ပြည်ပသို့တင်ပို့သည့် အဝတ်အထည်များ စစ်ဆေးထုတ်ပိုးပေးသည့်စခန်းကို Nordic ဖွင့်လှစ်

ပြည်ပသို့တင်ပို့သည့် အဝတ်အထည်များ ထုတ်ပိုးပြင်ဆင်ပေးသည့် လုပ်ငန်းကို Nordic Technology Group Myanmar က ရန်ကုန်တွင် စတင်ဆောင်ရွက်နေပြီဟု အဆိုပါ ထောက်ပံ့ပို့ဆောင်ရေးနှင့် သိုလှောင်ရေးကုမ္ပဏီက နိုဝင်ဘာ ၁၄ ရက်နေ့တွင် ပြောကြားသည်။

ဒဂုံဆိပ်ကမ်းမြို့နယ်တွင်ရှိသော အဆိုပါ ကွန်တိန်နာကုန်တင်ကုန်ချ စခန်းသည် ဥရောပနှင့် အမေရိကန်သို့ တင်ပို့မည့် အဝတ်အထည်များနှင့် ခြေစွပ်များကို စစ်ဆေးရွေးချယ် ထုတ်ပိုးမှုများ ပြုလုပ်ပေးနေသည်ဟု NTGM ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ကျွန်တော်တို့ ကွန်တိန်နာကုန်တင်ကုန်ချ စခန်းသစ်ကို ဖွင့်လှစ်ရတဲ့အတွက် ဝမ်းသာမိပါတယ်” ဟု NTGM ၏ အုပ်ချုပ်မှုဒါရိုက်တာ မစ္စတာသော်စတိန်းစဗင်ဆင်က ပြောကြားသည်။

“အထည်ချုပ်စက်ရုံ အသေးစားလေးတွေ၊ ကြီးကြီးမားမား ဝယ်ယူသူတွေနဲ့ ကုန်ပို့ပေးတဲ့ ကုမ္ပဏီတွေကြား ကွင်းဆက်ကို ချိတ်ဆက် ဖွဲ့စည်းပေးပါတယ်။ ဒါက ပါဝင်သူအားလုံးအတွက် တူညီတဲ့ ဈေးကွက်ဝင်ရောက်မှုကို ပေးစွမ်းနိုင်ပါတယ်။ ဒါ့ကြောင့် ဒီလိုတိုးချဲ့မှုက မြန်မာနိုင်ငံမှာရှိတဲ့ အသေးစားနဲ့ အလတ်စား အထည်ချုပ်ကဏ္ဍ တိုးတက်စေဖို့အတွက် အဓိက ကျပါတယ်” ဟု ၎င်းကပြောသည်။

NTGM သည် ကုန်သိုလှောင်ရေးနှင့် ကွန်တိန်နာ ကုန်တင်ကုန်ချစခန်း ဝန်ဆောင်မှုလုပ်ငန်းများ မလုပ်ဆောင်မီ ရေနံနှင့် သဘာဝဓါတ်ငွေ့၊ ဆက်သွယ်ရေးကဏ္ဍများအတွက် စီမံကိန်း ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးရန် မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ်က တည်ထောင်ခဲ့ပြီးနောက် လျင်မြန်စွာတိုးတက်လာခဲ့သည်။

အောက်တိုဘာလက ဒဂုံဆိပ်ကမ်းရှိ စခန်းနေရာကို ဖွင့်လှစ်ခဲ့ပြီးနောက် ယခုနှစ်နောက်ပိုင်းတွင် မန္တလေး၌  လုပ်ငန်းနေရာ တိုးချဲ့ရန် စီစဉ်နေသလို ရန်ကုန်တွင်လည်း ၂၀၁၈ ခုနှစ် မတ်လတွင် နေရာသစ်တိုးချဲ့ရန် NTGM က စီစဉ်ထားသည်။ “ဘယ်အရာမဆို နိုင်နိုင်နင်းနင်း ကိုယ်တွယ်ဖြေရှင်းနိုင်ဖို့ ကျွန်မတို့ရဲ့ ဖောက်သည်တွေက ကျွန်မတို့အပေါ် အားကိုးကြပါတယ်” ဟု NTGM ၏ အထွေအထွေမန်နေဂျာ ဒေါ်မွန်မြတ်သူက ပြောသည်။

“အဝတ်အထည်တွေ ဝင်ရောက်မှတ်ပုံတင်တာကနေ စနစ်တကျ ချိတ်ဆွဲထားသိုခြင်း၊ အကောက်ခွန် ရှင်းလင်းတာတွေအထိ ကျွန်မတို့က အမြဲတမ်းပဲ အချိန်မီပြီးအောင် လုပ်ရပါတယ်။ လွဲလို့မရပါဘူး”  ဟု ၎င်းကပြောသည်။

NTGM သည် စင်ကာပူအခြေစိုက် Nordic Alliance Services Pte Ltd ၏ လုပ်ငန်းခွဲတစ်ခုဖြစ်သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.