တရားမဝင်ကုန်သွယ်မှု တားဆီးရေးအတွက် EuroCham က အစိုးရနှင့် ပူးပေါင်းဆောင်ရွက်နေ

တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအတွက် ဥရောပကုန်သွယ်ကြီးများအသင်း (EuroCham) ၏ Anti-Illicit Trade Advocacy အဖွဲ့သည် အစိုးရ အဖွဲ့အစည်းများ ပူးပေါင်းဆောက်ရွက်လျှက်ရှိရာ တွေ့ဆုံဆွေးနွေးမှု အနည်းဆုံး ၁၀ ကြိမ်ပြုလုပ်ခဲ့သည်ဟု သိရသည်။

ယခုနှစ်အတွင်း ၎င်းတို့အဖွဲ့အနေဖြင့် တရားမဝင်ကုန်သွယ်မှု တားဆီးရေးနှင့် သက်ဆိုင်သည့် အစိုးရဌာနအသီးသီးမှ တာဝန်ရှိသူများနှင့် ၁၀ ကြိမ်ကျော် တွေ့ဆုံဆွေးနွေးနိုင်ခဲ့သည်ဟု  Anti-Illicit Trade Advocacy ၏ တွဲဖက်ဥက္ကဋ္ဌဖြစ်သူ ဒေါ်ခိုင်ဝေသွယ်က ပြောသည်။

ထိုသို့တွေ့ဆုံရာတွင် ရင်းနှီးမြှုပ်နှံသူများနှင့် စီးပွားရေးလုပ်ငန်းများ ရင်ဆိုင်နေရသည့် အခက်အခဲ စိန်ခေါ်ချက်များ၊ ရေတိုရေရှည် ပူးပေါင်းလုပ်ဆောင်နိုင်မည့်အချက်များ၊ အလျှင်အမြန် အလေးထား ပြုပြင်ရမည့် ကိစ္စများနှင့် ရေရှည်မူဝါဒချမှတ် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကို ပွင့်လင်းစွာ ဆွေးနွေးနိုင်ခဲ့သည်ဟု ၎င်းက ဆိုသည်။

ထိုတွေ့ဆုံဆွေးနွေးမှုများအရ တရားမဝင်ကုန်သွယ်မှု၏ အခန်းကဏ္ဍတွင် ဥပဒေစိုးမိုးရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုမှာ အဓိကဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်ဟု ၎င်းကပြောသည်။

ကမ္ဘာလုံးဆိုင်ရာ တရားမဝင် ကုန်သွယ်မှုများအား နိုင်ငံအသီးသီးက ကိုင်တွယ်ဖြေရှင်းမှုများကို လေ့လာ ဖော်ပြထားသည့် ကမ္ဘာလုံးဆိုင်ရာ တရားမဝင်ကုန်သွယ်မှု အညွှန်းကိန်းတွင် မြန်မာနိုင်ငံက အောက်ဆုံးအဆင့်နီးပါး ရောက်ရှိနေသည်။

၂၀၁၈ ခုနှစ်အတွက် ထုတ်ပြန်ခဲ့သည့် အဆိုပါအညွှန်းကိန်းတွင် နိုင်ငံပေါင်း ၈၄ နိုင်ငံကို ဖော်ပြထားရာ မြန်မာက အဆင့် ၈၂ တွင် ရှိနေပြီး မြန်မာ၏အောက်တွင် အီရတ်က အဆင့် ၈၃ နှင့် လစ်ဗျားက အဆင့် ၈၄ တို့၌ ရှိနေသည်။

အုပ်စုဖွဲ့ရာဇဝတ်မှုများ များပြားခြင်း၊ အကျင့်ပျက်မှု များပြားခြင်း၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး စွမ်းဆောင်ရည် နိမ့်ကျခြင်း၊ ဥပဒေ စိုးမိုးစေရေးတွင် စွမ်းဆောင်ရည် အကန့်အသတ်ဖြင့်ရှိခြင်း၊ ပြည်သူများ သိနားလည်မှု ကင်းမဲ့ခြင်း၊ တရားမဝင် ကုန်သွယ်မှုနှင့် အကျင့်ပျက်မှု တိုက်ဖျုက်ရေး အပြည်ပြည်ဆိုင်ရာ စာချုပ် ၁၄ ခုအနက် ကိုးခုကိုသာ မြန်မာနိုင်ငံက လက်မှတ်ရေးထိုးထားသဖြင့် အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်များ လိုက်နာမှု အားနည်းခြင်းတို့ကြောင့် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးတွင် မြန်မာနိုင်ငံသည် အခြားသော အနိမ့်ဆုံးနိုင်ငံများနှင့်အတူ ရပ်တည်နေကြောင်း အဆိုပါ တရားမဝင် ကုန်သွယ်မှု အခြေအနေကိန်းညွန်းတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ ဆေးဝါးတင်သွင်းရောင်းချမှုများတွင် အတုအပများနှင့် တရားမဝင်တင်သွင်းမှုများကို ရင်ဆိုင်နေရကြောင်းလည်း Health Advocacy Group ၏ ပူးတွဲဥက္ကဋ္ဌ Mr Ruben Lee က ပြောကြားသည်။

တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးတွင် အစိုးရဌာနများ၊ ပုဂ္ဂလိက အဖွဲ့အစည်းများနှင့် မြန်မာနိုင်ငံသားများ ပူးပေါင်းပါဝင်ရန်လည်း စက်တင်ဘာလအတွင်းက နေပြည်တော်၌ ကျင်းပခဲ့သည့် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးဖိုရမ်၌ မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က တိုက်တွန်းခဲ့သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.