ဂျာမန်ဆိုင်ရာ ဆွစ်ဇာလန်သံအမတ်ကြီးအား မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ဖွယ်ရှိ

အေအက်ဖ်ပီ

မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်သစ်အဖြစ် ဂျာမန်နိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံအမတ်ကြီးဖြစ်သူ Christine Schraner Burgener ကို ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားစ်က ခန့်အပ်လိမ့်မည်ဟု ကုလသမဂ္ဂသတင်းရင်းမြစ်များက ဧပြီ ၂၅ ရက်နေ့တွင် ပြောကြားသည်။

ထိုကဲ့သို့ အထူးကိုယ်စားလှယ်ခန့်အပ်ရန်အတွက် ပြီးခဲ့သည့် ဒီဇင်ဘာလက ကျင်းပခဲ့သည့် ကုလသမဂ္ဂအထွေထွေညီလာခံတွင် အထွေထွေအတွင်းရေးမှူးချုပ်အား တိုက်တွန်းခဲ့ကြခြင်းဖြစ်သည်။ ရခိုင်ပြည်နယ်တွင် ဆောင်ရွက်နေသည့် စစ်ဆင်ရေးများ အဆုံးသတ်ရေးအတွက် မြန်မာနိုင်ငံအား တိုက်တွန်းရန် ဆုံးဖြတ်ချက်ကိုလည်း ထိုညီလာခံတွင် ချမှတ်ခဲ့သည်။

ရိုဟင်ဂျာဒုက္ခသည်အကြပ်အတည်းအား မျက်မြင်ကိုယ်တွေ့ ကြည့်ရှုရန်အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြန်မာနှင့် ဘင်္ဂလားဒေရှ့်သို့ သွားရောက်ခြင်းမပြုမီ ရက်ပိုင်းသာလိုတော့သည့် ယနေ့တွင် ထိုသို့ ခန့်အပ်မှုအား ကြေညာမည်ဖြစ်သည်။

ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူက Schraner Burgener ကို ခန့်အပ်မှုနှင့် ပတ်သက်ပြီး အတည်ပြုချက် မပေးသော်လည်း ကြေညာချက် ထွက်ပေါ်လာတော့မည်ဟုဆိုသည်။ Schraner Burgener သည် ထိုင်းနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံအမတ်ကြီးအဖြစ်လည်း တာဝန်ထမ်းဆောင်နေသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.