ကျေးလက်ရှိ လူ ငါးသောင်းခန့်အတွက် အလင်းရောင်ပေးနိုင်ပြီဟု စင်ကာပူဆိုလာကုမ္ပဏီ ကြေညာ

အရှေ့တောင်အာရှဒေသရှိ လျှပ်စစ်မီး မရရှိသေးသည့် အိမ်ထောင်စုများအတွက် Pay As You Go ငွေပေးချေမှုစနစ်ကို မိတ်ဆက်လိုက်သည့် စင်ကာပူကုမ္ပဏီက မြန်မာနိုင်ငံ ကျေးလက်ဒေသများရှိ အိမ်ထောင်စု ၁,၀၀၀ ကျော်အတွက် လျှပ်စစ်မီး ပံ့ပိုးပေးနိုင်ခဲ့သည်ဟု ကြေညာလိုက်သည်။

ရေရှည်ငွေပေးချေမှု (လစဉ်ကျသလောက်ပေး၍ အပိုင်ရရှိခြင်း) ပုံစံဖြင့် ကျေးလက်နေပြည်သူများသို့ သင့်တင့်သော နှုန်းထားဖြင့် ပြန်လည်ပြည့်မြဲ စွမ်းအင်ကို ယူဆောင်လာခြင်းဖြင့် SolarHome သည် မြန်မာနိုင်ငံမှ အခြေခံလူတန်းစားများ၏ နေထိုင်မှုအဆင့်အတန်း ပိုမိုကောင်းမွန်အောင် ပံ့ပိုးရေးနိုင်ရန် ရည်ရွယ်ထားသည် နိုဝင်ဘာ ၂၇ ရက်နေ့က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်းတို့၏ ဆိုလာအိမ်သုံးစနစ်ကို ရယူထားသည့် အိမ်ထောင်စုပေါင်း ၁,၀၀၀ ကျော်မှာ ပြည်လည်ပြည့်မြဲ စွမ်းအင်ဖြင့် လူဦးရေ ၄၉,၀၀၀ ကို အလင်းရောင်ပေးနေသည်နှင့် ညီမျှသည်ဟုလည်း ဆက်လက် ဖော်ပြထားသည်။

ထို့ကြောင့် ကလေးငယ် ၁,၆၇၀ ဦးမှာ စာကျက်ချိန်ပိုမိုရရှိလာခြင်း၊ ကျေးလက်ရှိ ဈေးဆိုင် ၂၀၀ မှ ဆိုင်ပိုင်ရှင်များ ဆိုင်ဖွင့်ချိန် ပိုမိုရရှိလာခြင်းနှင့် ရေလုပ်သား ၁၂၀ မှာ SolarHome စနစ်ဖြင့် ငါးဖမ်းရာတွင် အသုံးပြုသည့် လျှပ်စစ်မီးများ အားသွင်းနိုင်မှုကြောင့် ညအချိန်တွင် အလုပ်လုပ်နိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိကြသည်ဟု ဆိုသည်။

“SolarHome က လာမည့်နှစ်အတွင်း မြန်မာနိုင်ငံက အိမ်ထောင်စုပေါင်း ၄၀,၀၀၀ ကျော်ကို သင့်တင့်မျှတတဲ့ ဈေးနှုန်းနဲ့ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်တွေ ယူဆောင်ပေးနိုင်ဖို့ စီစဉ်ထားပါတယ်။ အလင်းရောင်လိုအပ်နေတဲ့ မိသားစုတွေအတွက် လိုအပ်တဲ့ လျှပ်စစ်မီး ပံ့ပိုးပေးရုံတင်မကဘူး သူတို့ရဲ့ လူနေမှုအဆင့်အတန်းတွေ ပိုမိုတိုးတက်လာနိုင်မှာဖြစ်တဲ့အတွက် ကျွန်မတို့ စိတ်လှုပ်ရှား ပျော်ရွှင်မိပါတယ်” ဟု SolarHome ၏ ဒုတိယ စီအီးအိုဖြစ်သူ Mila Bedrenets က ပြောကြားသည်။

ယခင်က တစ်လလျှင် အိမ်ထောင်စုပေါင်း ၁၀၀ ခန့်ကိုသာ စက်ပစ္စည်းများ တပ်ဆင်ပေးနိုင်ခဲ့ရာမှ နောက်ပိုင်းတွင် လစဉ် အိမ်ထောင်စုပေါင်း ၅၀၀ ကျော်ကို SolarHome ၏ စက်ပစ္စည်းများ တပ်ဆင်ကာ အလင်းရောင်ပေးနိုင်ခဲ့သည်ဟု သိသရသည်။ ယခုအခါ ဧရာဝတီတိုင်းဒေသကြီးတွင် အရောင်းဝန်ထမ်းနှင့် စက်ပစ္စည်းတပ်ဆင်သူ ၅၀ ကျော်ဖြင့် ရုံးခွဲငါးခုဖွင့်လှစ်ကာ ဝန်ဆောင်မှု ပေးနေသည်။

အရှေ့တောင်အာရှဒေသတွင် လျှပ်စစ်မီးမရရှိသူ ၂၇ သန်းခန့်ရှိနေပြီး ၎င်းတို့အတွက် အလင်းရောင် ပံ့ပိုးပေးခြင်းဖြင့် လူနေမှုအဆင့်အတန်း မြင့်မားလာစေရန် SolarHome က ရည်ရွယ်ထားသည်။ SolarHome သည် စင်ကာပူနိုင်ငံတွင် အခြေစိုက်ပြီး မြန်မာနိုင်ငံတွင် လုပ်ငန်းများ ဆောင်ရွက်နေခြင်းဖြစ်ကာ စင်ကာပူအခြေစိုက် Forum Capital ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီက ငွေကြေးပိုင်းဆိုင်ရာ အဓိက ရင်းနှီးမြှုပ်နှံထားသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.