ပညာရေးစနစ် ပြုပြင်မှုက ကြက်ဘဲဈေးနှုန်းနှင့် မည်သို့ ဆက်စပ်နေသနည်း

မြန်မာနိုင်ငံမှ ကြက်မွေးမြူသူများအတွက် အမြတ်ငွေ ပိုမိုရရှိစေရန် ပညာရေးစနစ် ပြုပြင်ပြောင်းလဲမှု လိုအပ်နေသည်။ သို့မှသာ စားသုံးသူများအတွက် ကုန်ဈေးနှုန်း ကျဆင်းသွားနိုင်မည် ဖြစ်သည်။

ဒမ်ရွန် လီနာနူရွတ်ခ်ဆာ နှင့် ဂရေဟမ် မက်ဒေါင်ဝယ်လ် ရေးသားသည်။

ရန်ကုန်တိုင်း ဒေသကြီး အစိုးရသည် နိုင်ငံခြားမှ အေးခဲထားသော ကြက်သားများ တင်သွင်းရန် အစီအစဉ်ကို ဖျက်သိမ်းလိုက်ကြောင်း နိုင်ငံပိုင် မီဒီယာက မကြာသေးမီက သတင်းထုတ်ပြန်သည်။ လွန်ခဲ့သော လေးငါးလခန့်က ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် ဈေးကွက်အတွင်း ကြက်သားများ၏ ဈေးနှုန်းကို လျှော့ချနိုင်ရန် ကြက်သားတင်သွင်းရန် အဆိုပြုခဲ့ခြင်း ဖြစ်သည်။

ထိုကိစ္စရပ်သည် သားငါးမွေးမြူရေး ကဏ္ဍတွင် အငြင်းပွားမှုများ ဖြစ်ပေါ်စေခဲ့သည်။ သြဂုတ်လ ၂၅ ရက်တွင် ကျင်းပခဲ့သော မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်း အသင်းချုပ် Myanmar Livestock Federation ၏ အစည်းအဝေးတွင်လည်း ထိုကိစ္စရပ်ကို ဆွေးနွေးခဲ့ကြသည်။ နောက်ဆုံးတွင် ကြက်မွေးမြူသူများက ထိုသို့လုပ်ဆောင်လျှင် ၎င်းတို့သည် လုပ်ငန်းကို ဆက်လက်လုပ်ကိုင်နိုင်တော့မည်မဟုတ်ကြောင်း ကန့်ကွက်ကြသဖြင့် ယခုကဲ့သို့ ၎င်းတို့ အနိုင်ရခဲ့ခြင်းဖြစ်သည်။

ယင်းကိစ္စ၏ ဇစ်မြစ်ကို ဆန်းစစ်ပါက မြန်မာနိုင်ငံ၏ ကြက်မွေးမြူရေး လုပ်ငန်းသည် ထိရောက်အောင်မြင်ခြင်း မရှိသည်ကို တွေ့ရသည်။ သို့ဖြင့် ကြက်မွေးမြူရေးလုပ်ငန်းသည် ပြည်တွင်း ဝယ်လိုအားကို မပြည့်မီနိုင် ဖြစ်နေခြင်း ဖြစ်သည်။ ယင်းသည် ပညာရေးစနစ် ပြုပြင်ပြောင်းလဲခြင်းနှင့် များစွာသက်ဆိုင်နေသည်ဟု သင်ထင်မည် မဟုတ်ပါ။ သို့သော် သက်ဆိုင်နေပါသည်။

ထိုသို့ ကြက်မွေးမြူရေးလုပ်ငန်း မထိရောက်ရခြင်းသည် အဆင့်မြင့် ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲနိုင်ခြင်း မရှိသောကြောင့် ဖြစ်သည်။ သားငါးမွေးမြူရေး လုပ်ငန်းများ၏ လိုအပ်ချက်ကို ပြည့်မီသော ကျွမ်းကျင်လုပ်သားများ မရှိခြင်းကြောင့် ဖြစ်သည်။

အနောက်နိုင်ငံများရှိ ကြက်နှင့် သားငါးမွေးမြူရေးစနစ်များနှင့် ထိုင်းနိုင်ငံ၏ ကြက်မွေးမြူရေး လုပ်ငန်းများကို ကြည့်ရှုပါ။ မြန်မာနိုင်ငံသို့ တင်သွင်းသော ကြက်အများစုကို ထိုင်းနိုင်ငံမှ တင်သွင်းနေခြင်း ဖြစ်သည်။ ၎င်းတို့သည် ထုတ်လုပ်ရေး ထိရောက်မှုကို တဝက်တပျက် အထူးပြု semi- intensive သို့မဟုတ် အထူးပြု intensive ထုတ်လုပ်ရေး စနစ်များဖြင့် ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နေကြသည်။ ထိုသို့ လုပ်ဆောင်နိုင်ရန်မှာ နည်းပညာ ကျွမ်းကျင်သူများ လိုအပ်သည်။ နည်းပညာ ကျွမ်းကျင်သူများ ထွက်ပေါ်လာစေရန် ပြည်တွင်းမှ မွေးမြူသူများကို လေ့ကျင့်ပျိုးထောင်ပေးရမည် ဖြစ်သည်။

သို့ရာတွင် မြန်မာနိုင်ငံ၌ စိုက်ပျိုးရေး မွေးမြူရေးနှင့်သက်ဆိုင်သော အဆင့်မြင့် ပညာရေးကို သင်ကြားပုံမှာ သက်ဆိုင်ရာ တက္ကသိုလ်က သက်ဆိုင်ရာ ပညာရပ်တစ်ခုကိုသာ သင်ကြားပေးသော ပုံစံဖြစ်နေသည်။

ဆိုလိုသည်မှာ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် ရေဆင်း University of Veterinary Sciences (UVS) သည် တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးပညာရပ်ကို သင်ကြားပေးသည်။ ရေဆင်း စိုက်ပျိုးရေး တက္ကသိုလ် Yezin Agricultural University (YAU) သည် စိုက်ပျိုးရေးဆိုင်ရာ ပညာရပ်များကိုသာ သင်ကြားပေးသည်။ သစ်တောတက္ကသိုလ် ရေဆင်း University of Forestry Yezin (UFY) သည် သစ်ထုတ်လုပ်ရေးလုပ်ငန်း ပညာရပ်များကိုသာ သင်ကြားပေးသည်။ ထိုတက္ကသိုလ် တစ်ခုချင်းစီကို သက်ဆိုင်ရာလုပ်ငန်း လုပ်ကိုင်သော ဝန်ကြီးဌာန တစ်ခုစီက ထိန်းချုပ်ထားသည်။

ထိုသို့ ဘက်မျှသော ပညာရေးဖြင့် ဘွဲ့ရလာသော လုပ်သားများသည် သက်ဆိုင်ရာလုပ်ငန်းတွင် ထုတ်လုပ်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။ စားသုံးသူများအတွက်မူ ပိုမိုဈေးချိုသော ထုတ်ကုန်များ၊ သားငါးနှင့် ကြက်ဘဲများ ရရှိနိုင်ကြမည် ဖြစ်သည်။

ရေဆင်းတွင် တက္ကသိုလ်များသည် တစ်ခုနှင့် တစ်ခု ဘေးချင်းယှဉ်လျက်ရှိနေကြသော်လည်း ယင်းတက္ကသိုလ်များသည် သီးခြားအဖွဲ့အစည်းများအဖြစ် လုပ်ကိုင်သည်။ တိရစ္ဆာန် မွေးမြူထုတ်လုပ်ရေး စံနှုန်းများကို ပြည့်မီအောင် လုပ်ကိုင်နိုင်မည့် အပြန်အလှန် ဆက်နွယ်နေသော ဘာသာရပ်ဖြင့် ဘွဲ့ရရှိသူ တစ်ဦးမျှ မရှိပေ။

အသစ်တက်လာသော အင်န်အယ်လ်ဒီအစိုးရသည် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်နှင့် ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ်တို့ကို ကြီးကြပ်သော ဝန်ကြီးဌာနများကို ပူးပေါင်းခဲ့သည်။ သို့သော် စိုက်ပျိုးရေးနှင့် မွေးမြူရေးအတွက် ဝန်ဆောင်မှုပေးမည့် လုပ်သားများ၏ ကျွမ်းကျင်မှုနှင့်ပတ်သက်ပြီး အမှန်တကယ် ပြောင်းလဲအောင် လုပ်ဆောင်ခြင်းမျိုး မရှိခဲ့ပေ။ အထူးသဖြင့် မွေးမြူရေး ထုတ်ကုန်လုပ်ငန်းတွင် ဖြစ်သည်။ ထိုသို့ဖြင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်သည် တိရစ္ဆာန် မွေးမြူရေး ကုသရေးကိုသာ သင်ကြားပေးနေပြီး ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ်သည် အပင်စိုက်ပျိုးရေးကိုသာ သင်ကြားပေးဆဲ ဖြစ်သည်။

ကျွန်တော်တို့သည် ရေဆင်းတွင်ရှိသော တက္ကသိုလ် သုံးခုကို တက္ကသိုလ် တစ်ခုအဖြစ် ပူးပေါင်းရန်  အကြံပေးခဲ့ဖူးသည်။

သက်ဆိုင်ရာဌာနများမှ အထူးကျွမ်းကျင်သည့်ဆရာများက တိရစ္ဆာန် မွေးမြူထုတ်လုပ်ရေးသိပ္ပံ Bachelor of Animal Production Science ကဲ့သို့သော ဘာသာရပ်မျိုးကို သင်ကြားပေးပြီး ဘွဲ့ပေးပါက ကြက်မွေးမြူရေးအပါအဝင် တိရစ္ဆာန်မွေးမြူရေးအတွက် လိုအပ်သော ကျွမ်းကျင်လုပ်သားများကို မွေးထုတ်ပေးနိုင်လိမ့်မည်။ ထိုသို့သော ဘွဲ့မျိုးကို ဖန်တီးပေးပါက မကြာသေးမီက မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်တွင် အသစ်ထပ်မံ တိုးချဲ့ပေးသော တိရစ္ဆာန် မွေးမြူရေးသိပ္ပံဘွဲ့ထက် မြန်မာနိုင်ငံအတွက် ပိုမိုအသုံးဝင်ပေလိမ့်မည်။

ထိုသို့ ပူးပေါင်းထားသော ဘွဲ့မျိုးကို ဖန်တီးရန် အစိုးရသည် အဆင့်မြင့် ပညာရေးစနစ်များကို ပြုပြင်ပြောင်းလဲရန် ဦးစားပေး လုပ်ဆောင်ရမည်။ အဆိုပါ ပူးပေါင်းထားသော တက္ကသိုလ်များ ဖော်ထုတ်မှုကို ကြီးကြပ်မည့် ပညာရေးဝန်ကြီးဌာနဖြစ်စေ၊ အဆင့်မြင့်ပညာဝန်ကြီးဌာနဖြစ်စေ ဝန်ကြီးဌာနတစ်ခု ဦးစွာတည်ထောင်ပေးခြင်းသည် ပထမ ခြေလှမ်း ဖြစ်မည်။

ထိုသို့ ပူးပေါင်းထားသော တက္ကသိုလ်များသည် သီးသန့် ပညာရပ်တစ်ခုကိုသာ သင်ကြားပေးသော လက်ရှိ ရေဆင်းမှ တက္ကသိုလ်များထက် ပိုမိုထိရောက်နိုင်သည်။ ကျောင်းသားများသည် ၎င်းတို့၏ အသက်မွေးကျောင်းအလုပ်တွင် ရင်ဆိုင်ရသော ရှုပ်ထွေးမှုများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် လိုအပ်သော ပညာရပ်မျိုးစုံကို ရရှိနိုင်မည် ဖြစ်သည်။

မွေးမြူရေး ကိစ္စရပ်တွင် ထိုသို့ ဘက်မျှသော ပညာရေးဖြင့် ဘွဲ့ရလာသော လုပ်သားများသည် သက်ဆိုင်ရာလုပ်ငန်းတွင် ထုတ်လုပ်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။ စားသုံးသူများအတွက်မူ ပိုမိုဈေးချိုသော ထုတ်ကုန်များ၊ သားငါးနှင့် ကြက်ဘဲများ ရရှိနိုင်ကြမည် ဖြစ်သည်။

ဖိုးဝင်းကိုကို ဘာသာပြန်သည်

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.