ဂျာမန်မှ Metro Group နှင့် ပူးပေါင်းကာ လုပ်ငန်းစုတစ်ခုတည်ထောင်မည်ဟု ရိုးမကြေညာ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇

ဂျာမနီအခြေစိုက် စားသောက်ကုန် လက်လီလက်ကား ရောင်းချသည့် နိုင်ငံတကာ လုပ်ငန်းကြီးဖြစ်သည့် Metro အုပ်စုနှင့် ပူးပေါင်းကာ စားသောက်ကုန်မျိုးစုံ လက်ကားဖြန့်ဖြူးရောင်းချမည့် လုပ်ငန်းစုတစ်ခုကို တည်ထောင်သွားမည်ဟု Yoma Strategic က ကြေညာလိုက်သည်။

အသစ်တည်ထောင်မည့် METRO Whoe Sale Myanmar Ltd. တွင် ရိုးမက အစုရှယ်ယာ ၁၅ ရာခိုင်နှုန်း ထည့်ဝင်မည်ဖြစ်ကာ ကျန်အစုရှယ်ယာများကို METRO Group Whole Sale & Food Special List Company (METRO)  က ပိုင်ဆိုင်မည်ဖြစ်သည်။

METRO Myanmar က စားသုံးသူများနှင့် ဟိုတယ်၊ စားသောက်ဆိုင် လုပ်ငန်းရှင်များ၊ ကျွေးမွေးဧည့်ခံရေး ကုမ္ပဏီများ၊ အသေးစား လက်လီရောင်းချသူများ၊ အဖွဲ့အစည်းများနှင့် ရုံးခန်းများသို့ စားသောက်ကုန်နှင့် စားသောက်ကုန် မဟုတ်သော ကုန်ပစ္စည်းပေါင်း ၃,၃၀၀ ကျော်ကို ဖြန့်ဖြူးရောင်းချပေးသွားမည်ဟု ပြီးခဲ့သည့် သောကြာနေ့က သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“Yoma Strategic  နှင့် ဖက်စပ်ကုမ္ပဏီ ထူထောင်ခြင်းသည် အဓိပ္ပာယ်ရှိသော လုပ်ငန်းတိုးချဲ့ မှုအတွက် အရေးပါသည့် ခြေလှမ်းတစ်ရပ်အဖြစ် မှတ်ယူပါကြောင်း၊ အစားအသောက် အန္တရာယ်ကင်းမှုနှင့် ပစ္စည်းထုတ်လုပ်သည့် အဆင့်မှစ၍ စားသုံးသူလက်ဝယ်သို့ ရောက်ရှိခြင်း စသည့် စားသောက်ကုန် ထုတ်လုပ်သည့် နယ်ပယ်များတွင် METRO ၏ ကျွမ်းကျင်မှုများက မြန်မာနိုင်ငံအတွင်း ပစ္စည်းဖြန့်ဖြူးရောင်းချမှု တိုးတက်ရေးအပိုင်းတွင် များစွာအထောက်အကူ ပြုလိမ့်မည်ဟု မိမိတို့အနေဖြင့် ယုံကြည်ထားပါတယ်” ဟု METRO Group Wholesale and Food Specialist Company ၏ စီမံခန့်ခွဲမှု ဘုတ်အဖွဲ့ ဥက္ကဋ္ဌ Mr. Olat Koch က သတင်းထုတ်ပြန်ချက်ထဲတွင်  ပြောကြားသည်။

ရိုးမသည် စားသောက်ကုန်နှင့် အဖျော်ယမကာ ထုတ်လုပ်ရေးလုပ်ငန်းတွင်လည်း သိသိသာသာ ပါဝင် ဆောင်ရွက်နေပြီ ဖြစ်သည်။ High Class ဝီစကီများ ထုတ်လုပ်နေသည့် Access Myanmar Distribution Co. ၏ ရှယ်ယာ ၃၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသလို ထောက်ပံ့ပို့ဆောင်ရေး လုပ်ငန်းဖြစ်သည့် KOSPA Ltd. ကိုလည်း ဂျပန်နိုင်ငံမှ Kobuku Group Corp နှင့်အတူ ၅၀ ရာခိုင်နှုန်းစီ ဖက်စပ်လုပ်ကိုင်နေသည်။

အဓိကလုပ်ငန်းများဖြစ်သည့် အိမ်ခြံမြေ၊ လူသုံးကုန်ပစ္စည်းနှင့် မော်တော်ယာဉ်လုပ်ငန်းများတွင် ပြီးခဲ့သည့်နှစ်များတွင် ရိုးမက အာရုံစိုက် ဆောင်ရွက်လာသည်။

ဆက်သွယ်ရေးတာဝါတိုင်လုပ်ငန်းဖြစ်သည့် edotco တွင် ၎င်းပိုင်ဆိုင်ထားသည့် ရှယ်ယာ ၁၂ ဒသမ ၅ ရာခိုင်နှုန်းကို ၂၀၁၆ ခုနှစ်၏ တတိယသုံးလပတ်တွင် ရောင်းချခဲ့သည်။ ၎င်း၏ ခရီးသွားလုပ်ငန်းခွဲကို စင်ကာပူ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းဖြစ်သည့် SHC Capital Asia Ltd သို့ ရောင်းချမည့်အစီအစဉ်ကိုလည်း ပြီးခဲ့သည့် အောက်တိုဘာလတွင် ရိုးမက ထုတ်ဖော်ပြောကြားခဲ့သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.