ဒီဂျစ်တယ်ဘဏ္ဍာရေးဂေဟစနစ် တည်ဆောက်ရန် Huawei နှင့် ကမ္ဘောဇဘဏ် လက်တွဲ

အားလုံးပါဝင်နိုင်သော ဒီဂျစ်တယ် ဘဏ္ဍာရေး ဂေဟစနစ် တည်ဆောက်နိုင်ရန်အတွက် Huawei နှင့် လက်တွဲဆောင်ရွက်သွားမည်ဟု ကမ္ဘောဇဘဏ်က ပြောကြားသည်။

တရုတ်နိုင်ငံ၊ ရှိန်းကျိန့်မြို့ရှိ Huawei အပြည်ပြည်ဆိုင်ရာဌာနချုပ်တွင် အဖွဲ့အစည်းနှစ်ခုတို့၏ ပူးပေါင်းဆောင်ရွက်သည့် ကြေညာချက်ကို ကမ္ဘောဇဘဏ်၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mike DeNoma က ထုတ်ပြန်ခဲ့သည်ဟု ယနေ့ရက်စွဲဖြင့် ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

“ဘဏ်အကောင့်ရှိပြီး အသုံးပြုနေတဲ့ ပြည်သူများဟာ မြန်မာနိုင်ငံလူဦးရေရဲ့ ၁၀ ရာခိုင်နှုန်း၊ လျှပ်စစ်မီး ရရှိ အသုံးပြုနိုင်တာက ၃၀ ရာခိုင်နှုန်းပဲရှိပေမယ့် ၉၀ ရာခိုင်နှုန်းသော ပြည်သူများမှာ စမတ်ဖုန်းကိုယ်စီ ရှိကြပါတယ်။ ကျွန်တော်တို့ရဲ့ အိပ်မက်ကတော့ ၁၀ နှစ်အတွင်း စမတ်ဖုန်းအသုံးပြုပြီး  ပြည်သူများ ရာနှုန်းပြည့် ပါဝင်နိုင်တဲ့ ဘဏ္ဍာရေးစနစ်တစ်ခုကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့ပဲ ဖြစ်ပါတယ်။ ပြည်သူများအတွက် အကျိူးရှိစေမယ့် အားလုံးပါဝင်နိုင်တဲ့ ဒီဂျစ်တယ်ဘဏ္ဍာရေး ဂေဟစနစ်ကို အကောင်အထည်ဖော်ဖို့ Huawei ကို Technology Partner အနေနဲ့ လက်တွဲ လုပ်ဆောင်သွားမှာဖြစ်တဲ့အတွက် အလွန်စိတ်လှုပ်ရှားမိပါတယ်” ဟု Mike DeNoma က သတင်းထုတ်ပြန်ချက်ထဲတွင် ပြောကြားထားသည်။

ယခုလို ပူးပေါင်းဆောင်ရွက်မှုသည် မြန်မာနိုင်ငံ၏ စီးပွားရေးသာမက လူမှုဘဝ တိုးတက်မှုကိုပါ တစ်ဖက်တစ်လမ်းမှ အထောက်အကူ ပြုနိင်မည်ဟု ယုံကြည်ကြောင်း ကမ္ဘောဇဘဏ် ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းက ပြောကြားသည်။

“ပြည်သူများအားလုံး အလွယ်တကူအသုံးပြုနိုင်မယ့် ပိုမိုကောင်းမွန်တဲ့ ဘဏ်စနစ်မှတစ်ဆင့် မြန်မာနိုင်ငံသား အားလုံးရဲ့ လူနေမှု အဆင့်အတန်းတွေ မြင့်တက်လာစေမယ့် အရေးကြီးတဲ့ အပြောင်းအလဲတစ်ခု ဖြစ်တာကြောင့် ဂုဏ်ယူမိပါတယ်” ဟု ၎င်းက ပြောကြားသည်။

Huawei Myanmar ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr. Zhang Liman က “ကျွန်တော်တို့ရဲ ပူးပေါင်း ဆောင်ရွက်မှုဟာ မြန်မာနိုင်ငံမှာ အားလုံးပါဝင်နိုင်သော ဘဏ္ဍာရေးစနစ် ဖြစ်ထွန်းလာမှုကို အရှိန်မြှင့်ပေးမယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့ရဲ့ တီထွင်ဆန်းသစ်မှုများနဲ့ ဘဏ္ဍာရေးနည်းပညာသစ်များဟာ ပြည်သူများအတွက် ပိုမိုကောင်းမွန်တဲ့ လူနေမှု ဘဝသာမက နိုင်ငံရဲ့ ဒီဂျစ်တယ်စီပွားရေးကိုလည်း မြှင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

ကမ္ဘောဇဘဏ်သည် မြန်မာနိုင်ငံတစ်ဝန်း၌ ဘဏ်ခွဲပေါင်း ၅၀၀ ကျော်အား ဝန်ထမ်းပေါင်း ၂၀,၀၀၀ ကျော်ဖြင့် လည်ပတ်နေပြီး retail နှင့် commercial banking ပိုင်းတွင် ဈေးကွက်ရှယ်ယာ ၄၀ ရာခိုင်နှုန်းရရှိထားသည်ဟု ဖော်ပြထားသည်။

Huawei သည် ကမ္ဘာတစ်ဝှမ်းတွင် ဦးဆောင်လျက်ရှိသော သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာများကို ထောက်ပံ့ပေးသော Information and Communications Technology, ICT Solutions Provider ကုမ္ပဏီတစ်ခု ဖြစ်သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.