ကျောင်းသားကျောင်းသူများနှင့် လုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးနိုင်မည့်ပွဲ ကျင်းပမည်

ရန်ကုန်၊ သြဂုတ် ၁၆

ကျောင်းသားကျောင်းသူများအနေနဲ့ သူတို့ရဲ့ အနာဂတ်အလုပ်အကိုင်များ ရွေးချယ်နိုင်ရန်အတွက် စီးပွားရေးလုပ်ငန်းရှင်တွေ၊ ပညာရှင်တွေနဲ့ တွေ့ဆုံဆွေးနွေးနိုင်မယ့် ပွဲတစ်ခုကို သြဂုတ် ၁၉ ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ထားပါတယ်။

Human Library လို့ အမည်ပေးထားတဲ့ ဒီပွဲမှာ တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေဟာ အနာဂတ် အလုပ်အကိုင်တွေအတွက် ပညာရေး၊ ကွန်ပြူတာနည်းပညာ၊ စာရင်းအင်းနဲ့ ဘဏ္ဍာရေးဆိုင်ရာစတဲ့ နယ်ပယ် ၇ ခုက ကျွမ်းကျင်ပညာရှင်တွေနဲ့ ကိုယ်တိုင်ကိုယ်ကျ အတူတကွ ဆွေးနွေးနိုင်မှာ ဖြစ်ပါတယ်။

မြန်မာလူငယ်တွေ အလုပ်အကိုင်ရွေးချယ်မှုအတွက် အကျိုးပြုနေတဲ့ လူမှုအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ WyneeMyanmar.com က ပရဟိတလုပ်ဆောင်နေတဲ့ လူငယ်တွေက ဒီပွဲကို ဦးစီးကျင်းပတာလည်း ဖြစ်ပါတယ်။

WyneeMyanmar.com ကို တည်ထောင်သူတစ်ဦးဖြစ်တဲ့ Jessica Ma Thiri Aung က “Human Library ဟာ ကျောင်းသူကျောင်းသားများ ဘဝပုံစံဖြစ်တည်မှုနဲ့ မှန်ကန်သောအလုပ်အကိုင် လမ်းကြောင်းကို ရွေးချယ်ရာမှာ စတင်အကောင်အထည်ဖော်နိုင်စေဖို့ ကျင်းပတာဖြစ်ပါတယ်” လို့ပြောပါတယ်။

ကျောင်းသားကျောင်းသူတွေအနေနဲ့ ခက်ခဲတဲ့ ဘယ်လိုမေးခွန်းမျိုးတွေကိုမဆို မေးမြန်းနိုင်မှာဖြစ်ပြီး မေးခွန်းများအားလုံးကို အလုံးစုံဖြေကြားပေးမှာဖြစ်သလို ကျွမ်းကျင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ပညာရှင်တွေနဲ့ စိတ်ကြိုက်နှီးနှောဖလှယ်နိုင်ကြမှာဖြစ်တယ်လို့လည်း သူမက ပြောပါတယ်။

ရန်ကုန် နိုင်ငံခြားဘာသာတက္တသိုလ်မှ နိုင်ငံခြားကျောင်းသားတွေနဲ့ မြန်မာကျောင်းသားတွေ ပူးပေါင်းတည်ထောင်ထားတဲ့ M-Link ခေါ် ကျောင်းသားများ ဦးဆောင်တဲ့ အဖွဲ့အစည်းကလည်း ဒီပွဲဖြစ်မြောက်ဖို့ ပူးပေါင်းပါဝင်ခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်မှာ မြန်မာဘာသာကို လက်ရှိသင်ယူနေသလို M-Link တည်ထောက်သူတစ်ဦးလည်းဖြစ်တဲ့ ဂျပန်လူမျိုး Akira Sato က “ကျောင်းသားကျောင်းသူတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကြား ဆွေးနွေးဖလှယ်မှုမျိုးကို မြန်မာနိုင်ငံမှာ ကျွန်တော်မတွေ့ဘူးသလောက်ကို ရှားပါးပါတယ်။ ကျွန်တော်လာခဲ့တဲ့ နိုင်ငံမှာဆိုရင် ကျောင်းသားတွေဟာ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ အလွယ်တကူ တွေ့ဆုံနိုင်ပြီး သူတို့ စိတ်ဝင်စားတဲ့ SPIC ၏ မြန်မာနိုင်ငံဆိုင်ရာ လက်အောက်ခံ ကုမ္ပဏီတွေရဲ့ အချက်အလက်တွေကို လေ့လာစုဆောင်းနိုင်ကြပါတယ်” လို့ ပြောကြားသည်။

“ကျောင်းသူကျောင်းသားတွေနဲ့ လုပ်ငန်းရှင်တွေအကြား ဆွေးနွေးဖလှယ်မှုဟာ ကျောင်းသားကျောင်းသားတွေအတွက် ခိုင်လုံတဲ့အနာဂတ် အလုပ်အကိုင်ကို ပုံဖော်ပေးနိုင်မယ့်အပြင် မှန်ကန်တဲ့ စံနမူနာယူထိုက်သူ ပညာရှင်ကိုလည်း ရှာတွေ့နိုင်မှာဖြစ်ပါတယ်။ စံနမူနာယူထိုက်သူ တစ်ဦးရှိခြင်းဟာ အရေးပါပါတယ်။ ဘာကြောင့်လည်းဆိုတော့ သူက သင့်အတွက် ပန်းတိုင်နဲ့ အိပ်မက်တွေအကြောင်း တိတိကျကျနဲ့ ရှင်းရှင်းလင်းလင်း စဉ်းစားနိုင်ဖို့ လမ်းပြပေးနိုင်လို့ ဖြစ်ပါတယ်” လို့ သူကပြောပါတယ်။

“စံနမူနာယူထိုက်သူ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ကျောင်းသူကျောင်းသားတွေအကြား ထိတွေ့ဆက်ဆံမှုကို ဖန်တီးပေးလိုက်ခြင်းဟာ မြန်မာနိုင်ငံရဲ့ အနာဂတ် လူငယ်လူရွယ်တွေအတွက် အလွန်အရေးကြီးပါတယ်။ ကျွန်တော်တို့ Human Library က ထိုကဲ့သို့ ဆက်နွယ်မှုမျိုးကို ဖန်တီးပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်” လို့လည်း သူကပြောပါတယ်။

ထိုတွေ့ဆုံပွဲကို ရန်ကုန်မြို့လယ်က Sule Square မှာ ဖွင့်လှစ်ထားတဲ့ Hintha Business Centre ရုံးခွဲမှာ နံနက် ၉ နာရီခွဲကနေ မွန်းတည့် ၁၂ နာရီအထိ ကျင်းပသွားမှာဖြစ်ပါတယ်။

တက်ရောက်လိုတဲ့ ကျောင်းသူကျောင်းသားတွေအနေနဲ့ ဒီဝက်ဘ်ဆိုက်လင့်ခ်ကနေ မှတ်ပုံတင်နိုင်တယ်လို့ သိရပါတယ်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.