ဒေသတွင်းမီဒီယာဆုများအား Frontier ထပ်မံရရှိ

အာရှ၏ ဦးဆောင်မီဒီယာဆုများတွင် နောက်ထပ်ဆုနှစ်ဆု ထပ်မံရရှိခဲ့ရာ Frontier အနေဖြင့် အရည်အသွေးမြင့် လွတ်လပ်သည့် သတင်းစာပညာအတွက် ၎င်း၏ဂုဏ်သတင်းကို ထပ်မံခိုင်မာစေခဲ့ပြီဖြစ်သည်။

မေ ၂၉ ရက်နေ့က ဟောင်ကောင်တွင် ညစာစားပွဲနှင့် အတူကျင်းပသည့် အခမ်းအနားတွင် ဆုကဏ္ဍနှစ်မျိုး၌ အကောင်းဆုံးတည်းဖြတ်ဖော်ပြနိုင်မှုအတွက် အာရှပုံနှိပ်ထုတ်ဝေသူများအသင်း Society of Publishers in Asia Awards (SOPA) ကပေးအပ်သော ဆုများကို Frontier က ရရှိခဲ့ခြင်းဖြစ်သည်။ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အမျိုးသမီး ၆ ဦး သေဆုံးမှုအား ဒစ်ဂျစ်တယ်အယ်ဒီတာ ကလဲရ်ဟမ်မွန်၊ သတင်းထောက်ကျော်လင်းထွန်းနှင့် မာလ်တီမီဒီယာအယ်ဒီတာ ဗစ်တိုးရီးယားမီလ်ကိုတို့ စုံစမ်းဖော်ထုတ်ရေးသားထားသည့် Conflict, conscription and a cover-up: the killing of six TNLA medics (လက်နက်ကိုင် ပဋိပက္ခ၊ အတင်းအကျပ်စစ်မှုထမ်းခိုင်းခြင်းနှင့် ဖုံးကွယ်မှုများ)ဟူသည့် သတင်းဆောင်းပါးအတွက် လူ့အခွင့်အရေးဆိုင်ရာသတင်းတင်ပြမှုဆိုင်ရာကဏ္ဍတွင် ဂုဏ်ပြုဆုရရှိခဲ့ကြသည်။

၎င်းတို့၏ စုံစမ်းဖော်ထုတ်ရေးသားမှုမှာ အလွန်ကောင်းမွန်သည့် သတင်းတင်ပြချက်အဖြစ် SOPA ကချီးကျူးခဲ့သည်။ ထိုသတင်းအစီရင်ခံမှုမှာ ဖော်ထုတ်ရေးသားရန် အလွန့်အလွန်ခက်ခဲပြီး သတင်းထောက်များကလည်း ခက်ခဲသည့် အခြေအနေနှင့် အန္တရာယ်ကြား၌ အထင်ကြီးလောက်ဖွယ် သတင်းကို လိုက်လံဖော်ထုတ်ခဲ့ကြသည်ဟု SOPA ၏ အကဲဖြတ်များက ပြောကြားခဲ့သည်။

အယ်ဒီတာချုပ် သောမတ်ကင်းကလည်း သဘောထားအမြင်ရေးသားခြင်းကဏ္ဍတွင် ဂုဏ်ပြဆုတစ်ခုရရှိခဲ့သည်။ ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်ပြီး ၎င်းရေးသားသည့် “Time for a New Approach on Rakhine State” သည် လွန်ခဲ့သည့်နှစ်အတွင်း အစိုးရ၏ အားနည်းသည့်တုံ့ပြန်ချက်အပေါ် အလွန်အရေးကြီးသည့် လူ့အခွင့်အရေးကိစ္စတစ်ခုနှင့် ပတ်သက်၍ အလွန်စိတ်ဝင်စားဖွယ်ကောင်းသည် သဘောထားထင်မြင်ချက်အရေးအသားတစ်ခုဖြစ်သည်ဟု အကဲဖြတ်များက ပြောကြားခဲ့သည်။

ထိုကဏ္ဍနှစ်ခုလုံးအတွက် ယခုလအစောပိုင်းကလည်း လူအခွင့်အရေးဆိုင်ရာ Human Rights Press Awards ဆုများကိုလည်း ရရှိထားသည်။

SOPA က ပေးအပ်ခဲ့သည့်ဆုများအား ခြုံငုံကြည့်ပါက မြန်မာနိုင်ငံအကြောင်း အားကောင်းစွာဖော်ပြသည့် သတင်းဆောင်းပါးများ ပါဝင်ခဲ့သည်။ ရိုက်တာသတင်းအေဂျင်စီက ဆုများစွာရရှိခဲ့သည့်အနက် Erasing the Rohingya သတင်းဆောင်းပါးမှာ ဂုဏ်သတင်းကြီးသောဆုဖြစ်သည့် Award for Public Service Journalism ရရှိခဲ့သည်။

ဒေသတွင်း ဦးဆောင်မီဒီယာအဖွဲ့အစည်းများအကြားတွင် Frontier က နောက်တစ်ကြိမ် အသိအမှတ်ပြုခံရသည့်အတွက် ဂုဏ်ယူကြည်နူးမိကြောင်း ထုတ်ဝေသူ ဦးဆန်နီဆွေက ပြောသည်။ “ဒါက ကြီးမားတဲ့အောင်မြင်မှုတစ်ခုပါ။ နောက်ပြီး ဒါဟာ ၂ဝ၁၅ မှာ ကျွန်တော်တို့ စတင်တည်ထောင်ကတည်းက အဖွဲ့မှာပါဝင်ခဲ့သူတိုင်းက ကြိုးစားအားထုတ်မှုရဲ့ သက်သေလည်း ဖြစ်ပါတယ်။ ဒီအပေါ် တည်ဆောက်သွားနိုင်ပြီး လာမယ့်နှစ်မှာ ပိုပြီးကောင်းအောင်လုပ်နိုင်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်” ဟု ၎င်းက ပြောသည်။

SOPA ဆုများကို Frontier က ရရှိသည်မှာ ယခုအကြိမ်သည် ပထမဆုံးမဟုတ်ပေ။ ပြီးခဲ့သည့်နှစ်ကလည်း စီးပွားရေးလုပ်ငန်းဆိုင်ရာ သတင်းအစီရင်ခံမှုအတွက် Excellence in Business Reporting ဆုတစ်ခုနှင့် ဂုဏ်ပြုဆု သုံးခုရရှိခဲ့ပြီး ၂ဝ၁၇ ခုနှစ်ကလည်း ဓါတ်ပုံကဏ္ဍအတွက် ဂုဏ်ပြုဆုတစ်ခုရရှိခဲ့သည်။

သတင်းပိုင်းဆိုင်ရာ အကောင်းဆုံးဖော်ပြမှုများအတွက် SOPA ဆုများကို ၁၉၉၉ ခုနှစ်က စတင်ပေးအပ်ခဲ့ပြီး အာရှ-ပစိဖိတ်ဒေသတွင် ဂုဏ်သိက္ခာအရှိဆုံးဆုအဖြစ် ယူဆခြင်းခံထားရသည်။ ယှဉ်ပြိုင်မှုများကို အာရှ၏ ထိပ်တန်းသတင်းစာပညာသင်ကျောင်းများစွာမှ ပညာရှင်များနှင့်အတူ မီဒီယာလုပ်ငန်းကျွမ်းကျင်သူများပါဝင် ဖွဲ့စည်းထားသည့် ဒိုင်အဖွဲ့က အကဲဖြတ်ပေးသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.