တရုတ်လေယာဉ်ပေါ်မှခရီးသည်များအား ရန်ကုန်သို့အဝင်မခံဘဲပြန်လွှတ်

ရန်ကုန်
ဖျားနေသည့်တရုတ်နိုင်ငံသားတစ်ဦးပါလာသော တရုတ်နိုင်ငံ၊ကွမ်ကျိုး မှ ရန်ကုန်သို့ပျံသန်းလာသည့်လေယာဉ်ပေါ်မှခရီးသည်များနှင့်လေယာဉ်အမှုထမ်းများကို ရန်ကုန်သို့ဝင်ခွင့်မပြုခဲ့ဘဲ ယနေ့၊ မွန်းလွဲနှစ်နာရီခန့်တွင်ရန်ကုန်လေဆိပ်မှ ပြန်လည်ထွက်ခွာသွားပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်သည်။
သို့သော် ဖျားနာနေသောတရုတ်ခရီးသည်ကို ဝေဘာဂီအထူးကုဆေးရုံ ရှိ သီးခြားခန်း (isolation room) သို့ပို့ဆောင်ထားရှိပြီး ၎င်းထံမှ ဓာတ်ခွဲနမူနာရယူ၍ 2019 Novel Coronavirus ကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ရှိ၊ မရှိ ကို အတည်ပြုနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် အဆိုပါ လေယာဉ်ဖြင့်လိုက်ပါလာသော မြန်မာနိုင်ငံသား အမျိုးသား ခရီးသည် (၂) ဦးတွင် ကိုယ်ပူခြင်း၊ ဖျားနာခြင်း စသည့် ရောဂါလက္ခဏာတစ်စုံတစ်ရာ မရှိသော်လည်း ဝေဘာဂီအထူးကုဆေးရုံရှိ သီးခြားခန်းတွင်ထားရှိကာ ရောဂါကူးစက်မှု ရှိ၊ မရှိ စနစ်တကျ စောင့်ကြပ်ကြည့်ရှု (quarantine) လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

လေယာဉ်ပေါ်မှသံသယလူနာတွေ့ရှိပြီးနောက်ဆောင်ရွက်နေသည့်အခြေအနေ။ဓာတ်ပုံ-DCA

လေယာဉ်ပေါ်မှသံသယလူနာတွေ့ရှိပြီးနောက်ဆောင်ရွက်နေသည့်အခြေအနေ။ဓာတ်ပုံ-DCA

ယနေ့နံနက် (၁၀-၄၅)နာရီ အချိန်ခန့်တွင် ရန်ကုန်သို့ဆိုက်ရောက်လာသည့် China Southern လေကြောင်းဖြင့် လိုက်ပါလာသည့် တရုတ်နိုင်ငံသား အမျိုးသားခရီးသည် (၁) ဦးတွင် ကိုယ်ပူချိန်အနည်းမြင့်မားခြင်း၊ ချောင်းဆိုးခြင်း၊ နှာစေးခြင်းနှင့် လည်ချောင်းနာခြင်း လက္ခဏာများစစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။
အဆိုပါသတင်းသည် အွန်လိုင်းပေါ်တွင်အလျှင်အမြန်ပျံ့နှံ့သွားခဲ့ပြီးနောက် စိုးရိမ်မှုရော ဝေဖန်မှုများပါ ပေါ်ပေါက်ခဲ့ပြီးနောက် ဝန်ကြီးဌာနက အလျှင်အမြန်သတင်းထုတ်ခဲ့ခြင်းဖြစ်သည်။
သမ္မတသည် 2019 Novel Coronavirus (2019-nCov) ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီ ကိုယမန်နေ့က ဖွဲ့စည်းပေးလိုက်ပြီးမြန်မာနိုင်ငံသို့ပြည်ပမှဝင်ရောက်လာသူများတွင် ရောဂါပိုးပါမပါစောင့်ကြည့်ရန်နှင့် ရောဂါလက္ခဏာပေါ်ပေါက်လာပါကဆက်လက်မကူးစက်မပြန့်ပွားရေးဆောင်ရွက်ရန် ညွှန်ကြားထားသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.