ကုန်းကျော်တံတားများအောက်တွင် အများပြည်သူအတွက် အကျိုးရှိစေမည့် နေရာများအဖြစ် ပြောင်းလဲရန် စီစဉ်နေ

ရန်ကုန်မြို့၊ ကုန်းကျော်တံတားများ၏ အောက်ဘက်တွင် ရှိနေသည့် နေရာလွတ်များကို အများပြည်သူအတွက် အကျိုးရှိစေမည့် နေရာများအဖြစ် ဖန်တီးပြောင်းလဲသွားရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရနှင့် ပြင်သစ်သံရုံးတို့ ပူပေါင်းစီစဉ်နေသည်ဟု သိရသည်။

ရန်ကုန်မြို့တွင် ကုန်းကျော်တံတားခြောက်ခုရှိပြီး အဆိုပါတံတားများ၏ အောက်ဘက်ရှိ နေရာလွတ်များအား သံပန်းနှင့်သံဇကာများဖြင့် ကာရံထားလေ့ရှိသည်။

ယခုအခါ ထိုနေရာများကို အများပြည်သူများ ခေတ္တအပန်းဖြေနိုင်ရန် ခုံတန်းများ၊ ဘောလုံးကွင်း အငယ်စားများ၊ ခြင်းခတ်ခြင်းကဲ့သို့ အားကစားပြုလုပ်ရန်နေရာများ၊ လူငယ်အနုပညာရှင်များအတွက် ပွဲများပြုလုပ်နိုင်မည့်နေရာများ၊ ခန်းမစရိတ် ကုန်ကျစရာမလိုပဲ ပန်းချီပြပွဲနှင့် ဓာတ်ပုံပြပွဲများ ပြုလုပ်နိုင်မည့်နေရာများ၊ အသေးစား ဈေးဆိုင်လေးများအပြင်၊ မြို့လယ်ခေါင် တောအုပ်ငယ်လေးအဖြစ် သစ်ပင်များစိုက်ပျိုးကာ စိမ်းလန်းသောနေရာများအဖြစ် ဖန်တီးသွားမည်ဖြစ်သည်။

“ကျွန်တော်တို့အနေနဲ့ ရန်ကုန်မြို့ လူစည်ကားရာနေရာတွေမှာရှိတယ်လို့ဆိုနိုင်တဲ့ ကုန်းကျော်တံတားတွေအောက်က နေရာလွတ်တွေကို ရန်ကုန်မြို့နေပြည်သူတွေအတွက် အသုံးမယ့်နေရာတွေအဖြစ် ဖန်တီးပေးချင်လို့ပဲ ဖြစ်ပါတယ်။ မြို့သူမြို့သားတွေကို ဒီနေရာတွေက သူတို့ပိုင်ဆိုင်တဲ့နေရာတွေဖြစ်ပြီး သူတို့ကို ဒီနေရာလေးတွေကို ပေးအပ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မြေနီကုန်း ကုန်းကျာ်တံတား အနုညာစီမံကိန်းကို ဖန်တီးရခြင်းဖြစ်ပါတယ်”ဟု ရန်ကုန်မြို့ရှိ ပြင်သစ်ယဉ်ကျေးမှုဌာန၏ ဒါရိုက်တာဖြစ်သူ Charles Bonhomme က ပြောကြားသည်။

ပထမဆုံး စံပြစီမံကိန်းအနေဖြင့် မြေနီကုန်းကုန်းကျော်တံတား အနုပညာစီမံကိန်းအား ပထမဆုံး ဖန်တီးနေပြီး ရန်ကုန်မြို့ရှိ အခြားသော ကုန်းကျော်တံတားများဖြစ်သည့် ပန်းဆိုးတန်း၊ ရွှေဂုံတိုင်၊ လှည်းတန်း၊ တာမွေနှင့် ရှစ်မိုင်ကုန်းကျော်တံတားများတွင်လည်း ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်သည်။

အဆိုပါ စီမံကိန်းသည် ပြင်သစ်-မြန်မာ ယဉ်ကျေးမှုဖလှယ်ခြင်း ၅၅ နှစ်ပြည့် အထိမ်းအမှတ် အဖြစ်ကျင်းပမည့် “မင်္ဂလာပါ” အနုပညာပွဲတော်၏ ကဏ္ဍတစ်ရပ်အနေဖြင့် ဆောင်ရွက်ခြင်းလည်း ဖြစ်သည်။

“မင်္ဂလာပါ” အနုပညာပွဲတော်ကို ပြင်သစ်သံရုံးက အမေရိကန်ဒေါ်လာတစ်သိန်းတစ်သောင်း ထည့်ဝင်ကာ ပြည်တွင်းပြည်ပမှ ကူညီပံ့ပိုးပေးသူများ၏ အထောက်အပံ့များ ပေါင်းစပ်ကာ စုစုပေါင်း ဒေါ်လာ တစ်သိန်းရှစ်သောင်းခန့် အကုန်အကျခံပြီး ရန်ကုန်မြို့တွင် ဒီဇင်ဘာ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ သုံးရက်ကြာ ကျင်းပသွားမည်ဖြစ်သည်။

ထိုပွဲတော်တွင် မြန်မာနိုင်ငံနှင့် ပြင်သစ်နိုင်ငံမှ အနုပညာရှင်များတွဲဖက်၍ တေးဂီတဖျော်ဖြေပွဲ၊ ဆပ်ကပ်ပွဲ၊ အကအလှများအပါအဝင် သရုပ်ဖော်တင်ဆက်မှုများစွာကို မဟာဗန္စုလပန်းခြံ၊ ပြည်သူ့ရင်ပြင်၊ ဝါးတန်းဆိပ်ကမ်းနှင့် ဒလမြို့များတွင် စီတန်းလှည့်လည် ကျင်းပသွားမည်ဖြစ်သည်။ ပွဲ၏ အဓိကဇာတ်ကောင်အဖြစ် မြန်မာနိုင်ငံနှင့် ပြင်သစ်နိုင်ငံ ကိုယ်စားပြု ဧရာမရုပ်သေးရုပ်နှစ်ရုပ်ကြီးကို ရန်ကုန်မြို့တစ်ခွင်တွင် တိုက်ရိုက်သရုပ်ဖော်တင်ဆက်မှုများနှင့်အတူ စီတန်း လှည့်လည် ပြသသွားမည်ဖြစ်သည်။

“နောက်နှစ်အနည်းငယ်အတွင်းမှာ အရှိန်အဟုန်နဲ့ တိုးတက်လာမယ့် ရန်ကုန်မြို့ရဲ့ ဖွံ့ဖြိုးမှုအစ ဒီလိုကာလလေးမှာ ပြည်သူတွေအနေနဲ့ အမြဲအမှတ်ရနေမယ့် နိုင်ငံတကာအဆင့်မီ အနုပညာ ပွဲတော်တစ်ခုကို ရန်ကုန်မြို့နေပြည်သူတွေအတွက် ဖန်တီးပေးချင်တဲ့ ရည်ရွယ်ချက်ပဲ ရှိပါတယ်။ ပြည်သူတွေအနေနဲ့ ဒီပွဲတော်ကို လာရောက်ဆင်နွှဲဖြစ်အောင် ဆင်နွှဲဖို့ ဖိတ်ခေါ်ချင်ပါတယ်” ဟု ပြင်သစ်သံရုံး၏ ယဉ်ကျေးမှုဆိုင်ရာသံတမန် Sebastian က ပြောကြားသည်။

သတင်း-ဖြိုးသီရိသူ

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar