စက်မှုဝန်ကြီးဌာနကို စီမံ/ဘဏ္ဍာနှင့်ပေါင်းမည်

ရန်ကုန်

စက်မှုဝန်ကြီးဌာနအား စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့်ပေါင်းပြီး စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးအဖြစ်ပြင်ဆင်ဖွဲ့စည်းရန် အစိုးရကစီစဉ်နေသည်။

ဝန်ကြီးဌာနပူးပေါင်းရေးအား လာမည့်သောကြာတွင်ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်တွင်ရှင်းပြရန် သမ္မတက ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်တစ်ယောက်ကိုတာဝန်ပေးထားသည်။

ထို့နောက်လွှတ်တော်က အဆိုပါကိစ္စကိုဆက်လက်ဆွေးနွေးကြမည်ဖြစ်သည်။

စက်မှုဝန်ကြီးဦးခင်မောင်ချိုအားအနားပေးပြီးနောက် အဆိုပါဝန်ကြီးဌာနကို စီမံဘဏ္ဍာဝန်ကြီး ဦးစိုးဝင်းကဝန်ကြီးအဖြစ် ပူးတွဲတာဝန်ယူထားသည်။

လွန်ခဲ့သည့်လအနည်းငယ်ကမှ လူငယ်ပညာရှင်တစ်ဦးဖြစ်သော ဒေါက်တာမင်းရဲပိုင်ဟိန်းကို စက်မှုဒုဝန်ကြီးအဖြစ်ခန့်အပ်ခဲ့သေးသည်။

ဦးသိန်းစိန်အစိုးရလက်ထက်က အမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ဘဏ္ဍာရေးဝန်ကြီးဌာန၊စက်မှုဝန်ကြီးဌာနဟူ၍ သီးခြားစီရှိခဲ့ရာမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်တွင် ဝန်ကြီးဌာနတစ်ခုထဲဖြစ်လာတော့မည်ဖြစ်သည်။

စက်မှုဝန်ကြီးဌာနသည် အရှုံးအပေါ်ဆုံးဝန်ကြီးဌာနတစ်ခုအဖြစ်နာမည်ကြီးပြီး တပ်မတော်အစိုးရလက်ထက်က အမှတ်(၁)စက်မှုဝန်ကြီးဌာနနှင့်အမှတ်(၂)စက်မှုဝန်ကြီးဌာနဟူ၍ပင် ဝန်ကြီးဌာနနှစ်ခုအထိရှိခဲ့သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.