တောင်သူဦးကြီးများအတွက် “ထွက်တိုး” မိုဘိုင်းအက်ပလီကေးရှင်းကို မိတ်ဆက်

လဒွဲနှင့် ယောင်ထန်

တောင်သူဦးကြီးများအတွက် ရည်ရွယ်ကာ ဂြိုလ်တုမှရှာဖွေရရှိထားသော စိုက်ပျိုးရေးဆိုင်ရာ နည်းပညာ အချက်အလက်များ ဖြည့်ဆည်းပေးမည့် “ထွက်တိုး” မိုဘိုင်းလ် အက်ပလီကေးရှင်းကို ယမန်နေ့က ရန်ကုန်မြို့တွင် မိတ်ဆက်ခဲ့သည်။

အဆိုပါအက်ပလီကေးရှင်းတွင် စိုက်ပျိုးရေးအတွက် အသုံးဝင်မည့်  စိုက်ပျိုးရေးနည်းပညာ၊ ရာသီဥတု၊ ကောက်ပဲသီးနှံ ဈေူနှုန်းများကို ဖော်ပြပေးသွားမည်ဖြစ်သည်။ ထို့ပြင် စိုက်ပျိုးရေးလုပ်ကိုင်နေသူများ အချင်းချင်း ဆက်သွယ် ချိတ်ဆက်နိုင်မည့်အပြင် ကျွမ်းကျင်ပညာရှင်များထံကိုလည်း တိုက်ရိုက် မေးမြန်းနိုင်မည်ဖြစ်သည်။

မြန်မာ့သြဘာအုပ်စုကို စတင်တည်ထောင်သူနှင့် အုပ်စုအမှုဆောင်အရာရှိချုပ်ဖြစ်သလို Village Link ၏ ရှယ်ယာပိုင်ရှင်တစ်ဦးလည်းဖြစ်သည့် ဦးသတိုးဟိန်းက “အဓိက ကတော့ တောင်သူတွေ လိုအပ်တဲ့ သတင်းအချက်အလက်တွေကို အချိန်နဲ့ တပြေးညီ ဝန်ဆောင်မှုပေးနိုင်ဖို့ အက်ပလီကေးရှင်းကို ရေးဆွဲရခြင်း ဖြစ်ပါတယ်” ဟု ပြောကြားသည်။

ဒီဂျစ်တယ်ဝန်ဆောင်မှု ကုမ္ပဏီတစ်ခုဖြစ်သော Village Link က ထိုအက်ပလီကေးရှင်းကို ဖန်တီးခြင်းဖြစ်ကာ အက်ပလီကေးရှင်း၏ ရေရှည်တိုးတက်မှုများအတွက် Geodata for Agriculture and Water (G4AW) က ထောက်ပံံ့ကူညီသွားမည်ဖြစ်သည်။ G4AW သည် ဒတ်ချ်နိုင်ငံခြားရေးဝန်ကြီးဌာနက ငွေကြေးထောက်ပံ့ပေးထားသည့် Netherlands Space Office မှ တာဝန်ယူဆောင်ရသော အစားအသောက်နှင့် ရေဖူလုံရေးပေါ်လစီ ဦးစားပေး အစီအစဉ်တစ်ခုဖြစ်သည်။

“ကျွန်တော်တို့ရဲ့  G4AW Facility ဟာ မြန်မာနိုင်ငံနဲ့ နည်းတူ ဖွံ့ဖြိုးဆဲနိုင်ငံများရဲ့ အရင်းအမြစ်တွေကို ပိုမိုကောင်းမွန်စွာ အသုံးချနိုင်ဖို့ ကူညီရန်ပြုလုပ်ထားသော အစီအစဉ်တစ်ခု ဖြစ်ပါတယ်။ ထွက်တိုးရဲ့ နောက်တစ်ဆင့် ဖွံဖြိုးမှု အနေနဲ့ မြန်မာ့တောင်သူဦးကြီးများရဲ့ စိုက်ပျိုးရေးအနာဂတ်ကို Village Link ကတဆင့် ပံ့ပိုးနေရတဲ့အတွက် ကျွန်တော်တို့ ဝမ်းသာပါတယ်” ဟု Netherlands Space Office မှ အကြီးတန်းအကြံပေး မစ္စတာရုဒ်ဂရင်းမ်က ပြောကြားသည်။

ထွက်တိုး အက်ပလီကေးရှင်းသည် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလကတည်းက စမ်းသပ် ထွက်ရှိခဲ့ပြီး ပုံမှန်အသုံးပြုသူ ၂၀,၀၀၀ ကျော်ရှိ၍ ဂူးဂဲလ်ပလေးစတိုးတွင် ရရှိနိုင်သည်။ ထွက်တိုးတွင် အမေးအဖြေ၊ စိုက်ပျိုးရေးနည်းပညာ၊ ရာသီဥတု၊ DM Code(စိုက်ပျိုးရေးထုတ်ကုန်များ စစ်ဆေးရန်ကုဒ်)၊ အပတ်စဉ် ကောက်ပဲသီးနှံဈေးနှုန်း၊ သတင်းနှင့် ဆောင်းပါးများဟူသော လုပ်ဆောင်ချက်ခြောက်ခု ပါဝင်သည်။

“ထွက်တိုးအက်ပလီကေးရှင်းရဲ့ အသံုံးပြုမှု ပိုမိုကျယ်ပြန့်လာစေဖို့ ဒတ်ချ်အစိုးရရဲ့ ခိုင်မာတဲ့ ထောက်ပံ့မှုရထားတာ ကျွန်တော်တို့ သိပ်ကံကောင်းပါတယ်။ ကျွန်တော်တို့ တောင်သူဦးကြီးတွေရဲ့ နေထိုင်မှုပုံစံ အဆင့်မြင့်ဖို့ အက်ပလီကေးရှင်း အစီအစဉ်တွေထဲမှာ နောက်ဆုံးပေါ် နည်းပညာတွေ ဖြည့်သွင်းဖို့ ကျွန်တော်တို့ စီစဉ်နေပါတယ်” ဟု ဦးသတိုးဟိန်းကပြောကြားသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.