ရေရရှိပိုင်ခွင့်နဲ့ပတ်သက်ပြီး ပိုမိုတင်းမာလာတာနဲ့အမျှ စစ်ကိုင်းတိုင်းဒေသကြီး အလောင်းတော်ကဿဖ အမျိုးသားဥယျာဉ်အနီးမှာရှိတဲ့ ဆင်းရဲတဲ့လယ်သမားတွေရဲ့ ရေနဲ့ပတ်သက်တဲ့အခက်အခဲတွေကို ဒို့အသံရဲ့ ဒီတစ်ပတ်အစီအစဉ်မှာ တင်ဆက်ပေးမှာ ဖြစ်ပါတယ်။ ရာသီဥတုပြောင်းလဲခြင်းကြောင့် ကောက်ပဲသီးနှံအထွက်နှုန်းကျခြင်းနဲ့ မိုးခေါင်ခြင်းတွေကြောင့် လယ်သမားတချို့ဟာ စားဝတ်နေရေးအတွက် သစ်တောတွေထဲက ကျွန်းသစ်တွေကို ခိုးယူခုတ်ဖြတ်တဲ့အတွက် အဖမ်းခံရပါတယ်။ စိုက်ပျိုးရေရရှိဖို့ အစိုးရက ရေတွင်းတွေတူးပေးဖို့ လယ်သမားတွေက လိုလားပါတယ်။ ဒါပေမဲ့ ခုချိန်ထိတော့ ဘာမှ ဖြစ်လာသေးပါဘူး။ ဒီဆောင်းပါးအပြည့်အစုံကို နားဆင်နိုင်ပါပြီ။
မြန်မာနိုင်ငံအလယ်ပိုင်း ဒေသန္တရအုပ်ချုပ်ရေးယန္တရားများကို ဒေသခံတော်လှန်ရေးအဖွဲ့များနှင့်အတူ အမျိုးသားညီညွတ်ရေးအစိုးရက ပူးတွဲအကောင်အထည်ဖော်လျက်ရှိသည်။ သို့သော် အဆိုပါယန္တရားများ၏ ထိရောက်မှုနှင့် မြေပြင်လက်နက်ကိုင်အဖွဲ့များအကြား မည်မျှအထိ ဟန်ချက်ညီညီ ချိတ်ဆက်နိုင်မည်ဆိုသည့်အပေါ် မေးခွန်းထုတ်မှုများ ရှိနေသည်။
Frontier ရေးသားသည်။