စပိန်နဲ့ မျဉ်းပြိုင်များ

၁၉၃၆ စပိန်နဲ့ ဒီကနေ့ မြန်မာနိုင်ငံကြား နှိုင်းယှဉ်လို့ မဖြစ်နိုင်တဲ့ အရာတွေ ရှိပါတယ်။ တစ်ခုက အနာဂါတ်နဲ့ပတ်သက်တဲ့ သရုပ်မှန်ဝါဒ ဖြည့်သွင်းထားတဲ့ မျှော်လင့်ချက် ဖြစ်ပါတယ်။

ခင်ဇော်ဝင်း ရေးသားသည်။

မကြာသေးခင်က အွန်လိုင်းက နယူးယော့တိုင်းသတင်းစာရဲ့ အတွေးအမြင် အက်ဆေးတွေပေါ်က ရှုမြင်သုံးသပ်ချက် နှစ်ခုအကြောင်း စဉ်းစားနေမိပါတယ်။ တစ်ခုက ရီပတ်ဘလစ်ကင် အထက်လွှတ်တော်အမတ် မက်ကိန်းရဲ့ သုံးသပ်ချက်ဖြစ်ပြီး သမ္မတရွေးကောက်ပွဲနဲ့ မပတ်သက်ပါဘူး။

မက်ကိန်းက စပိန်ပြည်တွင်းစစ် (၁၉၃၆ – ၃၉) မှာ ကိုယ့်ရဲ့ဆန္ဒအလျောက် ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ အမေရိကန်လူမျိုးတွေကို ချီးကျူးပါတယ်။ သူတို့ထဲက နောက်ဆုံးကျန်ရှိတဲ့ နိုင်ငံတကာတပ်ဖွဲ့တွေမှာ အမှုထမ်းခဲ့တဲ့ ဒဲလ်မာဘာ့ဂ်ဟာ မကြာသေးခင်က အသက် ၁၀၀ ပြည့်အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်။

နောက်တစ်ခုက အာဒမ်ဟော့စ်ချိုင်းရဲ့ Spain in Our Hearts: Americans in the Spainish Civil War, 1936-39 ကို သုံးသပ်မှုပါ။

စပိန်ပြည်တွင်းစစ်ဟာ ညစ်ပတ်တဲ့ စစ်ပွဲလေးတစ်ခုပါ။ ကမ္ဘာစစ်ကြီးတွေနဲ့ ယှဉ်ရင် သေးငယ်ပေမဲ့ လူငါးသိန်းလောက်တော့ သေဆုံးခဲ့ပါတယ်။ အဲဒီစစ်ပွဲဟာ ဒုတိယကမ္ဘာစစ်အတွက် ဝတ်စုံပြည့် အစမ်းလေ့ကျင့်မှုသာ ဖြစ်တယ်လို့ ရှုမြင်ကြပါတယ်။ နှစ်ဖက်စလုံးက ရက်စက်မှုတွေ ကျူးလွန်ခဲ့ပါတယ်။

သူတို့(အမေရိကန် အပျော်တမ်းတပ်ဖွဲ့ဝင်တွေ)ဟာ ဗိုလ်ချုပ်ကြီး ဖရန်စစ္စကို ဖရန်ကို ဦးဆောင်တဲ့ စစ်သူပုန် အမျိုးသားရေး ဝါဒီတွေကို ဆန့်ကျင်ပြီး ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြောက်ခံထားရတဲ့ လက်ဝဲဝါဒီ စပိန်အစိုးရကို ကာကွယ်ဖို့ ရီပတ်ဘလစ်ကင်ဘက်က တိုက်ခိုက်ခဲ့ကြပါတယ်။

အမျိုးသားရေးဝါဒီတွေဟာ ကွန်မြူနစ်ကို ဆန့်ကျင်တိုက်ဖျက်ဖို့၊ ဘုရင်စနစ်ကို ပြန်လည်ထိန်းသိမ်းဖို့ဆိုကာ အကြောင်းပြခဲ့ပြီး ရီပတ်ဘလစ်ကင်တွေကတော့ ဒီမိုကရေစီကို ထိမ်းသိမ်း စောင့်ရှောက်ဖို့ဆိုပြီး ဝန်ခံခဲ့ကြပါတယ်။

ပြီးတော့ ရီပတ်ဘလစ်ကင်တွေရဲ့ စခန်းထဲကို ပြည်ပက အကောင်းဆုံး စံပြုဝါဒီ လွတ်မြောက်ရေး တိုက်ခိုက်ရေးသမားတွေ ရောက်လာခဲ့ပါတယ်လို့ မတ် ၂၄ ရက်နေ့က ထုတ်ဝေခဲ့တဲ့ ကွန်မြူနစ်တစ်ဦးသို့ အလေးပြုခြင်း(Salute to a Communist) အက်ဆေးမှာ မက်ကိန်းက ရေးသားခဲ့ပါတယ်။

စပိန်ဟာ ၂၀ ရာစုရဲ့  အင်အားအကြီးမားဆုံး သဘောတရားရေးသုံးခုဖြစ်တဲ့ ကွန်မြူနစ်ဝါဒ၊ ဖက်ဆစ်ဝါဒနဲ့ မိမိကိုယ်ကိုယ် ပြဋ္ဌာန်းရေးဝါဒတွေက စစ်ပွဲကို စတင်တဲ့နေရာ ဖြစ်လာခဲ့တယ်။ ဒီစစ်ပွဲဟာ ပုံစံတစ်ခုမဟုတ်တစ်ခု ပုံစံနဲ့ ဆက်ပြီး တည်ရှိခဲ့တာ ရာစုနှစ်ရဲ့ ထက်ဝက်ကျော်ကြာခဲ့ပြီး လွတ်မြောက်ရေး လိုလားသူတွေနဲ့ သူတို့ကို ရပ်တည်ကာကွယ်တဲ့ အမေရိကန် အင်အားကြီးလာတဲ့အထိပေါ့ဆိုပြီးလည်း သူကသတိထားမိအောင် ပြောခဲ့ပါသေးတယ်။

ခေါင်းစဉ်က အဲလ်ဘတ်ကမူးရဲ့ အဆိုအမိန့် တစ်ခုဆီကဆိုတာ ထောက်ပြတဲ့အတွက် စာအုပ်ကို သုံးသပ်တဲ့သူကို ကျွန်တော် အထူးကျေးဇူးတင်ပါတယ်။ ကျွန်တော့်မျိုးဆက်က လူတွေက ကျွန်တော်တို့ နှလုံးသားထဲက စပိန်ကို ပိုင်ဆိုင်ထားပါတယ်လို့ သူကရေးခဲ့တယ်။ အဲဒီမှာ သူတို့ သိခဲ့တာက တစ်စုံတစ်ယောက်က မှန်ကန်နိုင်တယ်။ ဒါပေမယ့် အနိုင်ယူခံရနိုင်တယ်။ အင်အားက စိတ်ဓါတ်ကို အနိုင်ရနိုင်တယ်။ နောက်ပြီး သတ္တိဟာ ဆုချ(အသိအမှတ်ပြု)မခံရတဲ့ အချိန်တွေ ရှိခဲ့တယ်ဆိုတာပါပဲ။

ဒီအဆိုအမိန့်ဟာ ကျွန်တော့်ဘဝရဲ့  ကြီးမားတဲ့ အစိတ်အပိုင်းကို လွှမ်းမိုးထားပါတယ်။ သူ့ရဲ့အရှိတရားကတော့ နည်းနည်းတော့ စိတ်အနှောက်အယှက် ဖြစ်စရာကောင်းပါတယ်။ ဒါပေမဲ့ ဒါဟာ အလျှော့ပေး အရှုံးပေး စိတ်ဓါတ်တော့ မဟုတ်ပါဘူး။ ဒါဟာ အင်အားကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုတဲ့ အရှိတရားကိုလည်း ပြပါတယ်။ နောက်ပြီး ကျွန်တော်တို့ ဘာလုပ်သင့်တယ်ဆိုတဲ့ နှုတ်ဆိတ်မေးခွန်းကိုလည်း မေးထားပါတယ်။ ဒုတိယကမ္ဘာစစ်မှာ စိတ်ထဲတောင်မကူးခဲ့တဲ့ထိတ်လန့်စရာတွေ ဖြစ်ပေါ်လာတဲ့အခါမှာတော့ ဒီလိုဖြစ်တော့မယ်လို့ ခင်ဗျားတို့ကို ကျွန်တော် ပြောခဲ့သားပဲ။ ဒါ့ကြောင့် ကျွန်တော်တို့ တိုက်ခိုက်ပြီး ကိုယ်ကျိုးစွန့်ခဲ့တာပေါ့လို့ ရီပတ်ဘလစ်ကင်တွေဘက်က တိုက်ခိုက်ပေးခဲ့တဲ့ အဲဒီအပျော်တမ်း တပ်ဖွဲ့ဝင်တွေက ပြောနိုင်ခဲ့ပါပြီ။

အဲဒီအချိန်ကသာ ကျွန်တော်ရှိနေခဲ့မယ်ဆိုရင် ကျွန်တော်လည်း အဲဒီကိုသွားပြီး တိုက်ခိုက်မှုတွေ လုပ်နေမိမှာပဲဆိုပြီး ကိုယ့်ကိုယ်ကိုယ် တွေးနေမိပါတယ်။ ဒါပေမဲ့ အခုအချိန်မှာ ကျွန်တော် တကယ်လုပ်ချင်တာက ဒီလိုပဋိပက္ခရှိခဲ့တဲ့ စပိန်ကို မြန်မာနိုင်ငံနဲ့ နှိုင်းယှဉ်ကြည့်ဖို့ပါ။

စပိန်က စစ်ပွဲက သုံးနှစ်ကြာခဲ့ပြီး ရလဒ်က အမျိုးရေးဝါဒီတွေအတွက် ပြတ်ပြတ်သားသား ရရှိသည့် အောင်ပွဲတစ်ခုဖြစ်ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်က အဲဒီစစ်ပွဲထက် အဆ ၂၀ လောက် ပိုကြာနေပါပြီ။ ပြီးဆုံးမယ့် လမ်းလည်း မမြင်ရသေးပါဘူး။

နောက်ပြီး အထက်မှာ ပြောခဲ့တဲ့ အင်အားကြီးတဲ့ သဘောတရားရေးရာကြီးသုံးခုဟာ လွှမ်းမိုးခဲ့ပြီး မြန်မာနိုင်ငံမှာ ဆက်ပြီး လွှမ်းမိုးနေပါတယ်။ တစ်ဖက်ဖက်ကို ပြည်ပက ထောက်ပံ့မှုဟာလည်း ပေါ်လိုက်ပျောက်လိုက်ပါ။ ဒါပေမဲ့ စပိန်နဲ့မတူတာကတော့ မြန်မာနိုင်ငံမှာ စစ်ရေးအောင်မြင်မှုလို့ ကျိုးကြောင်းဆီလျော်အောင် သတ်မှတ်နိုင်တဲ့ အဆင့်အထိ ဘယ်ဘက်ကမှ မစွမ်းဆောင်နိုင်ပါဘူး။

ဒွိုက်ဂါနာက သူ့ရဲ့အမြင်ကို ဒီလို ဆက်ပြောပါတယ်။ ဒါဟာ ထူးခြားတဲ့ စစ်ပွဲလေးပါ။ ဒီကနေ့ ကျွန်တော်တို့ ဒါကို ဟဲမင်းဝေးရဲ့ For whom the Bell Toll ဝတ္ထုနဲ့ အော်ဝဲလ်ရဲ့ ကိုယ်တွေ့မှတ်တမ်း Homage to Catalonia တို့လို ဂန္ထဝင်လက်ရာတွေကနေတဆင့် သတိရနေပါတယ်။

စစ်ပွဲက အမြင်အားဖြင့်လည်း ပဲတင်ထပ်မှုက အရေးပါနေဆဲပါ။ ရောဘတ်ကာပါရဲ့  တိုက်ပွဲဓါတ်ပုံတွေက သမိုင်းဝင်မှတ်တမ်းတွေပါ။ ဂူအာနီကာမြို့ ဗုံးကြဲခံရပြီး ရေးဆွဲခဲ့တဲ့ ပီကာဆိုရဲ့ Guernica ပန်းချီကားဟာလည်း ကျွန်တော်တို့ခေတ်ရဲ့ အရေးပါဆုံး အနုပညာလက်ရာထဲမှာ ပါဝင်ပါတယ်။ ဒါဟာ စစ်ပွဲနဲ့ပတ်သက်တဲ့ ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ အလေးအနက် မေတ္တာရပ်ခံမှု၊ ဖက်ဆစ်ကို ဆန့်ကျင်မှုနဲ့ မကြာခဏ ကွန်မြူနစ်လိုလားတဲ့ အပြစ်အနာကင်းမှုကို လိုလားတဲ့ ဝါဒနဲ့ ပတ်သက်ပါတယ်။

မြန်မာနိုင်ငံမှာ ရာစုဝက်ကြာ အကြမ်းပတမ်း အုပ်စိုးမှုအပေါ် ပြင်းပြတဲ့ မကျေနပ်ချက်ကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာရွေးကောက်ပွဲရလဒ်က သက်သေပြခဲ့ပါတယ်။ ၁၉၃၆ က စပိန်မှာနဲ့ ၂၀၁၆ မြန်မာမှာ အပြစ်အနာ ကင်းမှုလိုလားတဲ့ ဝါဒ ဖြည့်သွင်းထားတဲ့ မျှော်လင့်ချက်ကတော့ ပိုကောင်းတဲ့ စနစ်တစ်ခုကို ထူထောင်နိုင်ဖို့ပါ။

ဒါပေမဲ့ အများကြိုက်ဝါဒီတွေ၊ လူလိမ်တွေရဲ့  လုပ်ဆောင်ချက်တွေနဲ့တော့ ဖြစ်မှာ မဟုတ်ပါဘူး။ နိုင်ငံက အားနည်းချွတ်ယွင်းချက်တွေရှိနေဦးတော့ မြန်မာနိုင်ငံရေးမှာ  ပညာတတ်တွေရဲ့ လှုပ်ရှားမှု အစဉ်အလာတော့ အားကောင်းပါတယ်။ လူထုထောက်ခံမှုဟာ အခုထိတော့ ရနိုင်ပါသေးတယ်။ ဒါပေမဲ့ အမြဲတမ်းတော့ မရနိုင်ပါဘူး။ ယနေ့နိုင်ငံရေးမှာ ပြဿနာ ပိုမိုနက်ရှိုင်းမှု ဖြစ်ရခြင်းဟာ စစ်ပွဲသက် ရှည်ကြာတာတစ်ခုနဲ့တင် လုံလောက်တဲ့ အကြောင်းတရားပါ။

အောင်ကျော်ဦး ဘာသာပြန်သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.