တယ်လီနောမြန်မာက အမှုဆောင်အရာရှိချုပ်သစ် ခန့်အပ်

၂၀၁၃ ခုနှစ်တွင် တယ်လီနောမြန်မာအား စတင်တည်ထောင် လုပ်ကိုင်စဉ်ကတည်းက အဖွဲ့ဝင်တစ်ဦးအဖြစ် ပါဝင်ခဲ့သည့် Mr Lars Erik Tellmann အား အမှုဆောင်အရာရှိချုပ်သစ်အဖြစ် ခန့်အပ်လိုက်ရာ Mr Petter Furberg ထံမှ အဆိုပါ တာဝန်ကို တာဝန်လွှဲပြောင်းရယူမည်ဟု နော်ဝေအခြေစိုက်ကုမ္ပဏီက ဇူလိုင် ၅ ရက်နေ့က ကြေညာလိုက်သည်။

အသက် ၄၄ နှစ်ရှိ Tellman သည် လက်ရှိတွင် တယ်လီနောမြန်မာ၏ ဘဏ္ဍာရေးအရာချုပ်အဖြစ် တာဝန်ယူထားပြီး သြဂုတ် ၁ ရက်နေ့တွင် စတင်အကျိုးသက်ရောက်မည့် ရာထူးအပြောင်းအလဲအရ တယ်လီနော၏ လုပ်ငန်းစုဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ အမှုဆောင်အဖြစ်လည်း ပါဝင်မည် ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“Lars Erik ဟာ တယ်လီနောရဲ့ မြန်မာနိုင်ငံက လုပ်ငန်းတွေကို စတင်တည်ထောင် စီမံခန့်ခွဲသူအဖွဲ့မှာ ပါဝင်ခဲ့ပြီး ပြီးခဲ့တဲ့ သုံးနှစ်အတွင်းမှာ ကုမ္ပဏီရဲ့ လုပ်ငန်းဆောင်ရွက်မှုနဲ့ တိုးတက်မှုအတွက် အဓိကကျတဲ့ ကဏ္ဍက ပါဝင်ခဲ့ပါတယ်။ ကျွန်တော်တို့လုပ်ငန်း တိုးတက်မှုရဲ့ မျက်နှာစာအသစ်ကို ဦးဆောင်ဖို့ရာနဲ့ ခိုင်မာပြီးသားဖြစ်တဲ့ ကုမ္ပဏီရဲ့ လုပ်ငန်းဆောင်ရွက်ပုံနဲ့ နည်းလမ်းတွေကို ပိုမိုဖွံ့ဖြိုးစေဖို့ရာ လမ်းညွှန်နိုင်မယ့် အတွေ့အကြုံရှိတဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်တယ်လို့ သူ့ကို တယ်လီနော အနေနဲ့ ယုံကြည်ထားပါတယ်” ဟု တယ်လီနောလုပ်ငန်းစု၏ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သူ Sigve Brekke က ပြောကြားသည်။

Tellmann သည် တယ်လီနောကို ၂၀၀၁ ခုနှစ်တွင် စတင်ဝင်ရောက်ခဲ့ပြီး အရှေ့ တောင်အာရှရှိ တယ်လီနောလုပ်ငန်းစု၏ လုပ်ငန်းများတွင် ရှစ်နှစ်ကျော်ကြာ လုပ်ကိုင်ခဲ့သည်။ ၂၀၁၃ ခုနှစ်ကက စတင်ကာ တယ်လီနောမြန်မာတွင် ဘဏ္ဍာရေးအရာရှိချုပ်ရာထူးကို ထမ်းဆောင်နေပြီး ထိုမတိုင်မီက တယ်လီနော အာရှတွင် အကြီးတန်းဒုတိယဥက္ကဋ္ဌနှင့် ဈေးကွက်ဗျူဟာဖွံ့ဖြိုးမှုဌာန အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

“တယ်လီနောမြန်မာကို ဦးဆောင်ခွင့်ရတဲ့အတွက် ဝမ်းမြောက် ဂုဏ်ယူမိပါတယ်။ မိုဘိုင်းတယ်လီဖုန်း ဆက်သွယ်ရေး လုပ်ငန်းတွေဟာ ပြီးခဲ့တဲ့ နှစ်နှစ်ကျော်အတွင်းမှာ မြန်မာနိုင်ငံကို ကြီးမားတဲ့ သက်ရောက်မှုတွေ ရှိခဲ့ပြီး လာမယ့်နှစ်တွေမှာလည်း တိုင်းပြည်ဖွံ့ဖြိုး တိုးတက်မှုအတွက် အရေးပါတဲ့ အထောက်အကူပြုတဲ့ ကဏ္ဍကနေ ဆက်လက်ပါဝင်နေမှာ ဖြစ်ပါတယ်။

“တယ်လီနောဟာ မြန်မာနိုင်ငံမှာ ခိုင်မာတဲ့ ဈေးကွက်နဲ့ ကွန်ရက်တည်ရှိ နေပြီးဖြစ်သလို ဈေးကွက်ဗျုဟာနဲ့ စီးပွားရေးဆောင်ရွက်မှု ပုံစံကောင်းတွေ ရှိနေတဲ့ တယ်လီနောအနေနဲ့ အနာဂတ်မှာ ပိုမိုဖွံ့ဖြိုးလာဖို့ စနစ်တကျ ဖွဲ့စည်းဆောင်ရွက်ပြီး ဖြစ်ပါတယ်။ ကျွန်တော်ရဲ့ တာဝန်ကတော့ ခေါင်းဆောင်မှု အရည်အသွေး ပြည့်ဝသူတွေရယ်၊ လုပ်ငန်းအပေါ် နှစ်သက်မြတ်နိုးပြီး ကြိုးကြိုးစားစား လုပ်ကိုင်ကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေရယ်နဲ့အတူ ဒီဗျုဟာကို အကောင်အထည် ဖော်သွားဖို့ပဲ ဖြစ်ပါတယ်”ဟု Tellmann က ပြောကြားသည်။

“ပြီးခဲ့တဲ့ သုံးနှစ်ကျော်အတွင်းမှာ ဦးဆောင်မှုပေးခဲ့တဲ့ Petter ကိုလည်း အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။ ယနေ့ တယ်လီနော လုပ်ငန်းစုရဲ့ အအောင်မြင်ဆုံး ဆောင်ရွက်မှုတွေအထဲမှာ တယ်လီနော မြန်မာလည်း ပါဝင်နေပါတယ်” ဟု Sigve Brekke ပြောကြားသည်။

Petter Furberg သည် တယ်လီနော ဒစ်ဂျစ်တယ်စီးပွားရေး၏ Online Classifieds & Market places and Consumer Service တွင် တာဝန် ထမ်းဆောင်သွားမည် ဖြစ်သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.