ကန်ပိုက်တည်အား အပြည်ပြည်ဆိုင်ရာဝင်ပေါက်ဂိတ်အဖြစ် သတ်မှတ်ပေးရန် တင်ပြ

ကချင်ပြည်နယ်ရှိ ကန်ပိုက်တည် နယ်စပ်ဂိတ်အား အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်ဂိတ်အဖြစ် သတ်မှတ်ပေးရန် ကချင်ပြည်နယ်၊ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမော်ဦးက ဒုတိယသမ္မတထံ တင်ပြခဲ့သည်။ 

အောက်တိုဘာ ၂၈ ရက်နေ့က ရန်ကုန်မြို့တွင် ကျင်းပသည့် ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သော ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် ပုဂ္ဂလိကကဏ္ဍကိုယ်စားလှယ်များ လစဉ်ပုံမှန်တွေ့ဆုံပွဲတွင် ၎င်းက တင်ပြခဲ့ခြင်း ဖြစ်သည်။ 

ကန်ပိုက်တည် နယ်စပ်ဂိတ်သည် တရုတ်နိုင်ငံ ထိန်ချုံးမြို့ ဟိုက်ကျိထန်ဂိတ်နှင့် နယ်စပ် ဆက်သွယ်ရေးဂိတ် ဖြစ်ကြောင်း၊ ထိန်ချုံးခရိုင် အစိုးရသည် ဟိုက်ကျိထန်ဂိတ်ကို အပြည်ပြည်ဆိုင်ရာဂိတ်အဖြစ်နှင့် လေဆိပ်ကိုလည်း အပြည်ပြည်ဆိုင်ရာလေဆိပ်အဖြစ် မြှင့်တင်ဆောင်ရွက်လျှက်ရှိပြီး ထိန်ချုံးမှ ဟိုက်ကျိထန်ဂိတ်သို့ အဆင့်မြင့်လမ်းမ ဖောက်လုပ်နေသည်ဟု ဦးမော်ဦးက ပြောကြားသည်။ ထိန်ချုံးခရိုင်သို့ နှစ်စဉ်ခရီးသွားဧည့်သည် ၁၀ သန်း လာရောက်လည်ပတ်နေရာ ထိုအထဲမှ ကချင်ပြည်နယ်သို့ ဧည့်သည် ၂ သန်း လာရောက်လည်ပတ်လျှင်ပင် ပြည်နယ်၏ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာနိုင်သည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။ 

ထို့ကြောင့် ကန်ပိုက်တည် နယ်စပ်ဂိတ်အား အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်ဂိတ်အဖြစ် သတ်မှတ်ကာ Border Pass (နယ်စပ်ဖြတ်ကျော်ခွင့်) အဆင့်သာမက ပြည်ဝင်ခွင့် (ဗီဇာ) များ ထုတ်ပေးရန်နှင့် Border Pass လက်မှတ်သာ ထုတ်ပေးကာ ဝိုင်းမော်မြို့အထိသာ သွားရောက်ခွင့်ပြုထားခြင်းအား ဖြေလျှော့ပေးရန် ဦးမော်ဦးက ပြောကြားခဲ့သည်။ 

ယခုနှစ် ဇန်နဝါရီလမှ သြဂုတ်လကုန်အထိ မြန်မာနိုင်ငံသို့ နိုင်ငံခြားခရီးသည် ၂ ဒသမ ၈ သန်းလာရောက်ခဲ့သည့်အနက် ၁ ဒသမ ၄၂ သန်းမှာ ထိုင်းနှင့် တရုတ်နိုင်ငံတို့နှင့် ထိစပ်နေသည့် နယ်စပ်ဝင်ပေါက်များမှ လာရောက်လည်ပတ်ကြသူများ ဖြစ်ကြသည်။ 

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.