လိုအပ်သလိုဆောင်ရွက်နိုင်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့အကြောင်း ကြားရမည်ဖြစ်သည်။

ခေါင်းစီးဓာတ်ပုံ-ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးတီခွန်မြတ်။(ဓာတ်ပုံ- ပြည်သူ့လွှတ်တော်ရုံး)

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.