ကြားဖြတ်ရွေးကောက်ပွဲကို ကိုယ်စားလှယ် လစ်လပ်သည့်နေ့မှ သုံးလအတွင်း ကျင်းပနိုင်ရန် ဥပဒေ ပြင်ဆင်မည်

နေပြည်တော်၊ ဒီဇင်ဘာ ၈

ကြားဖြတ်ရွေးကောက်ပွဲကို ရွေးကောက်ပွဲကော်မရှင်က အခါအားလျော်စွာ ကျင်းပပေးရမည် ဟူသည့် လက်ရှိ ရွေးကောက်ပွဲ ဥပဒေသည် မဲဆန္ဒရှင် ပြည်သူတို့၏ အကျိုးစီးပွား အခွင့်အလမ်းများကို ထိခိုက်စေသဖြင့် ထိုဥပဒေ ပြင်ဆင်သည့် ဥပဒေကြမ်းကို ယနေ့ပြည်သူ့လွှတ်တော် ၁၃ ကြိမ်မြောက် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် လွှတ်တော်အခွင့်အရေး ကော်မတီက တင်သွင်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပြည်ထောင်စုလွှတ်တော် ရွေးကောက်ပွဲကော်မရှင်ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း၊  ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး ပြည်နယ်လွှတ်တော် ဥပဒေများကို ပြင်ဆင်သည့် ဥပဒေကြမ်းများကို ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ၏ တွေ့ရှိချက် အစီရင်ခံစာတွင် ထိုသို့ ပြင်ဆင်ဖြည့်စွက်ချက်မှာ ကျိုးကြောင်း ဆီလျော်မှု ရှိပါသဖြင့် လက်ခံဆွေးနွေးသင့်ကြောင်း သုံးသပ် အကြံပြုထားသည်။

ထိုပြင်ဆင်ချက် ဥပဒေကြမ်းကို လွှတ်တော်က ဆွေးနွေးရန် လက်ခံလိုက်ပြီး လွှတ်တော်ကိုယ်စားလှယ်များက လည်း တစ်ပတ်အတွင်း ဆွေးနွေးကြမည်ဖြစ်သည်။

လစ်လပ်အမတ် နေရာများအတွက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးရန် ယမန်နှစ် လွှတ်တော်အစည်းအဝေးများတွင် ကိုယ်စားလှယ်တို့က မေးခွန်းများဖြင့်လည်းကောင်း၊ အဆိုတင်သွင်းမှုများဖြင့်လည်းကောင်း တင်သွင်း တောင်းဆိုခဲ့ကြသောကြောင့် ယခု ပြင်ဆင်ချက် ဥပဒေမှာ ထောက်ခံဆွေးနွေးသူ များပြားနိုင်ပြီး လွှတ်တော်က အတည်ပြုပေးနိုင်လိမ့်မည်ဟု အမတ်အများစုက ယုံကြည်မျှော်လင့်လျက်ရှိသည်။

သတင်း – စိုးသန်းလင်း

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.