ထိုင်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား မြန်မာတပ်မတော်ကာကွယ်ရေးဦးစီးချုုပ်က ဂုဏ်ထူးဆောင်တံဆိပ် ချီးမြှင့်

ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အား တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ဂုဏ်ထူးဆောင်တံဆိပ်အား ချီးမြှင့်အပ်နှင်းတပ်ဆင်ပေးလိုက်သည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဝက်ဘ်ဆိုက်တွင် ဖေဖော်ဝါရီ ၇ ရက်နေ့က ရေးသားထားသည်။

အဆိုပါ ဂုဏ်ထူးဆောင်တံဆိပ်မှာ ပြည်ပတပ်မတော် ကာကွယ်ရေးဦးစီးချုပ်များအား ပထမဆုံးအကြိမ် ဂုဏ်ပြုချီးမြှင့် အပ်နှင်းခြင်းဖြစ်ပြီး General Ponpipat Benyasri မှာ ပထမဆုံးချီးမြှင့်ခံရသည့်ပုဂ္ဂိုလ်ဖြစ်သည်ဟုလည်း ဖော်ပြထားသည်။

ဂုဏ်ထူးဆောင်တံဆိပ်အား ထိုင်းကာကွယ်ရေးဦးစီးချုပ်ထံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နေပြည်တော်တွင် ဖေဖော်ဝါရီ ၇ ရက်နေ့က ပေးအပ်ခဲ့သည်။

ထိုအပ်နှင်းပွဲတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထိုင်းဘုရင့်တပ်မတော်နှင့် မြန်မာ့တပ်မတော် နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုမှာ ညီရင်းအစ်ကိုကဲ့သို့ ခိုင်မာလျက်ရှိသည်ဟု ပြောကြားခဲ့ပြီး ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကလည်း နှစ်နိုင်ငံတပ်မတော်နှစ်ရပ်ဆက်ဆံရေးနှင့် ချစ်ကြည ်ရင်းနှီးမှုမှာ ယခင် တပ်မတော်ခေါင်းဆောင်များ၏ ကြိုးစားအားထုတ်မှုများဖြင့် တိုးတက်ကောင်းမွန်လာခဲ့သည်ဟု ပြောကြားခဲ့သည်။

ထိုင်းဘုရင်မင်းမြတ်က ပေးအပ်ချီးမြှင့်သည့် The Knight Grand Cross(First Class) of the Most Exalted Order of the White Elephant ဘွဲ့ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလက လက်ခံရယူခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား အဆိုပါဘွဲ့တံဆိပ် ချီးမြှင့်ရန်အတွက် ထိုင်းနိုင်ငံ ဘုရင်မင်းမြတ် မဟာ ဗက်ဂျီယာလောင်ကွန်းက ၂၀၁၇ ခုနှစ်၊ သြဂုတ် ၂၁ ရက်နေ့တွင် အဆိုပြုခဲ့ခြင်းဖြစ်သည်ဟု ဘုရင့်နန်းတော်၏ အာဘော်ဖြစ်သည့် Royal Gazette က ရေးသားထားကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြခဲ့သည်။ ထိုင်းတပ်မတော်အတွက် ၎င်း၏ ဆောင်ရွက်ပေးခဲ့မှုများအတွက် ပေးအပ်ခြင်းဖြစ်သည်ဟုလည်း သတင်းတွင် ဖော်ပြခဲ့သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar