ကျောင်းသူကျောင်းသားနှင့် လူငယ်များအတွက် Career Gallery ကျင်းပမည်

တက္ကသိုလ်ကျောင်းသား ကျောင်းသူများနှင့် အလုပ်လုပ်သည့် လူငယ်များအနေဖြင့် မြန်မာနိုင်ငံ၏ အထင်ကရ စီးပွားရေးပညာရှင်များနှင့် လူမှုကွန်ရက်တွင် သြဇာလွှမ်းမိုးသူများထံမှ  အကြံပေး လမ်းညွှန်မှုများ ရယူနိုင်မည့် Career Gallery ကို ဖေဖော်ဝါရီ ၃ ရက်နေ့တွင် ကျင်းပမည်ဟု စီစဉ်သူများက ပြောကြားသည်။

အဆိုပါပွဲကို မြန်မာလူငယ်များအား အလုပ်အကိုင်နှင့်ပတ်သက်၍ ဆွေးနွေးလမ်းညွှန်ပေးသော အဖွဲ့အစည်းတစ်ခုဖြစ်သည့် WyneeMyanmar.com က စီစဉ်ခြင်းဖြစ်ကာ ရန်ကုန်မြို့၊ အလုံမြို့နယ်ရှိ Thalun International School တွင် အခမဲ့ ကျင်းပရန် စီစဉ်ထားသည်။

“Career Gallery ဟာ ရန်ကုန်မှာရှိတဲ့ တက္ကသိုလ် ကျောင်းသားကျောင်းသူတွေ လက်တွေ့ကျကျက စူးစမ်းလေ့လာတဲ့ ပုံစံမျိုးနဲ့ ဘယ်လို အလုပ်အကိုင်အခွင့်အလမ်းတွေ ရှိလဲဆိုတာကို ပြသမယ့် ပွဲလေးဖြစ်ပါတယ်” ဟု WyneeMyanmar.com ၏ တည်ထောင်သူ မဂျက်စီကာအောင်က ပြောသည်။

ပွဲတွင် နယ်ပယ်အသီးသီ၌ အောင်မြင်ကျော်ကြား၍ လူသိများထင်ရှားသူများစွာ လာရောက် ဟောပြောမည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နာမည်ကျော် မော်ဒယ်တစ်ဦးဖြစ်သူ မသန္တာလှိုင်က ၎င်း၏ ဖက်ရှင်နှင့် ရုပ်မြင်သံကြားလုပ်ငန်းများ အောင်မြင်စေရန်အတွက် မိမိကိုယ်ပိုင်အရည်အချင်းအား အသုံးပြုကာ မိမိကိုယ်ကို brand တစ်ခုဖြစ်အောင် မည်သို့ပြုလုပ်ရမည်ကို ဦးစွာရှင်းလင်းပြောကြားမည်ဖြစ်သည်။

ထို့နောက် လူငယ်များအနေဖြင့် အဆိုတော် ချမ်းချမ်းက ၎င်း၏ ဘဝအချိုးအကွေ့များအကြောင်း အားတက်ဖွယ် နားထောင်ခွင့်ရရှိကြမည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

အခြားဟောပြောသူများဖြစ်သည့် Yoma Strategic Holdings ၏ Head of CSR ဖြစ်သူ Martin Pun၊ Mango Group အား ပူးတွဲတည်ထောင်သူ မရို့စ်ဆွေနှင့် ယူနိုက်တက်အမရဘဏ်၏ ဒုတိယအမှုဆောင်အရာရှိချုပ်ဖြစ်သူ မကျော့ကေခိုင်တို့လည်း တက်ရောက်ကြမည်ဖြစ်သည်။

“ကျောင်းသားကျောင်းသူတွေအနေနဲ့ panel discussion မှာ ဝင်ရောက်ဆွေးနွေးတာအပြင် interactive breakout sessions ဆိုတဲ့ အဖွဲ့ခွဲပြီးတော့ သူတို့ သင့်လျော်တဲ့ လုပ်ငန်းခွင်တစ်ခုကို ဝင်နိုင်ဖို့ တွေ့ရမယ့်

အခက်အခဲတွေကိုလည်း ဆွေးနွေးပြောဆိုခွင့်တွေ ရှိမှာလည်း ဖြစ်ပါတယ်” ဟု မဂျက်စီကာအောင်က ပြောသည်။

တက်ရောက်လိုသူများအနေဖြင့် www.wyneemyanmar.com/events/careergallery တွင် စာရင်းပေးသွင်းနိုင်မည်ဖြစ်သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.