ပြည်ပတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ကိုးဘီလျံကျော်အထိ စံချိန်တင်ရရှိ

ပြီးခဲ့သည့် ဘဏ္ဍာနှစ်အတွက် မြန်မာနိုင်ငံသို့ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုမှာ ဘဏ္ဍာနှစ်အကုန်ဖြစ်သည့် မတ်လကုန်တွင် အမေရိကန်ဒေါ်လာ ၉  ဒသမ ၄ ဘီလျံအထိ စံချိန်တင်ရရှိခဲ့သည်ဟု ပြီးခဲ့သည့် သိတင်းပတ်က ထုတ်ပြန်သည့် တရားဝင်စာရင်းများအရ သိရသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ဗဏီများ ညွှန်ကြားမှု ဦးစီးဌာန၏ စာရင်းများအရ ရင်းနှီးမြှုပ်နှံမှုများမှာ စီမံကိန်း ၂၁၇ ခုအတွက် ဖြစ်သည်ဟုဆိုသည်။ ထိုအထဲတွင် အစိုးရ အပြောင်းအလဲမပြုလုပ်မီ မတ်လ နောက်ဆုံးရက်များက မြန်မာနိုင်ငံ ရင်းနှီဲးမြှတ်နှံမှုကော်မရှင်က ပြုလုပ်ခဲ့သည့် အစည်းအဝေးများတွင် ထူးခြားစွာ ခွင့်ပြုပေးခဲ့သည့် စီမံကိန်း အမြောက်အမြားလည်း ပါဝင်နေသည်။

၂၀၁၄-၁၅ ခုနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာ ဒေါ်လာ ရှစ်ဘီလျံရှိခဲ့ပြီး ၂၀၁၃-၁၄ ခုနှစ်ကမူ ဒေါ်လာ ၄ ဒသမ ၁ ဘီလျံသာ ရှိခဲ့သည်။

ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် အများဆုံး ရင်းနှီးမြှုပ်နှံခဲ့ကြပြီး ပို့ဆောင်ရေးကဏ္ဍနှင့် ဆက်သွယ်ရေးကဏ္ဍတို့က ဒုတိယနှင့် တတိယမြောက် ရင်းနှီးမြှုပ်နှံမှု အများဆုံး ရရှိခြင်းဖြစ်သည်ဟု ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

စင်ကာပူက စီမံကိန်း ၅၅ အတွက် ဒေါ်လာ ၄ ဒသမ ၃ ဘီလျံဖြင့် အများဆုံး ရင်းနှီးမြှုပ်နှံသူဖြစ်ကာ တရုတ်က ဒေါ်လာ ၃ ဒသမ ၃ ဘီလျံဖြင့် နောက်က လိုက်နေသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းများအရ အိမ်နီးချင်း နိုင်ငံများနှင့် နယ်စပ်ကုန်သွယ်ရေးမှာ ပြီးခဲ့သည့်နှစ်ကထက်စာလျှင် ၂၀၁၅-၁၆ တွင် ခြောက်ရာခိုင်နှုန်း တိုးတက်လာခဲ့သည်ဟု အစိုးရသတင်းများတွင် ဖော်ပြထားသည်။

နယ်စပ်ကုန်သွယ်မှု ပမာဏမှာ ဒေါ်လာ ၇ ဒသမ ၄ ဘီလျံရှိခဲ့ရာတွင် တင်ပို့မှုမှာ ဒေါ်လာ ၂ ဒသမ ၅ ဘီလျံဖြစ်ပြီး တင်သွင်းမှုမှာ ဒေါ်လာ ၄ ဒသမ ၄ ဘီလျံဖြစ်သည်ဟု Global New Light of Myanmar သတင်းစာက ရေးသားထားသည်။ အဆိုပါ ပမာဏမှာ ၂၀၁၄-၁၅ ခုနှစ်ကထက် ဒေါ်လာ သန်း ၄၀၀ ပိုမိုလာခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံနှင့် အိမ်နီးချင်း နိုင်ငံများ ဆက်သွယ်ထားသည့် နယ်စပ်ကုန်သွယ်ရေးစခန်း ၁၅ ခု ရှိသည့်အနက် တရုတ်နိုင်ငံ နယ်စပ်ရှိ မူဆယ်စခန်းသည် အကြီးမားဆုံးနှင့် ကုန်သွယ်မှုအများဆုံးဖြစ်သည်။ 

သတင်း – Frontier 

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.