နန်းဖာလုံဈေး မီးလောင်မှုကြောင့် အိန္ဒိယ-မြန်မာ နယ်စပ် ပိတ်ထား

မြန်မာ-အိန္ဒိယနယ်စပ် နန်းဖာလုံဈေးတွင် ဖေဖော်ဝါရီ ၇ ရက်နေ့ညက မီးလောင်ကျွမ်းခဲ့သည့်အတွက် နယ်စပ်ကို ဖေဖော်ဝါရီ ၈ ရက်နေ့တွင် ပိတ်ထားလိုက်ကြောင်း အိန္ဒိယသတင်းစာတစ်စောင်က ရေးသားထားသည်။

ည ၉ နာရီခန့်တွင် ဈေးအတွင်း မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်ဟု မိုရေး ရဲတပ်ဖွဲ့ကို ကိုးကားပြီး အိန္ဒိယ Business Standard သတင်းစာက ရေးသားထားသည်။

မြန်မာနိုင်ငံပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီ ၇ ရက်နေ့ ည ၉ နာရီ မိနစ် ၅၀ ခန့်တွင် ဈေးအတွင်းရှိ ဂိုဒေါင်တစ်ခုမှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ မီးကြောင့် ဆိုင်ခန်း ၅၃ ခန်းနှင့် လူနေအိမ်ခြောက်လုံး မီးလောင်ဆုံးရှုံးခဲ့ရသည်ဟုလည်း ဆက်လက် ဖော်ပြထားသည်။

နန်းဖာလုံသည် အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးတွင် အဓိကကျသည့် ဈေးတစ်ခုဖြစ်သည်။

မီးအား နာရီအနည်းငယ်ကြာအောင် ငြှိမ်းသတ်ခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်းလည်း သိရသည်။

အဆိုပါဈေးအတွင်းရှိ ဆိုင်များတွင် တရုတ်၊ ဂျပန်နှင့် အရှေ့တောင်အာရှ နိုင်ငံများမှ တင်သွင်းထားသည့် ကုန်ပစ္စည်းများကို သိုလှောင်ထားသည့်အတွက် ဆုံးရှုံးမှုတန်ဖိုး ကြီးမားနိုင်သည်ဟု Business Standard က ဆက်လက်ရေးသားထားသည်။

၁၉၉၅ ခုနှစ်တွင် နယ်စပ်ကုန်သွယ်ရေးအား တရားဝင်စတင်ခဲ့ပြီးနောက် အရောင်းအဝယ်အားလုံးကို နန်းဖာလုံသို့ ရွှေ့ပြောင်းခဲ့ခြင်းဖြစ်သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar