နိုင်ငံတော်အာဏာ စနစ်တကျ လွှဲပြောင်းရေး ဒေါ်စု ညှိနှိုင်းစည်းဝေး

နေပြည်တော်၊ ဒီဇင်ဘာ ၁၆

နိုင်ငံတော် အကြီးအကဲတာဝန်နှင့် အစိုးရအဖွဲ့တာဝန်များကို စနစ်တကျ လွှဲပြောင်းနိုင်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့လယ်တွင် ဒေါ်အောင်ဆန်းစုကြည် ဦးစီးပြီး ကျင်းပခဲ့သည်ဟု ပြန်ကြားရေးဝန်ကြီးဦးရဲထွဋ်က ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြသည်။

“တာဝန်လွှဲပြောင်းရာမှာ အဆင်ပြေချောမွေ့စေဖို့အတွက် နှစ်ဘက် ပူးပေါင်းဆောင်ရွက်ရမယ့် လုပ်ငန်းတွေကို အသေးစိတ် ဆွေးနွေးခဲ့ပါတယ်” ဟုလည်း ၎င်းက ရှင်းပြထားသည်။

ထိုအစည်းအဝေးသို့အစိုးရအဖွဲ့ဘက်မှ ဦးရဲထွဋ်၊ ဦးမောင်မောင်အုန်းနှင့် ဦးဇော်ဌေးတို့တက်ရောက်ခဲ့ပြီး NLD ဘက်မှ ဦးဝင်းထိန်၊ ဒေါက်တာမျိုးအောင်နှင့် ဒေါက်တာ အောင်သူတို့ တက်ရောက်ခဲ့ရာ ဖေ့စ်ဘွတ်ပါ ဓာတ်ပုံအရ လွှတ်တော်ဝင်းအတွင်းရှိ အိုင်အဆောင် အမှတ် (၁၂)တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာ တတိယပတ်မှ ဒီဇင်ဘာ ၄ ရက်အတွင်း နိုင်ငံ့အကြီးအကဲများနှင့် တွေ့ဆုံခဲ့ရာ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းနှင့် နိုဝင်ဘာ ၁၇ ရက်တွင်လည်းကောင်း၊ သမ္မတဦးသိန်းစိန်၊ တပ်ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့နှင့် ဒီဇင်ဘာ ၂ ရက်တွင်လည်းကောင်း၊ တပ်ချုပ်ကြီးဟောင်း ဦးသန်းရွှေနှင့် ဒီဇင်ဘာ ၄ ရက်တွင်လည်းကောင်း အမျိုးသား ပြန်လည်သင့်မြတ်ရေး ခေါင်းစဉ်ဖြင့် တွေ့ဆုံခဲ့ပြီး ဖြစ်သည်။

သတင်း – စိုးသန်းလင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar