ဒူးလ်ဝစ်ချ်ကောလိပ်က ရန်ကုန်တွင် ကျောင်းနှစ်ကျောင်း ဖွင့်မည်

ရန်ကုန်

ဗြိတိန်၏ ဂုဏ်သိက္ခာအကြီးမားဆုံး ပုဂ္ဂလိက ကျောင်းများအနက် တစ်ခုဖြစ်သော Dulwich College International (ဒူးလ်ဝစ်ချ်ကောလိပ်)က Yoma Strategic Holdings နှင့် မိတ်ဖက်အဖြစ်ပူးပေါင်းကာ ရန်ကုန်တွင် တက္ကသိုလ် နယ်မြေနှစ်ခု ဖွင့်လှစ်မည်ဟု ကြေညာလိုက်သည်။

Dulwich College Yangon ဟူ၍ ခေါ်ဆိုမည့် အဆိုပါကျောင်းများမှာ ရိုးမနှင့် အမေရိကန်ဒေါ်လာ သန်း ၃၀ တန် သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ တက္ကသိုလ်များကို ရိုးမ၏နေရာများဖြစ်သော လှိုင်သာယာမြို့နယ်ရှိ ပန်းလှိုင်နှင့် သန်လျင်ရှိ စတားစီးတီးတို့တွင် ဖွင့်လှစ်မည်ဟု သိရသည်။ ကျောင်းနှစ်ခုစလုံးကို ၂၀၁၇/၁၈ ပညာသင်နှစ်တွင် ဖွင့်လှစ်ရန် စီစဉ်ထားသည်။

“ကျွန်တော်တို့က ဗြိတိသျှ ပုဂ္ဂလိကကျောင်းပုံစံ ပညာရေးအတိုင်း သင်ပေးသွားမှာပါ။ တစ်ချိန်တည်းမှာပဲ မြန်မာဘာသာစကားနဲ့ ယဉ်ကျေးမှုကို လေ့လာမှုရဲ့ အရေးပါပုံကိုလည်း အသိအမှတ်ပြုရင်းပေါ့” Dulwich College Yangon ၏ တည်ထောင်သူ ကျောင်းအုပ်ကြီး ဒါရီးလ်အောချာ့ဒ်က ပြောသည်။ Dulwich College International ၏ ကျောင်းများမှာ တရုတ်တွင် ရှန်ဟိုင်း၊ ပေကျင်းနှင့် စုကျိုး၊ တောင်ကိုရီးယားတွင် ဆိုးလ်နှင့် စင်ကာပူတို့တွင် ကျောင်းများရှိနေပြီး လန်ဒန်တွင် မူရင်းကျောင်း တည်ရှိသည်။ ထို့အပြင် တရုတ်ရှိ စုကျိုးနှင့် ကျူဟိုင်းတွင်လည်း ဒူးလ်ဝစ်ချ်နိုင်ငံတကာ အထက်တန်းေကျာင်းနှစ်ကျောင်းရှိသည်။

“ကမ္ဘာ့အဆင့် အထောက်အကူပစ္စည်းတွေနဲ့ ဒူးလ်ဝစ်ချ်ရဲ့ အလွန်ကောင်းတဲ့ ပညာရေးစံက ကျွန်တော်တို့ လူ့အဖွဲ့အစည်းကို အကြီးအကျယ် အကျိုးပြုမှာပါ။ ပြီးတော့ ကျွန်တော်တို့ရဲ့နောက်မျိုးဆက်မှာ ခေါင်းဆောင်တွေ တိုးပွားဖွံ့ဖြိုးရေးအတွက်လည်း ထောက်ကူမှုရှိလာပါလိမ့်မယ်” ဟု ရိုးမ၏ အမှုဆောင်ချုပ် မဲလ်ဗင်ပန်က ပြောသည်။

ကျောင်းဖွင့်လှစ်မည့် အစီအစဉ်အား ရှင်းလင်းပြောကြားနေကြစဉ်။ ဓာတ်ပုံ- သိမ့်မွန်စိုး

ကျောင်းဖွင့်လှစ်မည့် အစီအစဉ်အား ရှင်းလင်းပြောကြားနေကြစဉ်။ ဓာတ်ပုံ- သိမ့်မွန်စိုး

လန်ဒန်တောင်ပိုင်းတွင် တည်ရှိသည့် မူရင်း Dulwich College ကို ၁၆၁၉ တွင် သရုပ်ဆောင်အက်ဒွပ်အောလေယင်းက တည်ထောင်ခဲ့သည်။

ဗြိတိသျှသံရုံး၏ ပုဂ္ဂလိကကဏ္ဍဋ္ဌာနတစ်ခုဖြစ်သော ယူကေကုန်သွယ်ရေးနှင့် ရင်းနှီးမြုပ်နှံမှု (UK Trade and Investment) အဖွဲ့၏ ၂၀၁၅ အစီရင်ခံစာအရ ဗြိတိသျှကုမ္ပဏီများက မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍတွင် ရင်းနှီးမြုပ်နှံမည့် အလားအလာမှာ လွန်စွာမြင့်မားနေသည်ဆိုသည်။ ထိုသို့ဖြစ်ရခြင်းမှာ လက်ရှိအခြေအနေအရ အရည်အသွေးမြင့် လေ့ကျင့်သင်ကြားေပးမှု မလုံလောက်ခြင်း၊ ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲရန် အစိုးရက ကတိကဝတ်ပြုထားခြင်းနှင့် နိုင်ငံတကာအဆင့်မီ ပညာရေးကို ကျောင်းသားများ သင်ယူလိုမှုမြင့်မားခြင်းတို့ကြောင့် ဖြစ်သည်။

သတင်း- အိုလီဗာ ဆလိုး

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.