ဂျပန်၊ စင်ကာပူနှင့် မြန်မာပူးပေါင်းပြီး ဓာတ်မြေသြဇာစက်ရုံ တည်ဆောက်မည်

စင်ကာပူနိုင်ငံမှ ဖက်စပ် ကုမ္ပဏီတစ်ခုက မြန်မာနိုင်ငံက အကြီးဆုံး စိုက်ပျိုးရေး အခြေပြု စက်မှုလုပ်ငန်း ကုမ္ပဏီတစ်ခုနှင့် ပူးပေါင်းကာ ဓာတ်မြေသြဇာစ်ရုံတစ်ခုကို သီလဝါအထူးစီးပွားရေးဇုန်မှာ တည်ဆောက်ဖို့အတွက် အမေရိကန် ဒေါ်လာ ၁၀ ဒသမ ၅ သန်း ရင်းနှီးမြှတ်နှံသွားမယ်လို့ ဆိုပါတယ်။

သီလဝါအထူးစီးပွားရေးဇုံမှာ Agri First Co Ltd က တည်ဆောက်မယ့် စက်ရုံကနေ ၂၀၁၇ ခုနှစ်က စတင်ပြီး တစ်နှစ်လျှင် ဓာတ်မြေသြဇာ တန် ၁၀၀,၀၀၀ ထုတ်လုပ်သွားရန် ရည်မှန်းထားကြောင်း မတ် ၁၀ ရက်ထုတ် အိန္ဒိယနိုင်ငံအခြေစိုက် Business Standard သတင်းစာက  ဖော်ပြခဲ့ပါတယ်။

ဂျပန်နိုင်ငံက ထိပ်တန်း ကုန်သွယ်ရေးကုမ္ပဏီဖြစ်သည့် Mitsui & Co Ltd နှင့် စင်ကာပူ အခြေစိုက် ဓါတုပစ္စည်းများ ဖြန့်ချိရေးကုမ္ပဏီဖြစ်သည့် Behn Meyer တို့ ဖက်စပ်လုပ်ကိုင်သည့် BMM-V ကုမ္ပဏီက မြန်မာ့ လယ်ယာထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေး အများပိုင်ကုမ္ပဏီ (MAPCO) နဲ့ ပူးပေါင်းပြီး Agri First Co. ကို တည်ထောင်သွားမှာ ဖြစ်ပါတယ်။ အဲဒီကုမ္ဗဏီကနေ ဓာတ်မြေသြဇာများ တင်သွင်း ဖြန့်ဖြူးခြင်းကိုလည်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

လယ်ယာစိုက်ပျိုးရေးကဏ္ဍဟာ မျှော်မှန်းထားသည်များထက် ဖွံ့ဖြိုးလာသောကြောင့် ဓါတ်မြေသြဇာ ဝယ်လိုအားများလည်း မြင့်တက်လာခဲ့တဲ့အတွက် ဝယ်လိုအားမှာ တန်ချိန်တစ်သန်းအား အနည်းငယ် ကျော်လွန်သွားတယ်လို့ မတ် ၁၀ ရက်က ထုတ်ပြန်တဲ့ ကြေညာချက်ထဲတွင် Mitsui & Co က ပြောကြားထားပါတယ်။

“ဒီပမာဏက လယ်ယာဧရိယာ တူညီပြီး စိုက်ပျိုးသီးနှံအမျိုးအစားတွေ တူညီတဲ့ ဗီယက်နမ်နဲ့ ထိုင်းနိုင်ငံတွေက ပမာဏတွေရဲ့ ငါးပုံတစ်ပုံနဲ့သာ ညီမျှတဲ့အတွက် ဓါတ်မြေသြဇာဝယ်လိုအားကလည်း တိုးလာမှာ ဖြစ်ပါတယ်”လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

“Behn Meyer ရဲ့ ဓါတ်မြေသြဇာ ဖြန့်ချိမှုနဲ့ ထုတ်လုပ်မှုတွေမှာ အတွေ့အကြုံရှိမှု၊ ကျွမ်းကျင်မှုနဲ့ မြန်မာနိုင်ငံအတွင်းက MAPCO ရဲ့ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းတွေ၊ Mitsui ရဲ့  ဈေးကွက်ကျွမ်းကျင်မှု၊ စာရင်းဇယား၊ ဘဏ္ဍာရေးတွေကို ပေါင်းစည်း လိုက်မယ်ဆိုရင် AFC ဟာ မြန်မာနိုင်ငံရဲ့ လယ်ယာစိုက်ပျိုးရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့ အကောင်းဆုံး ပံ့ပိုးနိုင်ပါလိမ့်မယ်” လို့ ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။

သတင်း- Frontier 

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.