စားသောက်ကုန်ဘေးကင်းရေး ကမ္ဘာ့အဆင့်စံနှုန်းအတွက် ဆက်ကြိုးစားမည်

“စိုက်ခင်းမှသည် ခက်ရင်းဖျားဆီသို့” ရောက်သည်အထိ ကုန်စည်စီးဆင်းမှုအစအဆုံးတွင် အရည်အသွေးဆိုင်ရာ အပြည့်အဝ စောင့်ကြည့်စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်သည်။

ယနေ့ခေတ်တွင် စားသုံးသူများ၏ ယုံကြည်မှုသည် ယခင်ကထက် ပိုမိုအရေးကြီးလာရာ စားသောက်ကုန်လုပ်ငန်းတိုင်းနှင့် စီးပွားရေးလုပ်ငန်းတိုင်းသည်လည်း စားသောက်ကုန် ဘေးအန္တရာယ်ကင်းရှင်းရေး Food Safety ကို အဓိကဦးစားပေးရန် လိုအပ်လာပြီဖြစ်ပါသည်။

METRO (မက်ထရို) သည် တကမ္ဘာလုံး အတိုင်းအတာအားဖြင့် စားသောက်ကုန်ဘေးအန္တရာယ် ကင်းရှင်းရေးကဏ္ဍ၏ ဦးဆောင်လုပ်ငန်းတစ်ခုဖြစ်ပြီး ယုံကြည်စိတ်ချရသော ကုန်စည်စီးဆင်းမှုစနစ်များနှင့် စားသောက်ကုန် ဘေးကင်းရေးအတွက် လိုအပ်သည့် လုပ်ဆောင်မှုများကိုလည်း နိုင်ငံပေါင်း ၃၄ နိုင်ငံတွင် ချမှတ်ကျင့်သုံးလျက်ရှိပါသည်။

METRO Myanmar စားသောက်ကုန်များသည် ဒေသတွင်းထုတ်လုပ်သူများထံမှ တိုက်ရိုက်ဝယ်ယူ အသုံးပြုသည့်အပြင် စားသောက်ကုန်လုပ်ငန်းနယ်ပယ်အတွင်း ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အကောင်းဆုံးလုပ်ဆောင်သည်ဟူသော စံနှုန်းသတ်မှတ်ချက်ကို ရရှိနိုင်ရန် ပြည်တွင်းထုတ်ကုန်နှင့် ပြည်ပသွင်းကုန် နှစ်ရပ်စလုံး၏ ကုန်စည်စီးဆင်းမှု အရည်အသွေးကို အဆင့်တိုင်းတွင် အပြည့်အဝ စောင့်ကြည့်ခြင်းမှာလည်း METRO ၏ အသိအမှတ်ပြုခံရသော လုပ်ဆောင်မှုဖြစ်ပါသည်။

“သုံးစွဲသူတွေကို အထူးလတ်ဆတ်ပြီး အရည်အသွေးမြင့်မားတဲ့ ကုန်ပစ္စည်းတွေဖြည့်ဆည်းပေးနိုင်ဖို့ လယ်သမားတွေ၊ မွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူတွေ၊ ရေထွက်ပစ္စည်း လုပ်ငန်းလုပ်ကိုင်သူတွေစတဲ့ ဒေသခံထုတ်လုပ်သူတွေနဲ့ ကျွန်တော်တို့ အတူလက်တွဲလုပ်ကိုင်နေပါတယ်” ဟု METRO Myanmar ၏ အမှုဆောင်အရာရှိချုပ် Mr. Jens Michel က ပြောကြားသည်။

METRO Myanmar သည် ၂၀၁၉ ခုနှစ် သြဂုတ်လတွင် HACCP Hazard Analysis and Critical Control Point (စားသောက်ကုန် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် သိပ္ပံနည်းကျ အစားအသောက် ဘေးဥပါဒ်ကင်းရှင်းမှုထိန်းချုပ်စနစ်) လက်မှတ်ကို ရရှိခဲ့ပြီး မြန်မာနိုင်ငံတွင် အဆိုပါ လက်မှတ်ကို ပထမဆုံးရရှိသည့် နိုင်ငံတကာ စားသောက်ကုန်လက်ကားဖြန့်ဖြူးရေး လုပ်ငန်းစုကြီးဖြစ်ပါသည်။

ထို့အပြင် METRO သည် ကမ္ဘာ့အဖွဲ့အစည်းကြီးတစ်ခုဖြစ်သည့် GFSI (Global Food Safety Initiative) ၏ ပိုမိုအဆင့်မြင့်မားပြီး များစွာပိုမိုတင်းကျပ်သော FSSC 22000 (အစားအသောက် ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ အသိအမှတ်ပြုလက်မှတ်) ကို ရရှိနိုင်ရေးအတွက်လည်း ဆက်လက်ဆောင်ရွက်လျက် ရှိပါသည်။

ဒေသတွင်း အစားအသောက်အရင်းအမြစ် ဖြည့်တင်းမှုနှင့် ကျေးလက်အဖွဲ့အစည်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေရန်အတွက်လည်း တောင်သူလယ်သမားများကို Food Safety နှင့် HACCP လေ့ကျင့်ရေး သင်တန်းများအပြင် သီးနှံစိုက်ပျိုးရေး မွမ်းမံသင်တန်းများကိုလည်း သင်ကြားပို့ချလျက်ရှိပါသည်။ သို့သော် ပြည်တွင်းစားသောက်ကုန်ဖြန့်ဖြူးမှု၏ ၇၅ ရာခိုင်နှုန်းကို ပြည်တွင်းထုတ်ကုန်များဖြင့် ဖြန့်ဖြူးနိုင်ရန် METRO Myanmar က ဦးတည်ချက်ရှိသည့်အတိုင်း ဆက်လက်အကောင်အထည် ဖော်သွားမည်ဖြစ်ပါသည်။

ထို့အပြင် “စိုက်ခင်းမှသည် ခက်ရင်းဖျားဆီသို့” ရောက်သည်အထိ ကုန်စည်စီးဆင်းမှုအစအဆုံးတွင် အရည်အသွေးဆိုင်ရာ အပြည့်အဝ စောင့်ကြည့်စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်သည့်အပြင် ရင်းနှီးမြှုပ်နှံခြင်း၊ ပညာပေးခြင်းနှင့်အကောင်အထည်ဖော်ခြင်းတို့ဖြင့် အကောင်းအဆုံးနည်းလမ်းများကို ဆက်လက်ကျင့်သုံးသွားမည်ဖြစ်ကြောင်း Mr. Jens Michel က ဆက်လက်ပြောကြားပါသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.