ပြည်တွင်းရှိ နေရာပေါင်း ၇,၅၀၀ ကျော်တွင် Visa ကတ် သုံးစွဲနိုင်

မြန်မာနိုင်ငံတစ်ဝှမ်းရှိ စားသောက်ဆိုင်နှင့် စူပါမားကတ်ဆိုင်ခွဲကြီးများ အပါအဝင် နေရာပေါင်း ၇,၅၀၀ ကျော်တွင် Visa ကတ်ကို အသုံးပြုနိုင်ပြီဖြစ်သည်ဟု Visa ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

“ဆက်လက်ပြီး Visa ကတ် လက်ခံအသုံးပြုနိုင်တဲ့ နေရာတွေ ပိုမိုများပြားဖို့ အာရုံစိုက် လုပ်ဆောင်နေပါတယ်။ အရေးအကြီးဆုံးက ကတ်သုံးစွဲသူတွေအတွက် စတိုးဆိုင် သေးသေးလေးမှာပဲဖြစ်ဖြစ်၊ ဆိုင်အကြီးကြီးမှာပဲဖြစ်ဖြစ် ဘယ်နေရာမှာပဲသုံးသုံး အဆင်ပြေချောမွေ့တဲ့ ဝန်ဆောင်မှုအတွေ့အကြုံတစ်ရပ်ကို ဖန်တီးပေးချင်တာပါ” ဟု Visa Myanmar ၏ Country Manager ဖြစ်သူ Arturo Planell က သတင်းထုတ်ပြန်ချက်တွင် ပြောကြားထားသည်။

မြန်မာနိုင်ငံမှထုတ်ပေးသည့် Visa အကြွေးဝယ်ကတ်များ၏ ငွေသွင်းငွေထုတ်ပြုလုပ်မှုများမှာလည်း ၂၉၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး တစ်နိုင်ငံလုံး၏ Visa ငွေသွင်းငွေထုတ်ပြုလုပ်မှု စုစုပေါင်း၏ သုံးပုံတစ်ပုံပမာဏ ရှိသည်ဟုလည်း ဆက်လက်ဖော်ပြထားသည်။

“မြန်မာ့စီးပွားရေးကဏ္ဍအနေနဲ့ ဒီဂျစ်တယ်အသွင်ကူးပြောင်းနေတဲ့ အခုလိုအချိန်မှာ ဖွံ့ဖြိုး တိုးတက်မှုတွေကို နှောင့်နှေးကြန့်ကြာစေမယ့် ဘယ်လိုအတားအဆီး အခက်အခဲတွေကိုမဆို ဖယ်ရှားရင်း သုံးစွဲသူတွေအတွက် ကောင်းမွန်တဲ့ ဝန်ဆောင်မှုအတွေ့အကြုံကို မြှင့်တင်ပေးဖို့ ကျွန်တော်တို့အားလုံး ကဏ္ဍတစ်ခုအနေနဲ့ အတူတကွ လုပ်ဆောင်သွားဖို့ လိုပါတယ်” ဟု Arturo Planell က ဆက်လက်ပြောကြားသည်။

“အီလက်ထရောနစ် ငွေပေးချေမှုရဲ့ အကျိုးကျေးဇူးတွေကို လူသိပိုမို များပြားလာတာနဲ့အမျှ ပိုက်ဆံကိုင်တွယ် သုံးစွဲမှု ဟာလည်း တဖြည်းဖြည်းနဲ့ လျော့နည်းလာပါတယ်။ ကုန်သည်တွေဘက်ကကြည့်မယ်ဆိုရင် အာမခံချက်ရှိတဲ့ ငွေပေးချေမှု၊ ငွေကြေးလွှဲပြောင်း သုံးစွဲရမှုနဲ့ ရောင်းအားပိုမို မြင့်တက်လာနိုင်ချေရှိမှု အစရှိတဲ့ အကျိုးကျေးဇူးတွေ ရရှိမှာဖြစ်သလို ကတ်သုံးစွဲသူများအနေနဲ့လည်း မြန်ဆန်မှု၊ လွယ်ကူမှုနဲ့ လုံခြုံမှုတွေကို ရရှိမှာဖြစ်ပါတယ်” ဟုလည်း ၎င်းက ပြောကြားသည်။

Visa Inc. သည် ကမ္ဘာအနှံ့ငွေပေးချေမှုဆိုင်ရာ နည်းပညာကုမ္ပဏီတစ်ခုဖြစ်ပြီး၊ နိုင်ငံပေါင်း ၂၀၀ ကျော်မှ သုံးစွဲသူများ၊ စီးပွားရေးလုပ်ငန်းများ၊ ဘဏ္ဍာရေးဆိုင်ရာအဖွဲ့အစည်းများနှင့် အစိုးရပိုင်းဆိုင်ရာဌာနများအကြား မြန်ဆန်ပြီး လုံခြုံစိတ်ချရသော အီလက်ထရောနစ် ငွေကြေးဝန်ဆောင်မှုများဖြင့် ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.