ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ရင်ရော ငြိမ်းချမ်းရေး မြန်မြန်ရလာနိုင်မလား

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံဖွင့်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားနေစဉ်။ ဓာတ်ပုံ- စိုးသန်းလင်း

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံဖွင့်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားနေစဉ်။ ဓာတ်ပုံ- စိုးသန်းလင်း

စည်သူအောင်မြင့် ရေးသားသည်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက် ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်မှာ ကျင်းပတဲ့ ၆၈ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားမှာ အင်န်အယ်လ်ဒီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က လာမယ့် သူ့အစိုးရသစ်လက်ထက် ပထမဦးဆုံး ဦးစားပေး လုပ်ဆောင်သွားမယ့် လုပ်ငန်းဟာ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ပဲ ဖြစ်တယ် ဆိုပြီး ပြောဆိုခဲ့ပါတယ်။

လက်ရှိ အစိုးရက အကောင်အထည် ဖော်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းဆောင်တာတွေနဲ့ ပတ်သက်ပြီးတော့လည်း နောင် အင်န်အယ်လ်ဒီ အစိုးရ တက်လာတဲ့အခါ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးဆောင် အကောင်အထည် ဖော်သွားမယ် ဆိုပြီးလည်း ပြောဆိုခဲ့ပါတယ်။

တိုင်းပြည်မှာ အင်န်အယ်လ်ဒီ အစိုးရအဖွဲ့လည်း တက်လာမယ်၊ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဦးဆောင်မယ် ဆိုရင် ပြည်တွင်းငြိမ်းချမ်းရေးကို မြန်မြန်ဆန်ဆန် တည်ဆောက်နိုင်မလား၊ ရှေ့ ဘာပြဿ     နာတွေ ကြုံရနိုင်သလဲ ဆိုတာ ဒီတစ်ပတ် ဆွေးနွေးတင်ပြသွားပါ့မယ်။

လက်ရှိ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်မှု အခြေအနေ ဘယ်လောက်အထိ ရောက်နေပြီလဲ၊ ပြန်ဆန်းစစ်ကြည့်ရအောင်ပါ။ အားလုံးသိကြပြီးဖြစ်တဲ့အတိုင်း အရင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်တဲ့ စစ်အာဏာရှင်တွေဟာ လက်နက်ကိုင် တိုင်းရင်းသားတွေနဲ့ နိုင်ငံရေးအရ ဆွေးနွေးမှု မလုပ်ဘဲ အပစ်အခတ် ရပ်စဲတဲ့ အဆင့်လောက်ပဲ ထားခဲ့တာပါ။

ဒီကြားထဲ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတင်းအကြပ် အတည်ပြုပြီးနောက် အဲဒီ လက်နက်ကိုင် တိုင်းရင်းသား အုပ်စုတွေကို နယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ်တွေအဖြစ် အသွင်ပြောင်းဖို့ ကြိုးစားခဲ့တာကြောင့် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တချို့နဲ့ တင်းမာမှုတွေဖြစ်၊ တိုက်ပွဲတွေ ပြန်ဖြစ်ပွားခဲ့ပါတယ်။

ဒါပေမယ့် ၂၀၁၁ ခုနှစ် သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရအဖွဲ့သစ် တာဝန်ယူရတဲ့အခါ လက်နက်ကိုင် တိုင်းရင်းသားတွေနဲ့ အပစ်အခတ် ရပ်စဲရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်ရေး ကိစ္စတွေအတွက် အကြီးအကျယ် ကြိုးစားအားထုတ်ခဲ့တာ တွေ့နိုင်ပါတယ်။ တိုတိုပြောရရင် လက်နက်ကိုင် တိုင်းရင်းသား အစုအဖွဲ့အားလုံး သဘောတူတဲ့ NCA တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ် စာချုပ်ကြီးတစ်ခုကို ရရှိခဲ့ပါတယ်။

ပြဿ     နာက အဲဒီမှာ စတာပါ။ တကယ့်တကယ် အစိုးရနဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေ NCA စာချုပ်ကို လက်မှတ်ထိုးဖို့ ပြင်ဆင်တဲ့ အချိန်ကျမှ အစိုးရနဲ့ တပ်မတော်ဘက်က ကိုးကန့်၊ တအာင်းပလောင်နဲ့ ရခိုင် AA တပ်ဖွဲ့တွေကို လက်မှတ်ထိုးပွဲမှာ ပါဝင်စေလိုခြင်း မရှိတာကို ပြောပါတယ်။

တစ်ဖွဲ့ချင်းစီနဲ့ ပတ်သက်တဲ့ အကြောင်းပြချက်လည်း ပေးပါတယ်။ ကေအိုင်အိုနဲ့ လက်နက်ကိုင် အဖွဲ့တချို့ကတော့ ဒါကို လက်မခံပါဘူး။ အားလုံး လက်မှတ်ထိုးခွင့်မရရင် သူတို့တွေလည်း လက်မှတ်မထိုးဘူးလို့ ငြင်းဆန်ပါတယ်။ နောက်ဆုံး အဲဒီ အချက်အပေါ် လုံးဝ ညှိလို့ မရတဲ့အခါ အစိုးရနဲ့ ကေအင်န်ယူ ဦးဆောင်တဲ့ လက်နက်ကိုင် (၈) ဖွဲ့နဲ့ပဲ လက်မှတ်ထိုးဖြစ်ပြီး တိုက်ပွဲတွေ ဆက်ဖြစ်ပွားနေတာပါ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အင်န်အယ်လ်ဒီ အစိုးရအဖွဲ့ တက်လာပြီး ငြိမ်းချမ်းရေးကိစ္စ စပြီး ကိုင်တွယ်တော့မယ် ဆိုရင် အခုကိစ္စကနေ စပြီး ဖြေရှင်းရမှာပါ။ လက်ရှိမှာ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် တပ်မတော်နဲ့ အစိုးရဘက်က အပစ်ရပ်ရေး၊ ငြိမ်းချမ်းရေး ရဖို့ ကြိုးစားနေသလောက် ကေအိုင်အို ဦးဆောင်တဲ့ လက်နက်ကိုင် အဖွဲ့တချို့က ဒါကို မယုံကြည်ပါဘူး။

ရခိုင်ပြည်နယ်ထဲကို သာလွန်အင်အားတွေ ပို့လွှတ်ပြီး ကျောက်တော်ဘက်မှာ
လာအခြေချဖို့ ကြိုးစားတဲ့ ရခိုင် AA တပ်ဖွဲ့တွေကို
အကြီးအကျယ် ချေမှုန်းဖို့ လုပ်နေပါပြီ။
ပြောရရင် ဒေါ်အောင်ဆန်းစုကြည်ဟာ အဲဒီ အခြေအနေ အားလုံးကို ရင်ဆိုင်ရမှာပါ။

ဒီအတွက် အစိုးရနဲ့ တပ်မတော်ဘက်ကို လက်နက်ကိုင် တိုက်ပွဲနည်းနဲ့ ပိုပြီး ဖိအားပေးရေး၊ စစ်ရေး လှုပ်ရှားမှုတွေ ပို လုပ်ပါတယ်။ အဲဒီအထဲမှာ ဖုန်ကျားရှင် ဦးဆောင်တဲ့ ကိုးကန့် တပ်ဖွဲ့ ပြန်ပေါ်ပြီး အစိုးရကို တိုက်ခိုက်နိုင်အောင် အကူအညီပေးပါတယ်။ အရင်က ငြိမ်းချမ်းရေးယူထားခဲ့ပြီဖြစ်တဲ့ ပလောင် တပ်ဖွဲ့ ပြန်ပေါ်လာအောင် လက်နက်တပ်ဆင် အကူအညီတွေ ပေးပါတယ်။ ကေအိုင်အို နယ်မြေမှာ စပြီး ပေါက်ဖွားလာတဲ့ ရခိုင် AA တပ်ဖွဲ့ကို လက်နက်တပ်ဆင် လေ့ကျင့်ပေးပြီး အခုနှစ်မှာတော့ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ဖော်နိုင်အောင် အကူအညီပေးပါတယ်။

နောက်ထပ် ပြဿ     နာ တစ်ခုကတော့ ကိုးကန့် တပ်ဖွဲ့ ပြန်ပေါ်လာတာနဲ့ အိမ်နီးချင်း တရုတ်နိုင်ငံရဲ့ ရပ်တည်ချက်ပါ။ မြန်မာပြည်ထဲမှာ ရင်းနှီးမြှုပ်နှံမှု အများကြီး လုပ်ထားတဲ့၊ နောက်ထပ်လည်း လုပ်ဖို့ ရည်ရွယ်ချက်ရှိရှိ ပြင်ဆင်နေတဲ့ တရုတ်အစိုးရဟာ မြန်မာအစိုးရနဲ့ တပ်မတော် အနောက်နိုင်ငံတွေနဲ့ ရင်းနှီးသွားမှာကို မလိုလားပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အင်န်အယ်လ်ဒီ အစိုးရတက်လာချိန် အဲလို ဖြစ်သွားမှာ ပိုပြီး စိုးရိမ်ပါတယ်။

အထူးသဖြင့် မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ယူနန်ပြည်နယ် အာဏာပိုင်တွေ ဖြစ်ပါတယ်။ ယူနန်ပြည်နယ်ဟာ မြန်မာ့ သစ်၊ ကျောက်စိမ်း၊ သဘာဝ ဓာတ်ငွေ့၊ ကုန်သွယ်ရေး လုပ်ငန်းကနေ အကျိုးအမြတ် အကြီးအကျယ်ရနေတဲ့ ပြည်နယ်လည်း ဖြစ်ပါတယ်။ ဒီအတွက် တရုတ်အစိုးရဟာ နယ်စပ်က တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေကနေ တဆင့် မြန်မာအစိုးရနဲ့ မြန်မာ့တပ်မတော်ကို ဖိအားပေးလိုတဲ့ ရည်ရွယ်ချက်လည်း ရှိပုံရပါတယ်။ အခုနောက်ဆုံး ကေအိုင်အေ ဗိုလ်ချုပ် ဂွန်မော် ရဲ့ မြန်မာငြိမ်းချမ်းရေး စင်တာ တာဝန်ရှိသူတွေကို ပြောခဲ့တဲ့ စကားအရ တရုတ်ဘက် အခြမ်းကနေ ကိုးကန့်တပ်ဖွဲ့ကို လက်နက် အလက် ၅,၀၀၀၊ တအာင်း ပလောင် အဖွဲ့ကို လက်နက် ၂,၀၀၀ ထောက်ပံ့ထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

သူက တရုတ်ဗဟို အစိုးရလား၊ ယူနန်အစိုးရလား၊ တခြား ဒေသဆိုင်ရာ အာဏာပိုင်လား အဖွဲ့အစည်းလား ရှင်းရှင်းလင်းလင်းတော့ မပြောပါဘူး။ တရုတ်ဘက် အခြမ်းက ကူထားတာကို ပြောခဲ့တာပါ။ ဒါ့အပြင် ကိုးကန့်နဲ့ တအာင်းပလောင် တပ်ဖွဲ့တွေကို နေရာချထားပေးဖို့ ကေအိုင်အေ ထိန်းချုပ်နယ်မြေ တချို့ကို ကူညီ ငှားရမ်းပေးမယ် ပြောခဲ့ပေမယ့် ကေအိုင်အေဘက်က ခွင့်မပြုခဲ့ဘူးလို့ ဗိုလ်ချုပ်ဂွန်မော်က ပြောခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာ့တပ်မတော်ဘက်ကို ပြန်ကြည့်ရင်လည်း အချုပ်အခြာ အာဏာကို ပြန်ရအောင် ကြိုးစားမယ် ဆိုတဲ့ သဘောထားတွေကို တွေ့နေရတော့ လက်နက်ကိုင် တိုင်းရင်းသားတွေရဲ့ စစ်ရေးအရ ဖိအားပေးမှုကို လက်သင့်ခံမှာ မဟုတ်ပါဘူး။ အခုဆိုရင်ပဲ ရခိုင်ပြည်နယ်ထဲကို သာလွန်အင်အားတွေ ပို့လွှတ်ပြီး ကျောက်တော်ဘက်မှာ လာ အခြေချဖို့ ကြိုးစားတဲ့ ရခိုင် AA တပ်ဖွဲ့တွေကို အကြီးအကျယ် ချေမှုန်းဖို့ လုပ်နေပါပြီ။ ပြောရရင် ဒေါ်အောင်ဆန်းစုကြည်ဟာ အဲဒီ အခြေအနေ အားလုံးကို ရင်ဆိုင်ရမှာပါ။ လက်ရှိ ဖွဲ့စည်းပုံအရ မြန်မာ့တပ်မတော်ဟာ သီးခြား လွတ်လပ်တဲ့ အဖွဲ့အစည်း တစ်ခုလို ဖြစ်နေပြီး အစိုးရတစ်ရပ်ရဲ့ ခေါင်းဆောင်မှု အောက်မှာ ရှိမနေပါဘူး။ ဒါ့အပြင် ပြည်တွင်းစစ်နဲ့ ကိုယ်ကျိုးစီးပွားဖြစ်နေတဲ့ တိုင်းရင်းသား စစ်ဘုရင် တချို့ကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖက်ဒရယ် အရေး၊ ဒီမိုကရေစီအရေး ဆိုတာကို သိပ်ပြီး နားဝင်မယ့်ပုံ မရှိပါဘူး။ ဒီကြားထဲ အိမ်နီးချင်း အင်အားကြီး တရုတ်နိုင်ငံရဲ့ သဘောထားကလည်း မြန်မာ့ငြိမ်းချမ်းရေး အတွက် သိပ်ပြီး အထောက်အကူ မဖြစ်စေပါဘူး။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေး အကောင်အထည် ဖော်ရေးကို ဦးဆောင်သည့်တိုင် တစ်တိုင်းပြည်လုံး အပစ်ရပ်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စတွေကို လွယ်လွယ်ကူကူ ဆောင်ရွက်လို့ ရနိုင်မှာ မဟုတ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar