ပုပ်ရဟန်းမင်းကြီး၏ မြန်မာနိုင်ငံခရီးစဉ်ကို ဗာတီကန် အတည်ပြု

ဗာတီကန်၊ သြဂုတ် ၂၈

လာမည့်နိုဝင်ဘာလအကုန်တွင် မြန်မာနှင့် ဘင်္ဂလားဒေရှ့်နိုင်ငံများသို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်လာရောက်မည်ဟု ဗာတီကန်က ယနေ့ အတည်ပြု သတင်းထုတ်ပြန်သည်။

ကမ္ဘာပေါ်ရှိ ကတ်သလစ်ဘာသာဝင် ၁ ဒသမ ၂ ဘီလျံ၏ ခေါင်းဆောင်ဖြစ်သူ ပုပ်ရဟန်းမင်းကြီးသည် ဗုဒ္ဓဘာသာဝင်အများစုနေထိုင်သည့် မြန်မာနိုင်ငံသို့ နိုဝင်ဘာ ၂၇ မှ ၃၀ ရက်နေ့အထိ လာရောက်မည်ဖြစ်သည်။ ထို့နောက် မူဆလင်နိုင်ငံဖြစ်သည့် ဘင်္ဂလားဒေရှ့်နိုင်ငံသို့ နိုဝင်ဘာ ၃၀ မှ ဒီဇင်ဘာ ၂ ရက်နေ့အထိ သွားရောက်မည်ဖြစ်သည်ဟု အေအက်ဖ်ပီက ရေးသားထားသည်။

ယခုခရီးစဉ်သည် ပုပ်ရဟန်းမင်းကြီးတစ်ဦးအနေဖြင့် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်လာရောက်ခြင်းလည်း ဖြစ်သည်။ ဘင်္ဂလားဒေရှ့်နိုင်ငံသို့မူ ၁၉၈၆ ခုနှစ်က ပုပ်ရဟန်မင်းကြီး ဒုတိယမြောက် ဂျွန်ပေါ သွားရောက်ခဲ့ဖူးသည်။

ပုပ်ရဟန်းမင်းကြီးသည် မြန်မာနိုင်ငံခရီးစဉ်အတွင်း ရန်ကုန်နှင့် နေပြည်တော်သို့ သွားရောက်မည်ဟု ဗာတီကန်က ပြောကြားသည်။ သို့သော်ခရီးစဉ် နောက်ဆုံးအစီအစဉ်များကို အတည်ပြုနေဆဲဖြစ်သည်။

ကတ်သလစ်ဘာသာဝင် ငါးသိန်းမှ ရှစ်သိန်းကြားရှိသည့် မြန်မာနိုင်ငံနှင့် ပုပ်ရဟန်းမင်းကြီး၏ ဗာတီကန်တို့အကြား ဆက်ဆံရေးမှာ မကြာမီနှစ်များအတွင်း တိုးတက်လာခဲ့သည်။

ပြီးခဲ့သည့် မေလအတွင်းက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ဥရောပခရီးစဉ်အတွင်း ပုပ်ရဟန်းမင်းကြီးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့ပြီးနောက် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်မည်ဟု ကြေညာခဲ့ကြသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar