ပုဂံတွင် ဘုရားစေတီများ ထပ်မံတွေ့ရှိ

ရန်ကုန်၊ ဇန်နဝါရီ ၁၉

ယူနက်စကိုရဲ့ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် မှတ်တမ်းမှာ ဖော်ပြခံရဖို့အတွက် ပုဂံက စေတီပုထိုးတွေကို သုတေသနစာရင်း ကောက်ယူစဉ်မှာ စေတီပုထိုးဟောင်း နေရာတွေ ထပ်မံတွေ့ရှိရတယ်လို့ သိရပါတယ်။

ပုဂံကို ၂၀၁၇ ခုနှစ်အတွက် ယူနက်စကိုရဲ့ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းထဲမှာ ထည့်သွင်းဖို့ အဆိုတင်သွင်းထားတဲ့အတွက် စေတီပုထိုးတွေ စာရင်း ပြုစုခြင်းက လာမယ့် ဖေဖော်ဝါရီလမှာ ပြီးစီးမယ်လို့ ဇန်နဝါရီ ၁၈ ရက်နေ့က The Global New Light of Myanmar သတင်းစာက ရေးသားထားပါတယ်။

လက်ရှိအချိန်မှာ ပုဂံရဲ့ အုပ်ချုပ်ရေးနယ်မြေ ၁၁ ခုအနက် နှစ်ခုမှာတင် စေတီပေါင်း ၈၀၀ ကျော်ကို မှတ်တမ်းတင်ထားပြီး ဖြစ်တယ်လို့ အမျိုးသားပြတိုက်နှင့် ရှေးဟောင်းသုတေသနဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးသိန်းလွင်က ဆိုပါတယ်။

“အချို့နေရာတွေမှာလည်း တောင်ပို့တွေအောက်ကနေ စေတီပုထိုးတွေ တူးဖော်ရှာဖွေ တွေ့ရှိခဲ့ပါတယ်”လို့ ဦးသိန်းလွင်ကဆိုပါတယ်။

“အခုဆိုရင် စေတီပုထိုးဟောင်းတော်တော်များများကို ပေါ်ထွက် လာနိုင်ဖို့ရှိပါတယ်”လို့ သူက ပြောကြားပါတယ်။

ပုဂံဟာ ၉ ရာစုနဲ့ ၁၃ ရာစုကြားမှာ ပုဂံမင်းဆက် နန်းစိုက်ခဲ့တဲ့ မြို့တော်တစ်ခု ဖြစ်ပါတယ်။ မကြာသေးခင်နှစ်များအတွင်းမှာ ကမ္ဘာလှည့်ခရီးသွားများကို အဓိက စွဲဆောင်လာနိုင်ခဲ့တဲ့ နေရာလည်းဖြစ်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာ ပုဂံစေတီပုထိုးတွေကို လာရောက်သူ ကမ္ဘာ့လှည့်ခရီးသည် ၂၅၀,၀၀၀ ရှိတယ်လို့ ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနက ဆိုပါတယ်။

သတင်း- ပီတာဂျင်ဆင်

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar