ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ထုတ်ပယ်ခံရသတင်းကို ပြည်ခိုင်ဖြိုးက ငြင်းဆို

နေပြည်တော်၊ နိုဝင်ဘာ ၄

လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းအား ပြည်ခိုင်ဖြိုးပါတီမှ ထုတ်ပယ်လိုက်သည်ဆိုသော စောစောပိုင်းက ထွက်လာသောသတင်းမှာ မဟုတ်မှန်ကြောင်း အာဏာရ ပြည်ခိုင်ဖြိုးပါတီက ငြင်းဆိုလိုက်သည်။

သြဂုတ်လအတွင်းက ပြည်ခိုင်ဖြိုးပါတီ၏ ဥက္ကဋ္ဌနေရာမှ ဖယ်ရှားခံရသော သူရဦးရွှေမန်းအား ပါတီမှ ထုတ်ပယ်လိုက်သည်ဟူသော သတင်းမှာ မဟုတ်မှန်ကြောင်း ယနေ့ မွန်းလွဲပိုင်းက နေပြည်တော်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြည်ခိုင်ဖြိုးပါတီ လူထုဆက်ဆံရေးဌာနမှူး ဦးကျော်သူရက ငြင်းဆိုလိုက်သည်။

“ လူကြီးတွေအားလုံး ၈ ရက်နေ့ ရွေးကောက်ပွဲအတွက် သွားနေကြပါတယ်။ ပါတီရုံးချုပ်မှာ ဘာအစည်းအဝေး မှ မလုပ်ခဲ့ပါဘူး။ ဒီသတင်းက ကောလာဟလသတင်းသာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲအလွန်တွင် သမ္မတဖြစ်လာရန် ဆန္ဒရှိကြောင်း သူရဦးရွှေမန်းက ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။
 

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar