ကျူးကျော် ဘုန်းတော်ကြီးကျောင်းများကို သံဃာအဖွဲ့အစည်းများက ဦးဆောင်ဖယ်ရှားမည်

သင့်တင့် လျောက်ပတ်သည့် နေရာတွင် မရှိပဲ ကျူးကျော်ဆောက်လုပ်ထားသည့် ဘုန်းတော်ကြီးကျောင်းများကို သံဃာအဖွဲ့အဆင့်ဆင့်က ဦးဆောင်ကာ ဖယ်ရှားနိုင်ရေးအတွက် စက်တင်ဘာ ၂၀ ရက်နေ့က ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး သံဃာဂိုဏ်းပေါင်းစုံ အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြသည်။

“ကျူးကျော်ကျောင်းဟူသည့် အဓိပ္ပါယ်ကို သံဃာ့အဖွဲ့အစည်းတွေက သတ်မှတ်ပေးတာဖြစ်ပြီး ဓမ္မစက်နဲ့ ဖြေရှင်းလို့မရပါက တာဝန်ပေးချက်အရ အာဏာစက်ဖြင့် ဖယ်ရှားနိုင်ရေး ရှင်းလင်းတင်ပြပါတယ်” ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုက ဆွေးနွေးခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးရှိ ဘုန်းတော်ကြီးကျောင်း ၆,၀၀၀ ကျော်တွင် ရဟန်းသာမဏေ ရှစ်သောင်းကျော် သီတင်းသုံး နေထိုင်ကြကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ အချက်အလက်များအရ သိရသည်။

ယင်းဘုန်းကြီးကျောင်းများအနက် သင်တင့်လျောက်ပက်သည့် နေရာများတွင် မရှိပဲ၊ ကျူးကျော်ဆောက်လုပ် ထားသည့် ဘုန်းကြီးကျောင်း ၁၈၅ ကျောင်းအထိရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး မူလဒွါရဂိုဏ်း ဥက္ကဠ ဦးသုမနက မိန့်ကြားသည်။

အစိုးရသစ်လက်ထက်တွင် မည်သည့် ကျူးကျော်ကျောင်းများကိုမျှ ဖျက်သိမ်းခြင်း မရှိသော်သော်လည်း ပြီးခဲ့သည့် အစိုးရလက်ထက် ၂၀၁၄ နှင့် ၂၀၁၅ ခုနှစ်အတွင်း ရန်ကုန်ရှိတွင် ၁၃၇ ကျောင်း၊ နေပြည်တော်တွင် ၂၈ ကျောင်းနှင့် အခြားတိုင်းနှင့် ပြည်နယ်များရှိ ကျူးကျော်ကျောင်း ၈၆ ကျောင်းတို့ကို ဖယ်ရှား ရှင်းလင်းခဲ့သည်ဟု သူရဦးအောင်ကိုက ဆိုသည်။

ကျူးကျော်ကျောင်းများ ရှင်းလင်းရေးအပြင် ဘာသာအချင်းချင်း အမုန်းပွားစေနိုင်သည့်စကားများကို လူမှုကွန်ယက် စာမျက်နှာများတွင် ရဟန်းသံဃာတော်များကိုယ်တိုင် ရေးသားဖြန့်ဝေနေသည့် မကြည်ညိုဖွယ်ရာဆောင်သော ပြုမှုလုပ်ကိုင်မှုများကိုပါ သံဃာစည်းမျဉ်းများဖြင့် အရေးယူနိုင်ရေး ဆွေးနွေးရန်ကြရန် ဦးသုမနက မိန့်ကြားခဲ့သည်။

သတင်း-ဟိန်းကိုစိုး

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar