စတုတ္ထအကြိမ်မြောက် Memory နိုင်ငံတကာ ရုပ်ရှင်အမွေအနှစ်ပွဲတော် စတင်

ရန်ကုန်မြို့တွင် နိုဝင်ဘာ ၄ ရက်နေ့မှ ၁၃ ရက်နေ့အထိ ၁၀ ရက်ကြာကျင်းပမည့် စတုတ္ထအကြိမ်မြောက် Memory နိုင်ငံတကာ ရုပ်ရှင်အမွေအနှစ်ပွဲတော်ကို မြန်မာဂန္တဝင် ဇာတ်ကားတစ်ခုဖြစ်သည့် မြဂနိုင်ဇာတ်ကားကို စတင်ပြသကာ ဖွင့်လှစ်ခဲ့သည်။

၁၉၃၄ ခုနှစ်မှ ဒါရိုက်တာ အေဝမ်းမောင်တင်မော်၏ လက်ရာဖြစ်သော ခေတ်ဟောင်းဂန္တဝင်မြောက် မြဂနိုင်ရုပ်ရှင်ကားကို မူရင်းလက်ရာမပျက် ပြုပြင် မွမ်းမံ ထိန်းသိမ်းပြီးနောက် မြန်မာ့ဆိုင်းဝိုင်းနှင့် တွဲဖက်ကာ နေပြည်တော်ရုပ်ရှင်ရုံတွင် နိုဝင်ဘာ ၄ ရက်နေ့ ညနေပိုင်းက ပြသခဲ့ခြင်းဖြစ်သည်။

နေပြည်တော်၊ ဝဇီရာရုပ်ရှင်ရုံနှင့် မဟာဗန္ဓုလပန်းခြံများတွင် ကျင်းပမည့် အဆိုပါ ရုပ်ရှင်ပွဲတော်တွင် ကမ္ဘာတစ်ဝှမ်းမှ ဂန္တဝင် ရုပ်ရှင်ဇာတ်ကားပေါင်း ၆၀ ခန့် ပြသသွားမည်ဟု ပွဲကျင်းပရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“Memory ရုပ်ရှင်ပွဲတော်ဟာ တစ်ခုတည်းသော နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ဖြစ်ပြီး အာရှမှာသာမက မြန်မာနိုင်ငံမှာဆိုရင် အကြီးမားဆုံးသော ရုပ်ရှင်ပွဲတော်အဖြစ်နဲ့ သမိုင်းအမွေအနှစ် ရုပ်ရှင်မျိုးကိုမှ သီးသန့်ရည်ရွယ်ထားတဲ့ တစ်ခုတည်းသော ရုပ်ရှင်ပွဲတော်ဖြစ်ပါတယ်” ဟု Memory Cinemas ၏ ပူးတွဲဒါရိုက်တာဖြစ်သူနှင့် ပူးတွဲတည်ထောင်သူများဖြစ်ကြသော Sé verine Wemaere နှင့် Gilles Duval တို့က သတင်းထုတ်ပြန်ချက်ထဲတွင် ပြောကြားထားသည်။

ယခုနှစ်ပွဲတော်တွင် အထူးအစီအစဉ်အဖြစ် လေဟာပြင်ပိတ်ကား ရုပ်ရှင်ပွဲစဉ်အား ရန်ကုန်မြို့လယ်ရှိ မဟာဗန္ဓုလပန်းခြံ၌ ပြသမည်ဖြစ်ရာ ရုပ်ရှင်ဇာတ်လမ်းတိုများ ပြသပြီးနောက်တွင် ရုပ်ရှင်ဇာတ်ကားကြီးနှစ်ကားအား ပြသသွားမည်ဖြစ်သည်ဟု သတင်းထုတ်ပြန်ထားသည်။

ပွဲတော်တွင် ပြသမည့် ရုပ်ရှင်များအား အခမဲ့ကြည့်ရှုနိုင်မည်ဖြစ်ကာ အချိန်စာရင်းနှင့် ပြသမည့် ရုပ်ရှင်ရုံတို့ကို http://www.memoryfilmfestival.org/schedule တွင် ကြည့်ရှုနိုင်သည်ဟု သိရသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.