ကြောင်လေးတွေ၊ ခွေးလေးတွေနဲ့ ဆော့ကစားနိုင်မယ့် ကော်ဖီဆိုင်လေးတွေ ရန်ကုန်မှာ ဖွင့်လှစ်လာ

နိုင်ငံတကာက Pet-café လို့ခေါ်တဲ့ အိမ်မွေးတိရိစ္ဆာန်လေးတွေ ထားရှိတဲ့ ကော်ဖီဆိုင်တွေဟာ တိုးတက်ပြောင်းလဲနေတဲ့ ရန်ကုန်မြို့အထိ ရောက်ရှိလို့လာပါပြီ။

– အေအက်ဖ်ပီ

အပြင်ဘက်မှာတော့ မိုးတွေက သည်းသည်းမဲမဲကို ရွာနေပါတယ်။ ဒါပေမယ့် တိရိစ္ဆာန်ချစ်သူတွေကတော့ ရန်ကုန်မြို့က ကော်ဖီဆိုင်နှစ်ဆိုင်ကြောင့် ဒီမုတ်သုံမိုးကနေ လွတ်မြောက်ခွင့်ရနေကြပါတယ်။ နိုင်ငံတကာက Pet-café လို့ခေါ်တဲ့ အိမ်မွေးတိရိစ္ဆာန်လေးတွေ ထားရှိတဲ့ ကော်ဖီဆိုင်တွေဟာ တိုးတက်ပြောင်းလဲနေတဲ့ ရန်ကုန်မြို့အထိ ရောက်ရှိလို့လာပါပြီ။

ရန်ကုန်မြို့က Catpuchino Café ထဲမှာတော့ ကြောင်လေးအကောင် တစ်ဒါဇင်လောက်ဟာ ဆိုင်ထဲမှာ ဟိုဟိုဒီဒီ လျောက်သွားနေကြပါတယ်။ တချို့က ခြင်းတောင်းတွေထဲကနေ ချောင်းကြည့်နေကြသလို တချို့ကတော့ ထိုင်ခုံတွေပေါ်မှာ အိပ်နေကြပါတယ်။ တချို့ကလည်း ဧည့်သည်တွေရဲ့ လက်ထဲမှာ ကြင်နာ ယုယမှုကို ခံယူနေကြပါတယ်။

ကူရှင်ခုံတစ်ခုပေါ်မှာတော့ ပန်းရောင်ဘောင်းဘီဝတ်ထားပြီး အမွှေးမပါတဲ့ sphynx အမျိုးအစား ခွေးလေးတစ်ကောင်က အခန့်သားထိုင်နေပါတယ်။ သူက အဲဒီမြင်ကွင်းတွေကို မပွင့်တပွင့်မျက်လုံးတွေနဲ့ အကဲခတ်နေပါတယ်။

“ကျွန်တော်ငယ်ငယ်ကတော့ အိမ်မှာ ကြောင်တွေ ရှိခဲ့ဖူးတယ်” လို့ အသက် ၂၃ နှစ်အရွယ် အားပေါက်က ကြောင်လေး လေးကောင်နဲ့ ဆော့ကစားနေရင်း ပြောပါတယ်။ “သူတို့ကို ချစ်တယ်” လို့လည်း သူက ဆက်ပြောပါတယ်။

000_r15wz.jpg

 title=

title=

အာရှရဲ့ မြို့တော်တွေဖြစ်တဲ့ တိုကျိုနဲ့ ဘန်ကောက်တို့မှာ ခေတ်စားပြီးသားဖြစ်တဲ့ ဒီကော်ဖီဆိုင်တွေဟာ ၂၀၁၁ ခုနှစ်မှာ စစ်အာဏာရှင်စနစ်အဆုံးသတ်သွားပြီးနောက်ပိုင်း မြန်မာနိုင်ငံကို နောက်ဆုံးဝင်ရောက်လာတဲ့ နိုင်ငံတကာ အလေ့အထတစ်ခုဖြစ်လာပါတယ်။ တိုးပွားလာတဲ့ လူလတ်တန်းစားနဲ့ နိုင်ငံခြားသားတွေအတွက် စီးပွားရေး မြို့တော်ဖြစ်တဲ့ ရန်ကုန်မြို့တစ်ခွင်မှာ ခေတ်ပေါ်ကော်ဖီဆိုင်တွေနဲ့ စားသောက်ဆိုင်တွေ အပြိုင်အဆိုင် ပေါ်ပေါက်လာပါတယ်။

မြို့တော်ရဲ့လမ်းတွေပေါ်မှာ ခွေးလေခွေးလွင့်နဲ့ ကြောင်တွေ လှည့်လည် သွားလာနေတာက မြင်တွေ့နေကြ မြင်ကွင်းတွေ ဖြစ်ပါတယ်။ ဒါပေမယ့် မြို့တော်နေ လူအနည်းငယ်ကပဲ သူတို့ရဲ့ အိမ်တွေမှာ အိမ်မွေးတိရိစ္ဆာန်တွေ မွေးမြူဖို့ အချိန်နဲ့ ငွေကြေး တတ်နိုင်ကြပါသေးတယ်။

မြို့တော်နေသူတွေရဲ့ နေ့စဉ်ဘဝ ဖိအားတွေကနေ သက်သာမှုပေးနိုင်မယ့် နေရာလေးတစ်ခုအဖြစ် ကြောင်လေးတွေ ထားရှိတဲ့ ကော်ဖီဆိုင်လေးတစ်ခုကို မပုလဲက ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်က ဖွင့်လှစ်ခဲ့ပါတယ်။

ခြေထောက်တိုတိုလေးတွေနဲ့ Munchkin ကြောင်လေးတွေ၊ အမွှေးဖွားဖွားနဲ့ Maine Coon အပြင် အကောင်ထွားတဲ့ American Shorthair တို့အပါအဝင် ကြောင်မျိုးစိတ် ၁၀ ခုက ကြောင် ၂၇ ကောင်ကို ကော်ဖီဆိုင်မှာ မွေးမြူထားပါတယ်။

“ကျွန်မ ကျောင်းမှာ၊ ဒါမှမဟုတ် အလုပ်မှာ စိတ်ဖိစီးမှုကြုံလာရတိုင်း ကြောင်လေးတွေနဲ့ ၁၅ မိနစ်၊ မိနစ် ၃၀ လောက် ဆော့ကစားလိုက်တယ်။ ဒါဆို ဖိစီးမှုတွေ မရှိတော့ဘူး” လို့ မပုလဲက အေအက်ဖ်ပီကို ပြောပါတယ်။

000_r15wx.jpg

 title=

title=

“ကြောင်လေးတွေဆီက ပြန်အချစ်ခံရဖို့က အတော်ခက်ပါတယ်။ ဒါပေမယ့် ကြောင်လေးတွေရဲ့ အချစ်ကို ပြန်ရပြီဆိုရင်လဲ ဒါက ဘာနဲ့မှ မလဲနိုင်ဘူး” လို့ သူက ဆက်ပြောပါတယ်။

မြို့တော်ရဲ့ အခြားတစ်ဖက်မှာတော့ အခြားဆိုင်တစ်ဆိုင်က ပုံစံတစ်မျိုးနဲ့ ပေါ်ပေါက်လာပြန်ပါတယ်။ Corgis၊ မျက်လုံးအပြာလေးတွေနဲ့ Huskies အပြင် အကောင်ကြီးမျိုးဖြစ်တဲ့ Malamute တို့က ဧည့်သည်တွေကို ရင်းနှီးစွာ ကြိုဆိုနေကြပါတယ်။

အသက် ၂၇ နှစ်ရှိပြီဖြစ်တဲ့ ပိုင်ရှင်ဖြစ်သူ ကိုထက်မြက်အောင်ကတော့ ဘန်ကောက်မှာရှိတဲ့ ဒီလို ကော်ဖီဆိုင်မျိုးကနေ စိတ်ကူးရခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

“ကိုယ်ပိုင်ခွေးမမွေးနိုင်ပေမယ့် ခွေးချစ်ကြတဲ့ ရန်ကုန်ကလူတွေအတွက် ဒီ ခွေးလေးတွေနဲ့ကော်ဖီဆိုင်ကို ဖွင့်ခဲ့တာပါ” လို့ သူက ပြောပါတယ်။

ခေါင်းစီးဓာတ်ပုံ- အေအက်ဖ်ပီ/ရဲအောင်သူ

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.