ထိုင်းဘုရင် ပေးအပ်သည့်ဘွဲ့တံဆိပ်ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လက်ခံရယူ

ထိုင်းဘုရင်မင်းမြတ်က ပေးအပ်ချီးမြှင့်သည့် The Knight Grand Cross(First Class) of the Most Exalted Order of the White Elephant ဘွဲ့ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့နံနက်ပိုင်းတွင် လက်ခံရယူခဲ့သည်။

“တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ထိုင်းဘုရင်မင်းမြတ်က ပေးအပ်ချီးမြှင့်သည့် မြင့်မြတ်သော ဆင်ဖြူတော်ဝင်သူရဲကောင်းဘွဲ့တံဆိပ်(ပထမအဆင့်) ‘The Knight Grand Cross (First Class) of the Most Exalted Order of the White Elephant” အပ်နှင်းခြင်းအခမ်းအနားသို့ တက်ရောက် လက်ခံရယူသည်” ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဓာတ်ပုံများနှင့်အတူ သတင်းထုတ်ပြန်ခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား အဆိုပါဘွဲ့တံဆိပ် ချီးမြှင့်ရန်အတွက် ထိုင်းနိုင်ငံ ဘုရင်မင်းမြတ် မဟာ ဗက်ဂျီယာလောင်ကွန်းက ၂၀၁၇ ခုနှစ်၊ သြဂုတ် ၂၁ ရက်နေ့တွင် အဆိုပြုခဲ့ခြင်းဖြစ်သည်ဟု ဘုရင့်နန်းတော်၏ အာဘော်ဖြစ်သည့် Royal Gazette က ရေးသားထားကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြထားသည်။ ထိုင်းတပ်မတော်အတွက် ၎င်း၏ ဆောင်ရွက်ပေးခဲ့မှုများအတွက် ပေးအပ်ခြင်းဖြစ်သည်ဟုလည်း ဖော်ပြထားသည်။

မြန်မာနှင့် ထိုင်းနှစ်နိုင်ငံအကြား ရှည်ကြာပြီး နီးကပ်သည့် ဆက်ဆံရေးကို ပြသရန်အတွက် ထိုဘွဲ့တံဆိပ် ချီးမြှင့်ရခြင်းဖြစ်သည်ဟုလည်း ထိုင်းတော်ဝင်တပ်မတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“တော်ဝင်ဘွဲ့တံဆိပ်တော်ကို နိုင်ငံခြားတိုင်းပြည်တွေက စစ်ဦးစီးချုပ်တွေကို ပေးအပ်တာက အစဉ်အလာပဲ ဖြစ်ပါတယ်” ဟု ထိုင်းကာကွယ်ရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်ချုပ်ကြီး Kongcheep Tantravanich က ပြောကြားကြောင်း အေအက်ဖ်ပီက ရေးသားထားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar